AD
AD
AD

in-display fingerprint ကို ပထမဆုံး စတင်သုံးပြခဲ့တဲ့ Vivo ဟာ နောက်ထွက် mid-range စီးရီးမော်ဒယ်တစ်ခုမှာလည်း ဒီနည်းပညာကို သုံးပြီး ဈေးကွက်နဲ့ မိတ်ဆက်သွားတော့မှာပါ။

play

 

တရုတ်ဈေးကွက်မှာ စတင်မိတ်ဆက်သွားမယ့် Vivo X21 ဟာ အရင်ထွက်ထားတဲ့ Vivo X20 Plus UD မော်ဒယ်လိုပဲ Synaptics ရဲ့ ဆန်းသစ်တဲ့ biometrics နည်းပညာဖြစ်တဲ့ မှန်ပြင်အောက် လက်ဗွေစနစ်ကို အသုံးပြုသွားမှာ ဖြစ်ပြီး hardware specs အနေနဲ့ mid-range အလတ်စားပဲ သုံးသွားမှာ ဖြစ်ပါတယ်။ မျက်နှာပြင်အရွယ်အစားနဲ့ သုံးသွးမယ့် display အကြောင်းမသိရသေးပေမယ့် under-display ကို သုံးမှာ ဖြစ်လို့ OLED display အမျိုးအစားဖြစ်မှာပါ။

 mid-range တန်းဝင် ဒီဖုန်းဟာ processor ကိုတော့ Snapdragon 670 chipset ကို သုံးသွားမှာပါ။ processor အနေနဲ့ နောက်ဆုံးထွက် Qualcomm chipset ကို မသုံးနိုင်ပေမယ့် အရင် X20 Plus UD မော်ဒယ်မှာ သုံးခဲ့တဲ့ 2.2 GHz octa-core Snapdragon 660 SoC ထက်တော့ ပိုမြန်ဖို့ ရှိပါတယ်။

 

Vivo X21 ဟာ RAM ပမာဏကို အနိမ့်ဆုံး 4GB ကနေ အမြင့်ဆုံး 6GB အထိ သုံးသွားမယ်လို့ သတင်းထွက်နေပါတယ်။ ကင်မရာစနစ်အကြောင်း မသိရသေးသလို တစ်ခြား ဘက်ထရီနဲ့ သုံးမယ့် Android ဗားရှင်းအကြောင်းလည်း သတင်းမသိရသေးပါဘူး။ Vivo X21 မိတ်ဆက်ပြီး မတ်လ ၂၇ ရက်နေ့ မှာ Vivo V9 မော်ဒယ်တစ်မျိုးကို ထပ်မိတ်ဆက်သွားမှာပါ။ ဒီမော်ဒယ်ကတော့ 24MP ဆယ်လ်ဖီ ၊ ကျောဘက် dual camera ၊ iPhone X စတိုင် notch နဲ့ လာမှာဖြစ်ပါတယ်။

play

 

ဒီဖုန်းတွေရဲ့ ဈေးနှုန်းကို မသိရသေးပေမယ့် သိပ်မကြာခင် ကြားသိရတော့မှာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD