မြန်မာငွေ ၅ သိန်းခွဲကျော် ဈေးနဲ့ရောင်းချသွားမှာပါ

မေလထဲမှာ ကာလာ  ၃ မျိုးနဲ့မိတ်ဆက်သွားခဲ့တဲ့ Vivo X21i အတွက် နောက်ဆုံးပေါ် ကာလာကတော့ ညခရမ်းရောင်လို့ဆိုရမယ့် Night Purple ပါပဲ။

Vivo-X21i-Night-Purple-color-image-3.jpg

photo: techandroids

 

mid-range ဖုန်းချင်းအတူတူ အရောင်အသွေးကလည်း စမတ်ဖုန်းတစ်လုံးကို ရွေးချယ်လာစေဖို့ စကားပြောတဲ့အချက်တစ်ချက် ဖြစ်လာပါတယ်။ တရုတ်စမတ်ဖုန်း brand တစ်ခုဖြစ်တဲ့ Huawei P20 Pro မှာဆိုလည်း Twilight ဆိုတဲ့ ကာလာဆန်းတစ်မျိုးနဲ့ပွဲထုတ်ခဲ့ပြီး စမတ်ဖုန်းဈေးကွက်မှာ မျက်စိကျစရာ အရောင်ဖြစ်လာခဲ့ပါတယ်။ Vivo ကတော့ X21i မှာ Night Purple ကာလာသစ်ကို စပြီး မိတ်ဆက်လိုက်ပါတယ်။

Night Purple ဟာ အပြာရင့်နဲ့ခရမ်းကို စပ်ထားတဲ့ ကာလာပုံစံမျိုး ဖြစ်ပြီး တောက်ပတဲ့ ကာလာစင်းနဲ့ထွက်လာတာပါ။ ကာလာအနေနဲ့ဆန်းပြားပေမယ့် ဖုန်းထဲမှာ ပါတဲ့ specs နဲ့ဖုန်းရဲ့ ဒီဇိုင်းကတော့ မူရင်း X21i ပါပဲ။ တစ်ခုရှိတာက Night Purple မော်ဒယ်ဟာ RAM 4GB+128GB storage နဲ့ပဲ သီးသန့်ထွက်လာတာ ဖြစ်ပါတယ်။ ရိုးရိုး Vivo X21i မှာတော့ RAM 6GB/64GB storage ဗားရှင်းလည်း ထွက်ထားပါတယ်။

notch သေးသေး သုံးထားတဲ့ Vivo X21i ဟာ မျက်နှာပြင် ၆.၂၈ လက်မ 1080p display သုံးထားတာ ဖြစ်ပြီး မှန်ကိုယ်ထည် အလူမီနီယံဘောင်နဲ့လာတာပါ။ 19:9 screen နဲ့လာတဲ့ ဒီဖုန်းဟာ processor ကို 2.0GHz ocat-core Helio P60 chipset သုံးထားတာ ဖြစ်ပြီး 3245 mAh ဘက်ထရီ ပါရှိပါတယ်။ ကျောဘက်မှာ 12MP+5MP ကင်မရာနှစ်လုံးတွဲ သုံးထားပြီး အရှေ့မှာ 24MP ဆယ်လ်ဖီကင်မရာ သုံးသွားတာ ဖြစ်ပါတယ်။

စမတ်ဖုန်းလုံခြုံရေး biometric စနစ်အနေနဲ့မျက်နှာနဲ့ဖုန်းလော့ခ်ထားနိုင်တဲ့ Face Unlock အပြင် ကျောဘက်မှာ Fingerprint scanner လည်း ပါလာမှာ ဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့Night Purple ကာလာမော်ဒယ်ကို တရုတ်ဈေးကွက်မှာ ၂၅၉၈ ယွမ် (မြန်မာငွေ ၅ သိန်းခွဲကျော်) ဈေးနဲ့ရောင်းချသွားမယ်လို့ဆိုပါတယ်။

photo: Gizmochina

 

အရင် Vivo X21i မော်ဒယ်တွေကို Ruby Red ၊ Aurora White နဲ့Polar Night Black ကာလာ ၃ မျိုးနဲ့မိတ်ဆက်ထားပြီး ၂၆၉၈ ယွမ် (မြန်မာငွေ ၅ သိန်း ၇ သောင်းခွဲ) ထက်တော့ ဈေးသက်သာသွားတာပါ။

 

Share

Loading Next Article...
က္က