ဘက်ထရီပါဝါကောင်းတဲ့ ဖုန်းတစ်လုံးအဖြစ် မြင်ရမှာပါ

ဆွဲဆောင်အားကောင်းလှတဲ့ Vivo ရဲ့ Halo FullView display ပါရှိပြီး ကျောဘက် dual cameras တွေ သုံးထားတဲ့ Vivo Y95 ဖုန်းသစ်ကို ပြည်တွင်းဈေးကွက်မှာ မကြာခင် မြင်ရတော့မှာပါ။

1b4b6b9a17b7abc213c43a9271b3a558_vivo-y95.jpg

Photo: Daily Social

 

Vivo Y95 မော်ဒယ်သစ်ရဲ့ ထင်ရှားတဲ့ အမှတ်လက္ခဏာက သားနားတဲ့ ဒီဇိုင်းလို့ဆိုနိုင်ပါတယ်။ တလောကပဲ ဈေးကွက်ထဲ ရောက်လာတဲ့ နာမည်ကြီး Vivo V11 နဲ့V11i တို့နဲ့ဆင်ပြီး Halo FullView display ရဲ့ ရှေ့ကင်မရာနားပဲ ကွက်ချန်ထားတဲ့ notch အဆန်းကလည်း အလန်းပါ။ အထက်နဲ့အောက် ဘေးဘောင်တွေကို ခပ်ပါးပါးပဲချန်ပြီး Vivo V11 series အတိုင်း ကျောဘက်မှာ ထောင်လုက် ကင်မရာတွေ သုံးထားပါတယ်။

mid-range တစ်လုံးအနေနဲ့RAM 4GB/ 64GB storage ပါလာတာက သာမန်ဖုန်းအသုံးပြုရာမှာရော ၊ ဂိမ်းဆော့ရာမှာပါ လုံလောက်တယ်လို့ ပြောရမှာပါ။ microSD card ကနေ ဖုန်းရဲ့ သိုလှောင်မှုကို ထပ်တိုးစိုက်နေတာကြောင့် storage မလောက်မှာ စိတ်ပူစရာ မရှိပါဘူး။ ဖုန်းလုံခြုံရေးအနေနဲ့ကျောဘက်မှာ fingerprint scanner ထည့်သွင်းထားသလို ရှေ့ကင်မရာကနေလည်း မျက်နှာနဲ့ဖုန်းကို လော့ခ်ဖွင့်နိုင်မယ်လို့ဆိုပါတယ်။

Vivo Y95 ဟာ စိတ်လှုပ်ရှားစရာ ဆယ်လ်ဖီကင်မရာဖြစ်တဲ့ 20MP ကင်မရာနဲ့ထွက်လာတာပါ။ ဒီကင်မရာဟာ အဆင့်မြင့် AI features တွေကို သုံးနိုင်လို့AI Selfie Camera လို့လည်း ပြောနိုင်ပါတယ်။ လောလောဆယ် ထွက်ထားတဲ့ Vivo V11 စီးရီးက AI Selfie ကင်မရာစနစ်မှာဆို AI Face Beauty လို Night Mode လို စိတ်လှုပ်ရှားစရာကင်မရာစနစ်တွေကို Vivo Y95 က ယူဆောင်လာဖို့ရှိပါတယ်။

ကျောဘက် ကင်မရာတွေဟာ ထောင်လိုက် ညာဘေးကပ် dual cameras တွေ ဖြစ်ပြီး ဒီကင်မရာအောက်မှာ LED flash ပါလာပါတယ်။ ဒီဖုန်းမှာ 4030 mAh ဘက်ထရီကို သုံးထားတာကို ကြည့်ပြီး အသုံးခံမယ့် ဘက်ထရီစနစ်ဆိုတာ မှန်းကြည့်လို့ရပါတယ်။

Vivo V11 series တွေမှာ Dual Engine အားသွင်းနည်းပညာလို့ခေါ်တဲ့ လျှပ်စီးကို two-ways စီးဆင်းစေမယ့် နည်းပညာဆန်း ပါရှိထားလို့Vivo Y95 မှာရော ဒီလို fast charging နည်းပညာ ပါလာမလားဆိုတာ ရင်ခုန်စရာပါ။

Photo: Vivo

 

မကြာခင် ပြည်တွင်းမှာ ဖြန့်ချိသွားမယ့် Vivo Y95 ရဲ့ စိတ်လှုပ်ရှားစရာ သတင်းတစ်ခုက ဈေးနှုန်း သင့်တင့်မယ်ဆိုတဲ့ အချက်ပါပဲ။ ဘယ်လို ဈေးနဲ့ထွက်လာမယ်ဆိုတာကတော့ တရားဝင် မိတ်ဆက်ချိန်ကို စောင့်ကြည့်ရမှာပါ။

Share

Loading Next Article...
က္က