Premium ဖုန်းတွေကြောင့် အမြတ်ကြမ်းခဲ့တာပါ

ဖုန်းရောင်းရင်း ချမ်းသာတာချင်းအတူတူ Apple ရဲ့ ဝင်ငွေက အတော့်ကို ကြမ်းပါတယ်။

27703-41763-Handset-Profit-Share-2018-Q2-768x378-l.jpg

Photo: Apple Insider

 

ကမ္ဘာ့စမတ်ဖုန်းရောင်းအားကို တွက်ချက်တဲ့ Counterpoint Research အရ ဒုတိယသုံးလပတ် တစ်ကမ္ဘာလုံးမှာ ရောင်းချခဲ့သမျှ ဒေါ်လာ ၄၀၀ နဲ့အထက် ဖုန်းတွေအားလုံးပေါင်းရဲ့ ၄၃% ဟာ iPhone တွေ ဖြစ်တယ်လို့ဆိုပါတယ်။

ဒီဘက်ခေတ်မှာ အန်းဒရိုက်ဖုန်းကုမ္ပဏီတိုင်းဟာ ပရီမီယံမော်ဒယ် တန်ဖိုးကြီးစမတ်ဖုန်းတွေ ရောင်းချလာတာ ဖြစ်လို့Apple ဟာ တန်ဖိုးကြီးဖုန်းတွေထဲမှာ ဘုရင်ဆိုတာ ငြင်းမရတဲ့ အချက်လည်း ဖြစ်ပါတယ်။

အမြတ်ဝင်ငွေအရ ကြည့်မယ်ဆိုရင် iPhone ရောင်းရငွေဟာ Samsung ဖုန်းတွေထက် အနည်းဆုံး ၃.၆ ဆပိုများသလို တရုတ်ရဲ့ ထိပ်တန်း စမတ်ဖုန်း brands ၄ ခု ဖြစ်တဲ့ Huawei ၊ OPPO ၊ Vivo နဲ့Xiaomi အားလုံးပေါင်းရဲ့ ၃ ဆကျော် ပိုများနေပါတယ်။ Xiaomi ရဲ့ ဝင်ငွေနဲ့တွက်ကြည့်ရင် iPhone ရောင်းရငွေမှာ Apple ဟာ အဆ ၂၀ ကျော် သာပါတယ်။

၂၀၁၈ ဒုတိယသုံးလပတ် ကမ္ဘာ့စမတ်ဖုန်း brand ၆၀၀ ကျော်ထဲမှာ Apple ရဲ့ အမြတ်ငွေဟာ စုစုပေါင်း ပမာဏရဲ့ ၆၂% ၊ Samsung က ၁၇% ၊ Huawei ၊ OPPO ၊ Vivo နဲ့Xiaomi က ၈% ၊ ၅%၊၄% နဲ့၃% စီ ရပ်တည်ခဲ့ပါတယ်။ ကျန်တဲ့ စမတ်ဖုန်းအမျိုးအစား ၆၀၀ ကျော်ကတော့ အမြတ်ငွေရဲ့ ၁% နီးပါးပဲ ရှိထားတာပါ။

တရုတ်ထိပ်တန်း စမတ်ဖုန်း brand ၄ ခုရဲ့ အမြတ်ငွေဟာ ဒေါ်လာ ၂ ဘီလျံကို ပထမဆုံး အကြိမ် ရောက်ခဲ့ပြီး Apple ကတော့ ဒေါ်လာ ၆ ဘီလျံဖိုး မြတ်စွန်းခဲ့တာပါ။ Huawei ၊ OPPO ၊ Vivoနဲ့Xiaomi တို့ဟာလည်း နောက်ပိုင်းမှာ high-end ဖုန်းတွေ ရောင်းချလာခဲ့တာကြောင့် အခုလို အမြတ်ငွေ ထိုးတက်လာတာလို့ဆိုပါတယ်။

Samsung စမတ်ဖုန်းအမြတ်ငွေဟာ Galaxy S9 ရောင်းအားနှေးကွေးမှုကြောင့် အရင်နှစ် ကာလတူ Q2 ထက်စာရင် ၂၄% ကျဆင်းလာခဲ့တယ်လို့ဆိုပါတယ်။ Apple ကတော့ ဒေါ်လာ ၈၀၀ နဲ့အထက် တန်ဖိုးကြီး ဖုန်းဈေးကွက်တစ်ခုလုံးရောင်းအားရဲ့ ၈၈% ရှိနေတယ်လို့ဆိုပါတယ်။

Photo: CNET

 

လက်ရှိမှာ Apple ဟာ ၉၉၉ ဒေါ်လာ နဲ့၁၀၉၉ ဒေါ်လာတန် iPhone XS နဲ့XS Max တို့ကို ဈေးကွက်မှာ တင်ပို့ရောင်းချနေပြီ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က