ဒီဇိုင်းဆန်းသစ်ထားမှာပါ

Xiaomi ကတော့ တစ်နှစ်တည်းမှာကိုပဲ Gaming Smartphone နှစ်မျိုးကို မိတ်ဆက်သွားတော့မှာပါ။



 

ဧပြီလလယ်ပိုင်းက ကုမ္ပဏီရဲ့ ပထမဆုံး Black Shark နာမည်နဲ့ဂိမ်းဖုန်းကို တရားဝင် ဖြန့်ချိခဲ့ပြီး ဈေးကွက်မှာ တန်ဖိုးအနည်းဆုံး ဂိမ်းဖုန်းအနေနဲ့စမတ်ဖုန်းဂိမ်မာများရဲ့ အားပေးမှု ရရှိခဲ့ပါတယ်။ ထိုစဉ်က ဈေးကွက်ထဲ မိတ်ဆက်ပြီး တစ်ပတ်အတွင်း ဒီဖုန်းကို register လုပ်သူဦးရေ ၁ သန်းကျော်ခဲ့ပါတယ်။

Black Shark 2 ကတော့ အရင်မော်ဒယ်နဲ့သိပ်ကွာမယ့် အချက်အလက်တွေ မမြင်ရသေးပါဘူး။ အထူးသဖြင့် တစ်နှစ်မှာ flagship processor တစ်လုံးပဲ ထွက်တဲ့ Qualcomm ရဲ့ Snapdragon 845 SoC ကိုပဲ Black Shark 2 မှာ ဆက်သုံးသွားမှာပါ။ အရင် Black Shark မှာ RAM 6GB နဲ့8GB နှစ်မျိုး ပါရှိသလို ဒုတိယမျိုးဆက်မှာလည်း ဒီအတိုင်းပဲ ထွက်လာဖို့ရှိပါတယ်။

ဒီဇိုင်းပိုင်းမှာတော့ Black Shark 2 ဟာ သူနဲ့ခေတ်ပြိုင် ဂိမ်းဖုန်းတွေကို အမှီလိုက်နိုင်ဖို့အပြောင်းအလဲတစ်ချို့ထပ်လုပ်သွားဖို့ရှိနေပါတယ်။ လောလောဆယ် ထွက်လာတဲ့ hands on ဗွီဒီယိုတစ်ခုမှာ ဘေးဘောင်နဲ့ကျောဘက် logo မှာ RGB နောက်ခံမီးတွေနဲ့အလှဆင်ထားတယ်လို့ပြထားပါတယ်။

အရွယ်အစားအားဖြင့် မျက်နှာပြင် ၆ လက်မခန့်ရှိမှာ ဖြစ်ပြီး အရင်လို 4000 mAh ဘက်ထရီနဲ့လာဖို့ရှိပါတယ်။ ဂိမ်းဖုန်းဖြစ်တဲ့အတိုင်း ဒီဖုန်းမှာ အဆင့်မြင့် ဂိမ်းရသတွေ ပေးစွမ်းနိုင်ဖို့အထူးစီမံထားတဲ့ အရည်နဲ့အအေးပေး နည်းပညာပါဝင်လာမှာ သေချာပါတယ်။

မကြာသေးခင်က မိတ်ဆက်လိုက်တဲ့ Huawei ရဲ့ ဂိမ်းဖုန်း Mate 20 X မှာတော့ ရေငွေ့အအေးပေးစနစ်ကိုမှ ကာဗွန်အလွှာ အအေးခံ နည်းပညာနဲ့ပေါင်းစပ် ထုတ်လုပ်ထားပါတယ်။

Photo: indiatvnews

 

ကင်မရာစနစ်အနေနဲ့Black Shark 2 ဟာ dual lens ကိုပဲ ဆက်သုံးနိုင်ဦးမှာ ဖြစ်ပါတယ်။ သတင်းထွက်ထားတဲ့ ပုံတွေမှာတော့ Black Shark 2 ဟာ ထောင်လိုက် dual camera နဲ့ကျောဘက်ကို fingerprint scanner ရွှေ့ထားတာ တွေ့နေရပါတယ်။ Black Shark 2 အကြောင်း အပြည့်အစုံသိဖို့က ခက်ပါတယ်။ အောက်တိုဘာ ၂၃ ရက်နေ့ကိုပဲ စောင့်ကြည့်ရမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က