နိုင်ငံတကာမှာ ၁၀ လအတွင်း သန်း ၁၀၀ အထိ ရောင်းချနိုင်ခဲ့ပါတယ်။

၂၀၁၇ တတိယသုံးလပတ်က စပြီး Xiaomi ဟာ အိန္ဒိယဈေးကွက်မှာ ရောင်းအားအကောင်းဆုံး ဖုန်းဖြစ်ခဲ့ပါတယ်။



Xiaomi-1000th-service-center-805px.jpg

Photo: BGR

 

စမတ်ဖုန်းအပြင် တစ်ခြား gadgets တွေပါ ရောင်းချနေတဲ့ Xiaomiဟာ နိုဝင်ဘာ၁၁ ရက် 11.11 အွန်လိုင်းဈေးပွဲတော်နေ့မှာ ယွမ် ၅.၂ ဘီလျံဖိုး ရောင်းချခဲ့ရသလို ဒီဝါလီနေ့ရောင်းအားမှာလည် အတော်လေး အားရစရာကောင်းခဲ့တယ်လို့Xiaomi India ရဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ညွှန်ကြားရေးမှူး မာနုကူးမားဂျိန်းက ဆိုပါတယ်။

အိန္ဒိယမှာ ရောင်းချခဲ့တဲ့ ပစ္စည်းတွေ အနေနဲ့စုစုပေါင်း ၈.၅ သန်းထိ ရှိခဲ့ပြီး စမတ်ဖုန်းက အလုံးရေ ၆ သန်း အထိ ပါဝင်ပါတယ်။ စမတ်ဖုန်းအပြင် LED TV အလုံးရေ ၄ သိန်း ၊ တစ်ခြား စမတ်လူသုံးကုန်ပစ္စည်းပေါင်း ၂၁ သန်း ရှိခဲ့ပါတယ်။

IDC ရဲ့ ၂၀၁၈ တတိယသုံးလပတ် အစီရင်ခံစာမှာ Xiaomi ဟာ အိန္ဒိယဈေးကွက်တစ်ခုလုံးရဲ့ ၂၇.၃% ရထားပြီး Samsung ကတော့ ဒုတိယနေရာမှာ ၂၂.၆% ပဲ ရထားခဲ့တာပါ။ အိန္ဒိယထိပ်တန်း brand ၅ ခုစာရင်းမှာ Vivo ၊ MicroMax နဲ့OPPO တို့ဟာ ၁၀.၅% ၊ ၆.၉% နဲ့၆.၇% စီ ရရှိထားပါတယ်။

အိန္ဒိယဈေးကွက်မှာ ၆ နှစ်ဆက်တိုက် နံပါတ်တစ်အဖြစ် ရပ်တည်ခဲ့တဲ့ Samsung ကို Xiaomi ဟာ ၂၀၁၇ တတိယသုံးလပတ်က စပြီး ကျော်တက်လာခဲ့တာပါ။

၂၀၁၆ နောက်ဆုံး သုံးလပတ်က အိန္ဒိယဈေးကွက်မှာ ၉% ပဲ ဝေစုရထားတဲ့ Xiaomi ဟာ ၂၀၁၇ ကာလတူမှာ ဈေးကွက်တစ်ခုလုံးရဲ့ ၂၅% ထိ ထိုးတက်လာခဲ့ပါတယ်။ တန်ဖိုးနည်း မော်ဒယ်တွေဖြစ်တဲ့ Redmi နဲ့Mi brand တွေဟာ အိန္ဒိယဈေးကွက်မှာ လူကြိုက်များတဲ့ ဖုန်းတံဆိပ်တွေလည်း ဖြစ်ပါတယ်။

Xiaomi ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းကလည်း ကုမ္ပဏီရဲ့ စံချိန်သစ်ဖြစ်တဲ့ ၁၀ လအတွင်း စမတ်ဖုန်းအလုံးရေ သန်း ၁၀၀ ရောင်းချနိုင်ခဲ့တဲ့ မှတ်တမ်းကို ကြေငြာနိုင်ခဲ့ပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာအရ စမတ်ဖုန်းကုမ္ပဏီများ ရောင်းအားကျဆင်းနေချိန်မှာ Xiaomi အနေနဲ့တစ်လကို ၁၀ သန်းနှုန်း ရောင်းချနိုင်တာလည်း ဖြစ်ပါတယ်။

Photo: gizchina

 

အိန္ဒိယအွန်လိုင်းစတိုးတွေ ဖြစ်တဲ့ Amazon နဲ့Flipkart တို့မှာလည်း Xiaomi ရဲ့ ထုတ်ကုန်တွေ ဖြစ်တဲ့ စမတ်ဖုန်း ၊ TV ၊ စမတ်လက်ပတ်ပစ္စည်းများ ။ powerbank စတဲ့ ပစ္စည်းတွေဟာ လူကြိုက်အများဆုံး ဖြစ်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က