ဈေးပို သက်သာတဲ့ မော်ဒယ်သစ်များလည်း ပါဝင်လာမှာပါ

ထွင်းဖောက်မြင်ကိုယ်ထည်နဲ့iPhone X စတိုင် 3D Face Unlock နည်းပညာကို ပထမဆုံး သုံးလာတဲ့ အန်းဒရိုက်ဖုန်း Xiaomi Mi 8 Explorer ကတော့ ဈေးကွက်ထဲ ရောက်လာတော့မှာပါ။

photo: Mashable

 

မေလကုန်ပိုင်းက ကုမ္ပဏီ သက်တမ်း ၈ နှစ်ပြည့်ခဲ့တဲ့ Xiaomi ဟာ Mi 8 ၊ Mi 8 SE နဲ့အထူးမော်ဒယ်အဖြစ် Mi 8 Explorer Edition တို့ကို မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ရိုးရိုးမော်ဒယ်နှစ်ခု ဖြစ်တဲ့ Mi 8 နဲ့Mi 8 SE တို့ကိုတော့ ဇွန်လ ၅ ရက်နေ့ကတည်းက ဈေးကွက်မှာ ရောင်းချထားပြီး Explorer Edition ကတော့ ဇူလိုင်လ ၂၄ ရက်နေ့မှ တရုတ်ဈေးကွက်မှာ ဖြန့်ချိသွားတော့မှာပါ။

တရုတ်ဆက်သွယ်ရေးအာဏာပိုင်အဖွဲ့အစည်း TENAA မှာတော့ Mi 8 Explorer Edition ကို အနည်းဆုံးမော်ဒယ် ၂ မျိုးနဲ့ရောင်းချသွားမယ်လို့ဖော်ပြထားပါတယ်။ မော်ဒယ်သစ် Explorer Edition ဟာ ပွဲမှာ မိတ်ဆက်သွားတဲ့ မော်ဒယ်ထက် ဈေးပိုသက်သာမယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာ Xiaomi ဟာ Mi 8 Explorer Edition ကို RAM 8GB/128GB storage နဲ့ပဲ မိတ်ဆက်ထားတာ ဖြစ်ပြီး မော်ဒယ်သစ်အနေနဲ့RAM 4GB နဲ့6GB မော်ဒယ်များလည်း ထည့်သွင်းလာဖို့ရှိနေပါတယ်။ တစ်ခုရှိတာက Xiaomi ရဲ့ Mi 8 Explorer Edition ဟာ microSD card မသုံးတဲ့ ဖုန်းဖြစ်လို့onboard storage အနည်းအများဟာ ပြဿနာရှိနိုင်ပါတယ်။ 

Xiaomi ထုတ် Mi 8 Explorer Edition ဟာ ထွက်ဖူးသမျှ အန်းဒရိုက်ဖုန်းထဲမှာ အထူးခြားဆုံးအဖြစ် dual GPS စနစ်ကို ပထမဆုံး သုံးလာတဲ့ ဖုန်းဖြစ်လို့တည်နေရာစနစ်ကို အနီးစပ်ဆုံး ၄ လက်မထိ ပြသနိုင်မယ့် ဖုန်းလည်း ဖြစ်ပါတယ်။ ၂၀၁၈ မှာ ခေတ်စားလာတဲ့ under-display fingerprint scanner ကိုလည်း သုံးထားသလို 3D animoji နဲ့မျက်နှာပြင်ဖတ်စနစ်များ သုံးနိုင်မယ့် 3D Face Unlock စနစ်များ လည်း ပါရှိပါတယ်။

photo: Global Tech News

 

HTC U12+ စတိုင် ကျောဘက် ထွင်းဖောက်မြင်ကိုယ်ထည်ဒီဇိုင်းသုံးထားပြီး နောက်ဆုံးပေါ် processor ပါဝင်လာတဲ့ ဒီဖုန်းကို ၃၆၉၉ ယွမ် (မြန်မာငွေ ၇ သိန်း ၈ သောင်းခွဲ) ဈေးနဲ့ရောင်းချသွားမှာပါ။ နိုင်ငံတကာ ဈေးကွက်ဖြန့်ချိမယ့် ရက်နဲ့မော်ဒယ်အနိမ့်များရဲ့ ဈေးနှုန်းတော့ မသိရသေးပါဘူး။

Share

Loading Next Article...
က္က