နောက်လကစပြီး နိုင်ငံတကာဈေးကွက်မှာ ဖြန့်ချိသွားမှာပါ။

Xiaomi ရဲ့ flagship စီးရီးတွေထဲမှာတော့ ကုမ္ပဏီ ၈ နှစ်ပြည့် Mi 8 series ဟာ ရောင်းအားအသွက်ဆုံး ဖုန်းဖြစ်မှာပါ။ မေလ ၃၁ ရက်နေ့က တရုတ်နိုင်ငံ ရှန်ကျန်းမှာ မိတ်ဆက်သွားတဲ့ Xiaomi Mi 8 မော်ဒယ် ၃ မျိုးဟာ ၂ ပတ်ကျော် ကာလအတွင်း အလုံးရေ သန်းချီ ရောင်းချနိုင်ခဲ့ပြီလို့ကြေငြာထားပါတယ်။

 

Xiaomi ရဲ့ CEO လိုင်ဂျန်ရဲ့ Weibo အကောင့်မှာ ထုတ်ပြန်ချက်အရ Xiaomi Mi 8 series ဟာ ၁၈ ရက်အတွင်း အလုံးရေ ၁.၀၂၆ သန်း ရောင်းချနိုင်ခဲ့တယ်လို့ဆိုပါတယ်။ တရုတ်ဈေးကွက်မှာ ဇွန်လ ၅ ရက်က စပြီး တရားဝင်ရောင်းချခဲ့တဲ့ နေ့မှာ Xiaomi Mi 8 ၊ Mi 8 SE နဲ့Explorer Edition တို့ဟာ ပထမဆုံး ၁ မိနစ် ၃၇ စက္ကန့်အတွင်း ပစ္စည်းပြတ်လပ်တဲ့အထိ ရောင်းအားကောင်းခဲ့ပါတယ်။ ပထမဆုံး ဈေးကွက်မှာ ချရောင်းတဲ့ နေ့ကတည်းက အလုံးရေ သိန်းချီပြီး ရောင်းချနိုင်ခဲ့တဲ့ Xiaomi Mi 8 မော်ဒယ်များကို ဇွန်လ ၁၆ ရက်နေ့မှာ ဒုတိယအသုတ်အဖြစ် ထပ်မံရောင်းချခဲ့ရာမှာ အလုံးရေ ၁ သန်း ကျော်သွားတာပါ။

လက်ရှိ စမတ်ဖုန်းဈေးကွက် flagship စီးရီးထဲမှာ ဈေးအသက်သာဆုံး ဖုန်းတွေဖြစ်တဲ့ Xiaomi Mi 8 တို့ကို လူကြိုက်များရတဲ့ အကြောင်းကတော့ နားလည်ဖို့လွယ်ကူပါတယ်။ မျက်နှာပြင်အကြီးစားဖုန်းတွေ အကြိုက်တွေ့နေတဲ့ ဒီခေတ်ကြီးမှာ Xiaomi Mi 8 ဟာ မျက်နှာပြင် ၆.၂၁ လက်မ Super AMOLED display နဲ့လာပြီး resolution ကလည်း 1080 x 2248px Full HD+ သုံးသွားတာပါ။ notch display ကို ပထမဆုံးသုံးလာတဲ့ ဒီဖုန်းဟာ Corning Gorilla Glass 5 မှန်အုပ်ထားပြီး အန်းဒရိုက်ဖုန်းတွေထဲမှာ ပထမဆုံး 3D Face Unlcok နည်းပညာနဲ့လာတာ ဖြစ်ပါတယ်။ glass body နဲ့လာပေမယ့် wireless charging မပါတာလေးက လွဲရင် fast charging support ၊ dual Pixel PDAF နဲ့OIS ရုပ်ငြိမ်စနစ်ပါ AI နည်းပညာသုံး dual cameras စနစ်များကလည်း ဒီဖုန်းအတွက် ထူးခြားတဲ့ features တွေ ဖြစ်ပါတယ်။

 

Snapdragon 845 SoC ၊ RAM 6GB/256GB storage အပြင် Explorer Edition မှာဆို in-display fingerprint scanner နဲ့ထွင်းဖောက်မြင်ကိုယ်ထည်တွေ ပါလာပါတယ်။ Xiaomi ဟာ လာမယ့် ဇွန်လ ၂၆ ရက်နေ့မှာ Xiaomi Mi 8 ကို နောက်အသုတ်အနေနဲ့ရောင်းထုတ်သွားမှာပါ။ ဒီဖုန်းတွေကို ပြင်သစ်နဲ့ရုရှားတို့မှာလည်း စတင်ဖြန့်ချိရောင်းချနေပြီး လာမယ့် ဇူလိုင်လကစပြီး နိုင်ငံတကာ ဈေးကွက်မှာ ဖြန့်ချိသွားမယ်လို့ဆိုပါတယ်။

Share

Loading Next Article...
က္က