တစ်ညလုံး အားသွင်းရာကနေ ဖြစ်သွားတာပါ

Xiaomi ရဲ့ ပထမဆုံး Andorid One ဖုန်းဖြစ်တဲ့ Xiaomi Mi A1 ဟာ အားသွင်းနေစဉ် ပိုင်ရှင်ရဲ့ အနားမှာပဲ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။

221.PNG

Photo: Linus Tech Tips

 

Xiaomi Mi A1 ပိုင်ရှင်ဖြစ်သူဟာ အားသွင်းပြီး အိပ်ပျော်နေစဉ်မှာ ဒီပေါက်ကွဲမှုနဲ့ကြုံတွေ့ခဲ့တာပါ။ ဒီဖြစ်ရပ်ကို သူ့ရဲ့သူငယ်ချင်းတစ်ဦးကနေ MIUI ဖိုရမ်မှာ ပြန် share ခဲ့ပါတယ်။

ပုံအရ ဖုန်းရဲ့ ကျောဘက် ကာဗာဟာ အရည်ပျော်သွားတယ်လို့တွက်ဆနေကြပါတယ်။ ဒီဖြစ်ရပ်ဟာ Xiaomi Mi A1 ဖုန်းတွေထဲမှာ ပထမဆုံး ပေါက်ကွဲမှုလည်း ဖြစ်ပါတယ်။ ဖိုရမ်မှာ ဆွေးနွေးရာမှာတော့ ဖုန်းကို တစ်ညလုံး အားသွင်းထားရာကနေ အခုလို ပေါက်ကွဲသွားတာလို့ဆိုပါတယ်။

မပေါက်ကွဲခင်မှာ ဖုန်းဆီကနေ အသံထွက်လာပေမယ့် ပိုင်ရှင်ဟာ ဂရုမစိုက်ဘဲ ဆက်ပြီး အိပ်နေခဲ့တာလို့ဆိုပါတယ်။ ဒီဖြစ်ရပ်မှာ သူဟာ original အားသွင်းကြိုး မသုံးဘဲ တစ်ခြားအားသွင်းကြိုးတစ်ခုခု နဲ့သုံးထားလားဆိုတာ မသိရသေးပါဘူး။ ဒီဖုန်းအပြင် နောက်ထပ် Xiaomi ရဲ့ Android One ဖုန်းဖြစ်တဲ့ Mi A2 မှာလည်း ပြဿနာတစ်ခု ရှိထားပါတယ်။

Linus Tech Tips ဖိုရမ်ပေါ် တက်လာတဲ့ သတင်းများအရ XXiaomi Mi A2 ရဲ့ fingerprint sensor ဟာ ချို့ယွင်းချက် ရှိတယ်လို့ဆိုပါတယ်။ Mi A2 ရဲ့ လက်ဗွေစနစ်ဟာ Snapdragon 660 SoC ကို အမြင့်ဆုံး speed နဲ့သုံးနေတာ ဖြစ်လို့ဘက်ထရီ ရုတ်တရပ် death ဖြစ်ပြီး ၃ နာရီကနေ ၄ နာရီအထိ ဘက်ထရီသက်တမ်းကို လျှော့ချပစ်နိုင်တယ်လို့ဆိုပါတယ်။

Photo: Phone Arena

 

၂၀၁၇ မေလဆန်းက ထုတ်ထားတဲ့ Xiaomi Mi A1 ဟာ 3080 mAh ဘက်ထရီသုံးထားတာ ဖြစ်ပြီး Xiaomi Mi A2 ကတော့ 3000 mAh ဘက်ထရီနဲ့ထွက်လာတာပါ။ ဒီဖုန်းတွေရဲ့ ပြဿနာနဲ့ပတ်သက်ပြီး ကုမ္ပဏီဘက်ကတော့ update patch မထုတ်ပေးသေးပါဘူး။

Share

Loading Next Article...
က္က