မြန်မာငွေ ၃ သိန်းအောက်တန် ဖုန်းဖြစ်မှာပါ

ဒုတိယမြောက် Xiaomi ရဲ့ Android One ဖုန်းကတော့ ဇူလိုင် ၂၄ ရက် မရောက်ခင်ကတည်းက ဘယ်လိုဖုန်းလဲဆိုတာ သိရပြီ ဖြစ်ပါတယ်။

Xiaomi-Mi-A2-Lite-and-Mi-A2 (1).jpg

photo: Phone Arena

 

Xiaomi ဟာ Mi A2 နဲ့Mi A2 Lite ဆိုပြီး မော်ဒယ်နှစ်မျိုး မိတ်ဆက်သွားမှာ ဖြစ်ပြီး AliExpress မှာတော့ Xiaomi Mi A2 Lite ရဲ့ ဈေးနှုန်းတွေ ထင်ထားပါတယ်။ တန်ဖိုးပိုနည်းတဲ့ Mi A2 Lite ဟာ RAM/storage ဗားရှင်း ၂ မျိုးနဲ့လာပြီး ဈေးကလည်း ထင်ထားတာထက် ပိုနည်းနေပါတယ်။

သတ္ထုကိုယ်ထည် နဲ့notch သုံးထားတဲ့ မျက်နှာပြင် ၅.၈၄ လက်မအရွယ် Mi A2 Lite ဟာ resolution အနေနဲ့1080 x 2280px ဖြစ်လို့အတော်လေးကို ရုပ်ထွက်ကောင်းမွန်တဲ့ ဖုန်းလို့ပြောရမှာပါ။ processor ကိုတော့ 2.0GHz octa-core Snapdragon 625 processor နဲ့လာလို့mid-range ဖုန်းတစ်လုံးအနေနဲ့ကောင်းမွန်တဲ့ တွဲစပ်မှုလို့လည်း ဆိုနိုင်ပါတယ်။

Xiaomi Mi A1 ကစပြီး dual camera စနစ်ကို သုံးလာတဲ့ အစဉ်အလာအတိုင်း Mi A2 Lite ဟာ ကျောဘက်မှာ AI features တွေ ပံ့ပိုးပေးနိုင်တဲ့ 12MP + 5MP ကင်မရာစနစ်ပါလာပါတယ်။ ထူးခြားတာက ဗွီဒီယိုရိုက်ကူးမှုမှာ 4K video တွေပါ ရိုက်ကူးနိုင်မယ့် ကင်မရာစနစ်လည်း ဖြစ်ပါတယ်။ ရှေ့ကင်မရာကတော့ AI Portrait နဲ့AI Smart Beauty feature တွေ ပါဝင်တဲ့ 5MP ဆယ်လ်ဖီကင်မရာပါ။

Mi A2 Lite ဟာ dual SIM နဲ့လာပြီး Android စနစ်အနေနဲ့ Google ရဲ့ pure OS ဖြစ်တဲ့ Android 8.0 Oreo သုံးထားပါတယ်။ ဘက်ထရီကတော့ ပါဝါအစားသက်သာတဲ့ 4000 mAh ဘက်ထရီ ဖြစ်ပြီး အနက် ၊ အပြာ နဲ့ရွှေ ကာလာတွေနဲ့မိတ်ဆက်သွားမယ်လို့ဆိုပါတယ်။

photo: gizchina

 

AliExpress မှာတော့ အနက်နဲ့ရွှေ နှစ်ရောင်တည်း ရောင်းချနေပြီး RAM 3GB/32GB storage ကို ဒေါ်လာ ၁၉၀ (မြန်မာငွေ ၂ သိန်း ၇ သောင်းခန့်) နဲ့RAM 4GB+ 64GB storage ကို ဒေါ်လာ ၂၁၀ (မြန်မာငွေ ၃ သိန်းခန့်) ဈေး သတ်မှတ်ထားလို့အတော်လေး သက်သာတဲ့ mid-range ဖုန်းလို့ဆိုရမှာပါ။

Share

Loading Next Article...
က္က