Pro မော်ဒယ်လည်း ပါဝင်လာမှာပါ

phablet စီးရီးဖြစ်တဲ့ မျက်နှာပြင်အကြီးစား Mi Miax တွေထဲမှာ Mi Max 3 ကတော့ စိတ်ဝင်စားဖို့အကောင်းဆုံး ဖြစ်လာပါပြီ။



photo: phonearena

 

ဒီနှစ်ထဲမှာ Xiaomi ဟာ Mi Max တွေကို ရိုးရိုးမော်ဒယ်နဲ့Pro မော်ဒယ်ဆိုပြီး နှစ်မျိုး မိတ်ဆက်သွားဖို့ရှိနေပါတယ်။ မျက်နှာပြင် ၆.၉ လက်မနဲ့လာမယ့် Mi Max 3 ကို မိတ်ဆက်မယ့် ရက်မကြေငြာရသေးပေမယ့် ဒီဖုန်းရဲ့ sticker နဲ့တကွ စက္ကန့်ပိုင်းစာ ဗွီဒီယိုတစ်ခုကတော့ အွန်လိုင်းပေါ် တက်လာပါတယ်။ သေချာတဲ့တစ်ချက်က Mi Max 3 ဟာ ကျောဘက်မှာ fingerprint scanner နဲ့အတူ ထောင်လိုက် dual cameras တွေ ပါလာတော့မှာပါ။

Mi Max series နောက်ဆုံးထွက် မော်ဒယ် ဖြစ်တဲ့ Mi Max 2 မှာအထိ Xiaomi ဟာ single camera ပဲ သုံးခဲ့တာ ဖြစ်ပါတယ်။ Mi Max 3 မှာတော့ ကျောဘက် 12MP နဲ့5MP ကင်မရာနှစ်လုံးတွဲစနစ်သုံးသွားမယ်လို့သတင်းပြေးနေပါတယ်။ ဘက်ထရီကတော့ Mi Max 3 ဟာ အစဉ်အလာအတိုင်း အကြီးစား ဘက်ထရီ ဖြစ်တဲ့ 5500 mAh ဘက်ထရီကို သုံးသွားဖို့ရှိပါတယ်။

 

ရွှေရောင်ကာလာနဲ့အွန်လိုင်းမှာ တက်လာတဲ့ စတစ်ကာအရ Mi Max 3 ဟာ မျက်နှာပြင်အရွယ်အစားမှာလည်း ၆.၄၄ လက်မရှိတဲ့ အရင်မော်ဒယ်ဟောင်းထက် ပိုပြီး ကြီးသွားမှာပါ။ ဖုန်းတစ်လုံးရဲ့ specs အနေနဲ့တော့ Mi Max 3 ဟာ mid-range အဆင့်မှာပဲ ရှိမှာပါ။ သတင်းတွေမှာတော့ ရိုးရိုးမော်ဒယ်ဟာ Snapdragon 636 processor နဲ့အတူ RAM ပမာဏကို 3GB / 4GB နဲ့6GB ဆိုပြီး သုံးမျိုးထွက်လာဖို့ရှိပါတယ်။

Pro မော်ဒယ်မှာ စိတ်ဝင်စားဖို့ကောင်းတာက Xiaomi Mi 8 SE မှာလို Qualcomm ရဲ့ mid-range processor သစ်ဖြစ်တဲ့ Snapdragon 710 SoC သုံးသွားမယ်လို့ဆိုပါတယ်။ ဒီ processor ကတော့ AI အခြေပြု ကင်မရာနဲ့performance ပိုင်းမှာ အရင့်အရင်က mid-range chipset တွေထက် အများကြီး သာလာပါတယ်။ Mi Max 3 Pro မှာ 5500 mAh ဘက်ထရီအကြီးစား ၊  16MP ဆယ်လ်ဖီကင်မရာနဲ့20MP+8MP ကျောဘက် ကင်မရာနှစ်လုံးတွဲစနစ်များ သုံးသွားမယ်လို့ဆိုပါတယ်။

 

လက်ရှိအချိန်ထိတော့ Xiaomi ဟာ Mi Max 3 မိတ်ဆက်မယ့် ရက် တရားဝင်မကြေငြာရသေးပါဘူး။ သတင်းတွေမှာ Mi Max 3 ကို ဇူလိုင်လထဲ မိတ်ဆက်သွားမယ်လို့ဆိုတာကြောင့် မကြာခင် ဒီဖုန်းကို တွေ့မြင်ရတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က