AD
AD
AD

ဒီဇိုင်းပိုင်း နာမည်ကြီးတဲ့ Mi Mix စီးရီးတွေထဲက ဖောက်ထွက်လာမယ့် နောက်မော်ဒယ်တစ်ခုကတော့ ကျောဘက်မှာ ပထမဆုံး dual camera သုံးသွားမယ့် Mi Mix 2S စမတ်ဖုန်းပဲ ဖြစ်ပါတယ်။ ဒီဖုန်းကို မတ်လ ၂၇ ရက်နေ့ ရှန်ဟိုင်းမှာ တရားဝင် ကြေငြာသွားမယ်လို့ တရုတ်လူမှုကွန်ရက် Weibo မှာ ဖော်ပြထားပါတယ်။

Xiaomi Mi Mix 2S မတိုင်ခင် ထွက်ခဲ့တဲ့ မျက်နှာပြင်ပြည့် Mi Mix 2 မှာ အောက်ခြေဘောင်တစ်ခုထားပြီး ရှေ့ ကင်မရာကို အောက်ခြေမှာ ထားလို့ ဝေဖန်သံတွေ ကြားခဲ့ရပါတယ်။ Mi Mix 2S မှာတော့ ရှေ့ ကင်မရာနေရာကို ညာဘက်အပေါ်ထောင့်နားလေးမှာ ကိုယ်ထည်ဘောင်နဲ့ တွဲပြီး ဒီဇိုင်းထုတ်ထားလိုက်ပါတယ်။ ရှေ့ ကင်မရာကို အခုလို နေရာသစ်ပြောင်းထားတာကြောင့် ဖုန်းရဲ့ screen ကို ပိုပြည့်စေပြီး bezel-less ဒီဇိုင်းကို ပိုပြီး ပီပီပြင်ပြင် ဖော်ဆောင်နိုင်မှာပါ။ ကျောဘက်မှာတော့ iPhone X စတိုင် ထောင်လိုက် နှစ်လုံးတွဲ ကင်မရာနဲ့ fingerprint scanner တို့ ပါဝင်လာမှာ ဖြစ်ပါတယ်။ Xiaomi Mi Mix စီးရီးအနေနဲ့ ပထမဆုံး dual camera ကို သုံးလာတာလည်း ဖြစ်ပါတယ်။

play

 

Mi Mix 2S မှာ စိတ်ဝင်စားစရာတစ်ခုက လေးစားလောက်တဲ့ Benchmark score ပါ။ AnTuTu မှာ တင်ထားတဲ့ benchmark score အရ ဒီဖုန်းဟာ လက်ရှိ ဖုန်းတွေထဲမှာ အမြင့်ဆုံး score ဖြစ်တဲ့ ၂၇၃၇၄၁ မှတ်ရထားတာပါ။ ဒီအမှတ်အောက်မှာတော့ Honor V10 က ၂၁၃၃၈၁ မှတ်နဲ့ ရှိထားတာကို ချိန်ကြည့်လို့ ရပါတယ်။ သုံးထားတဲ့ processor ကလည်း Qualcomm ရဲ့ နောက်ဆုံးထွက် Snapdragon 845 chipset ဖြစ်တာကြောင့် ဒီဖုန်းဟာ gigabit LTE support ပေးနိုင်မှာပါ။ RAM အနေနဲ့ 6GB အပြင် 8GB အထိလည်း သုံးသွားဖို့ ရှိပြီး storage ကိုတော့ အနည်းဆုံး 64GB ကနေ စတင်သွားဖို့ ရှိနေပါတယ်။

Xiaomi ရဲ့ flagship စီးရီး ဖြစ်တဲ့ Mi Mix 2S ဟာ မျက်နှာပြင်အရွယ်အစားအနေနဲ့ Mi Mix 2 လိုပဲ ၅.၉၉ လက်မ အရွယ်အစားနဲ့ လာမှာ ဖြစ်ပြီး ဈေးနှုန်းအားဖြင့်လည်း သိပ်မကွာလောက်ဘူးလို့ ယူဆရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD