Mobile: မြန်မာငွေ ၁ သိန်း ၇ သောင်းဝန်းကျင် ဈေးနဲ့ ရောင်းချသွားမယ့် Xiaomi Redmi 5

Redmi စီးရီးများထဲမှာ 1080p ရုပ်ထွက်ရှိမယ့် ပထမဆုံး ဖုန်း ဖြစ်ပါတယ်။

ဈေးနှုန်းအသင့်အတင့်နဲ့ စမတ်ဖုန်းကောင်းကောင်း ကြိုက်သူများ မဖြစ်မနေ စောင့်ဝယ်သင့်တဲ့ ဖုန်းတစ်လုံးကို Xiaomi ဟာ မကြာခင် မိတ်ဆက်သွားတော့မှာ ဖြစ်ပါတယ်။ မြန်မာငွေ ၁ သိန်း ၇ သောင်းဝန်းကျင်ဈေးနဲ့ စပြီး ဝယ်လို့ ရမယ့် Xiaomi Redmi 5 ဟာ Redmi စီးရီး စမတ်ဖုန်းတွေထဲမှာ ပထမဆုံး 1080p resolution ပါ display နဲ့ ထွက်လာမယ့် ဖုန်းလို့ လည်း သတင်းထွက်နေပါတယ်။

play

 

ဒီဇိုင်းပိုင်းမှာ ကြည့်လိုက်တာနဲ့ Redmi 5 ဟာ ထူးခြားတဲ့ budget ဖုန်းတစ်လုံးဆိုတာ အားလုံးလက်ခံသွားစေမှာ ဖြစ်ပါတယ်။ မျက်နှာပြင် ၅ လက်မ Full HD (1920 x 1080 pixels) ရုပ်ထွက်ပါ display နဲ့ ထွက်လာပြီး မှန်ပြင်ကို အကွေးဒီဇိုင်းအချိုးနဲ့ ထွက်လာတာပါ။ Redmi 5 ရဲ့ ထူးခြားမှုတစ်ခုက screen ဟာ ပိုပြီး သေသေသပ်သပ် ပြန့် ကားလာသလို ဒီဇိုင်းပိုင်းမှာ အများကြီးပိုလှလာပါတယ်။ ဒီဖုန်းဟာ Redmi စီးရီးဖုန်းတွေထဲမှာ ပထမဆုံး အမြင့်ဆုံးရုပ်ထွက်ပါရှိမယ့် display သုံးထားတာပါ။

 

Redmi 5 ကို processor ရော RAM မှာပါ ဗားရှင်းနှစ်မျိုးနဲ့  မြင်ရဖို့ ရှိပါတယ်။ Snapdragon 625 chipset ကို RAM 3GB ဗားရှင်းမှာ သုံးသွားမှာ ဖြစ်ပြီး RAM 4GB ဗားရှင်းမှာတော့ Snapdragon 630 chipset ကို သုံးသွားမယ်လို့ ဆိုပါတယ်။ ဒီမော်ဒယ်နှစ်မျိုးစလုံးမှာ storage အနေနဲ့ 32GB နဲ့ 64GB ဆိုပြီး onboard storage နှစ်မျိုး ပါရှိမှာပါ။ storage အနေနဲ့ microSD card စိုက်ပြီး ထပ်တိုးလို့ လည်း ရမှာ ဖြစ်ပါတယ်။

play

 

ကင်မရာမှာတော့ ကျောဘက်မှာ 16MP ကင်မရာနဲ့ ရှေ့ ဘက်မှာ 5MP ကင်မရာကို သုံးထားပါတယ်။ Redmi 5 ဟာ ဘက်ထရီအားသွင်းနည်းပညာသစ် Quick Charge 3.0 ပါတဲ့ 3680 mAh ဘက်ထရီအကြီးစား ပါရှိမှာ ဖြစ်လို့ ဖုန်းကို စိတ်ကြိုက်ကြာကြာ သုံးနိုင်တော့မှာ ဖြစ်ပါတယ်။ လက်ဗွေစနစ်လည်း သုံးသွားမယ့် ဒီဖုန်းဟာ ဗားရှင်းအလိုက် အနည်းဆုံး ၁၂၅ ဒေါ်လာ (မြန်မာငွေ ၁ သိန်း ၇ သောင်းဝန်းကျင်) ကနေ အမြင့်ဆုံးဗားရှင်းအတွက် ဒေါ်လာ ၁၉၀ (မြန်မာငွေ ၂ သိန်းခွဲကျော်) ဈေးများနဲ့  ရောင်းချသွားမှာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ