Mobile: Xiaomi Redmi Note 4 ကို ဇန်နဝါရီ ၁၉ ရက်နေ့ တွင် အိန္ဒိယ၌ ဖြန့် ချိသွားဖွယ်ရှိ

ဗားရှင်း နှစ်မျိုးနဲ့ ထွက်လာမှာပါ။

play

 

အိန္ဒိယမှာ ရောင်းအားတက်လာတဲ့ Xiaomi ဟာ အခုဆို သူ့ ရဲ့ Redmi Note 4 ကို မကြာခင်မှာ ဖြန့် ချိရောင်းချသွားဖို့ လုပ်နေပါတယ်။ ကုမ္ပဏီဟာ ၂၀၁၆ ခုနှစ်ထဲမှာ ဒေါ်လာ ၁ ဘီလျံကျော် အမြတ်အစွန်းထွက်ခဲ့တယ်လို့ မကြာသေးမီကပဲ ကြေငြာခဲ့ပါတယ်။ Xiaomi ဟာ တလောကပဲ အိန္ဒိယဖောက်သည်များအကြား ရေပန်းစားနေတဲ့ Redmi Note 3 နဲ့ တစ်ခြား ဖုန်းများ မိတ်ဆက်ခဲ့ပါတယ်။

နောက်ထပ် ဖုန်းအသစ် မိတ်ဆက်ပွဲကိုလည်း အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ မှာ ဇန်နဝါရီလ ၁၉ ရက်နေ့ တွင် ကျင်းပသွားဖို့ လုပ်နေပါတယ်။ Xiaomi အနေနဲ့ ဘယ်ဖုန်းကို ကြေငြာမိတ်ဆက်သွားမယ်လို့ အတိအကျ ဖော်ပြမထားပေမယ့် နာမည်ကျော် Note 3 ရဲ့ အဆက် Redmi Note 4 ကို ဖြန့် ချိသွားမယ်လို့ ခန့် မှန်းနေကြပါတယ်။

Note 4 ကို ပြီးခဲ့တဲ့ သြဂုတ်လတုန်းက တရုတ်မှာ ကြေငြာခဲ့တာပါ။ ဈေးနှုန်းသင့်တင့်တဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ပြီး မျက်နှာပြင် ၅.၅ လက်မအရွယ် HD display နဲ့ လာပါတယ်။ တရုတ်နိုင်ငံမှာ ရောင်းချခဲ့တဲ့ Note 4 မှာ MediaTek Helio X20 processor သုံးထားပေမယ့် အိန္ဒိယ Note 4 ဗားရှင်းမှာတော့ Snapdragon chipset ကို သုံးသွားဖို့ ရှိပါတယ်။

 

ဒီဖုန်းကို ဗားရှင်းနှစ်မျိုးနဲ့ ဝယ်ယူရရှိနိုင်မှာပါ။ RAM 2GB နဲ့ 16GB storage ဗားရှင်းဟာ ၈၉၉ ယန်း (ရူပီး ၉၀၀၀) ခန့် ကျသင့်မှာ ဖြစ်ပါတယ်။ 3GB RAM/64GB storage ဗားရှင်းဖုန်းကိုတော့ ၁၁၉၉ ယန်း ( ရူပီး ၁၂၀၀၀) လောက်နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

ဒီဖုန်းတွေမှာ နောက်ကင်မရာအဖြစ် f/2.0 အပါချာနှင့် အလိုအလျောက်ချိန်တဲ့ autofocus ပါ 13MP ကင်မရာ ၊ 5 MP ဆယ်လ်ဖီ ရှေ့ကင်မရာ ၊ ကျောဘက်မှာ လက်ဗွေစကင်နာ နှင့် 4100 mAh ဘက်ထရီ ပါရှိပါတယ်။ Redmi Note 4 ဖုန်းကို Android 6.0 Marshmallow နဲ့ run ပါတယ်။

play

 

အိန္ဒိယမှာ ရောင်းချမယ့် ဈေးနှုန်းအတိအကျနဲ့ ရောင်းချမယ့် ရက်စွဲကို လက်တလော မသိရသေးပေမယ့် ရှေ့ အပတ်မှာ လုပ်မယ့် ပွဲမှာ သိရှိရတော့မှာပါ။

Source: Xiaomi

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ