AD
AD
AD

တန်ဖိုးသင့် အန်းဒရိုက်ဖုန်းတစ်မျိုးဖြစ်ပြီး ကျောဘက် dual camera စနစ်နဲ့ လာမယ့် ZTE Blade V9 ကို လာမယ့် MWC ပွဲမှာ ကြေငြာသွားမယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်ကနေ မတ်လ ၁ ရက်နေ့ အထိ စပိန်နိုင်ငံ ဘာစီလိုနာမြို့ မှာ ကျင်းပသွားမယ့် MWC 2018 ပွဲမှာ Samsung ၊ LG နဲ့ Sony တို့ မှ တန်ဖိုးကြီး flagship စမတ်ဖုန်းများ မိတ်ဆက်ဖို့ စီစဉ်နေချိန်မှာ ZTE ကတော့ ကုမ္ပဏီရဲ့ ဘက်ဂျက်ဖုန်းနဲ့ ပွဲဝင်လာတာလည်း ဖြစ်ပါတယ်။ ဒီဖုန်းဟာ ZTE ရဲ့ ပထမဆုံး 18:9 aspect ratio သုံးဖုန်းဖြစ်ပြီး mid-range specs များနဲ့ ထွက်လာမှာပါ။

play

 

မျက်နှာပြင် ၅.၇ လက်မ 2160 x 1080 display နဲ့ လာတဲ့ ဒီဖုန်းဟာ processor ကိုတော့ အနိမ့်စား Snapdragon 450 chipset ပဲ သုံးသွားမယ်လို့ သတင်းထွက်နေပါတယ်။ RAM ပမာဏကိုတော့ အတိအကျမသိရသေးပေမယ့် 2GB ၊ 3GB နဲ့ 4GB တစ်ခုခုနဲ့ ထွက်လာဖို့ ရှိနေပါတယ်။ စိတ်ဝင်စားစရာကောင်းတာတစ်ခုက ဒီဖုန်းဟာ ဆော့်ဝဲလ်ဗားရှင်းကို နောက်ဆုံးထွက် Android 8.0 Oreo သုံးသွားမယ်ဆိုတဲ့ သတင်းပါ။

ဘက်ဂျက်ဈေးနဲ့ ထွက်လာမယ့် ဒီဖုန်းဟာ ကျောဘက်မှာ 16MP + 5MP ကင်မရာနှစ်လုံး သုံးထားပြီး fingerprint ကိုလည်း ကျောဘက်ကင်မရာအောက်မှာ ထည့်ထားတာ ဖြစ်ပါတယ်။ ရှေ့ ကင်မရာကတော့ 13MP ကင်မရာ ဖြစ်ပြီး ဘက်ထရီအနေနဲ့  3200 mAh ဘက်ထရီသုံးသွားမယ်လို့ ဆိုပါတယ်။

ကာလာအနေနဲ့ အနက်နဲ့ ရွှေ နှစ်ရောင်နဲ့ မိတ်ဆက်သွားဖို့ ရှိပြီး အမေရိကန်ဈေးကွက်ထဲ စတင် ဖြန့် ချိသွားမယ်လို့ လည်း သတင်းထွက်နေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD