AD
AD
AD

 ခေတ်ပေါ် စမတ်ဖုန်းရေစီးကြောင်းထဲ ရောက်လာတဲ့ နောက်ထပ် mid-range ဖုန်းသစ်တစ်မျိုးကတော့ ZTE ရဲ့ brand တစ်ခု ဖြစ်တဲ့ Nubia N3 ဖြစ်ပြီး dual camera ပါ တန်ဖိုးသင့် ဖုန်းစိတ်ဝင်စားသူများ မျက်စိကျမယ့် ဖုန်းတစ်လုံးလို့ ဆိုနိုင်ပါတယ်။

play

 

18:9 screen ပါ မျက်နှာပြင် ၅.၉၉ လက်မ IPS display သုံး Nubia N3 ရဲ့ display ဟာ resolution အနေနဲ့ 2160 x 1080p ရုပ်ထွက်ပါတဲ့ ရုပ်ထွက်မြင့် ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။ ဘေးဘောင်ပါး ဖုန်းဒီဇိုင်းနဲ့ လာတဲ့ ဒီဖုန်းဟာ Snapdragon 625 chipset ၊ RAM 4GB /storage 64GB နဲ့ ထွက်လာတာ ဖြစ်လို့ ဖုန်းစွမ်းရည် မနိမ့်ဘူးဆိုတာ မှန်းလို့ ရမှာပါ။ storage အနေနဲ့ microSD card အကူနဲ့ ထပ်တိုးနိုင်တာကြောင့် ဖုန်းသိုလှောင်အားနဲ့ ပတ်သတ်ပြီး စိတ်ညစ်ရမှာ မဟုတ်ပါဘူး။

 

ထူးခြားတာက 5000 mAh ဘက်ထရီအကြီးသုံးထားတာပါ။ ဘက်ထရီပါဝါတင် ကြီးတာမဟုတ်ဘဲ NeoPower 3.0 နည်းပညာသုံး 18W fast charging support ပေးထားတာကြောင့်လည်း အားသွင်းရ မြန်ဆန်နေမှာ ဖြစ်ပါတယ်။

Nubia N3 ဟာ ကျောဘက်မှာ အလျားလိုက် dual camera setup နဲ့ လာပေမယ့် ကင်မရာ lens တွေနဲ့ သူတို့ ရဲ့ စွမ်းဆောင်ရည်ကိုတော့ မသိရသေးပါဘူး။ ရှေ့ ကင်မရာကတော့ 16MP ဆယ်လ်ဖီကင်မရာ ဖြစ်ပြီး Android 7.1 Nougat နဲ့ လာတာပါ။ ဒီဖုန်းမှာ Nubia ဟာ အသံနဲ့ ထိန်းချုပ်နိုင်တဲ့ voice control feature တစ်ခု inbuilt ထည့်သွင်းထားမယ်လို့ ဆိုပါတယ်။ နောက်ထပ် ဘယ်လို features တွေ ပါသလဲတော့ အသေးစိတ်မသိရသေးပါဘူး။

play

 

ဈေးကွက်ထဲ မတ်လ ၂၄ ရက်နေ့ ကစပြီး Nubia N3 ကို အနက် ၊ ရွှေ နဲ့ အနီ ကာလာ ၃ မျိုးနဲ့ ရောင်းချသွားမှာပါ။ လောလောဆယ်မှာတော့ ဈေးနှုန်း မကြေငြာသေးပါဘူး။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD