Tech: နိုင်ငံပေါင်း ၁၀၀ ကျော်နဲ့ ချိတ်ဆက်နိုင်မယ့် MPTရဲ့ IP-VPN ကွန်ရက် စတင်အသုံးပြုနိုင်

ယခင် ဝန်ဆောင်မှုပေးခဲ့တဲ့ IP-VPN ကွန်ရက်ဆက်သွယ်မှုကို နိုင်ငံတာ အဆင့်ဝန်ဆောင်မှု အဖြစ် မြှင့်လိုက်တာပါ။

နိုင်ငံပေါင်း ၁၀၀ ကျော်ကို ချိတ်ဆက်အသုံးပြုနိုင်မယ့် MPT ရဲ့ IP-VPN Global Connection ကို စတင်အသုံးပြုနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

play

 

MPT ရဲ့ IP-VPN Global Connection ကို အသုံးပြုခြင်းအားဖြင့် စီးပွားရေးလုပ်ငန်းစုကြီးတွေ ၊ အစိုးရအဖွဲ့ အစည်းတွေအနေနဲ့ မြန်မာပြည်ကနေပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်ကို ချိတ်ဆက်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ယခုကွန်ရက်စနစ်သစ်ဟာ ယခင် ဝန်ဆောင်မှုပေးခဲ့တဲ့ IP-VPN ကွန်ရက်ဆက်သွယ်မှုကို နိုင်ငံတာ အဆင့်ဝန်ဆောင်မှု အဖြစ် မြှင့်လိုက်တာဖြစ်ပြီး ကွန်ရက် ပြတ်တောက်မှု ဖြစ်ခဲ့မယ်ဆိုရင် သုံးစွဲသူထံ ငွေပြန်အမ်းမယ့် အစီအစဉ်လည်း ထည့်သွင်းထားတယ်လို့ သိရပါတယ်။

 

ဒီ IP-VPN Global Connection ဟာ  တစ်သီးပုဂ္ဂလဖြစ်ပြီး Multi-Protocol Label Switching (MPLS) နည်းပညာကို အခြေပြုထားပြီး WAN ကွန်ရက်စနစ်နဲ့ ကုန်းပိုင်းဆက်သွယ်ရေးလမ်းကြောင်း ၄ ခုနဲ့ ရေအောက်ဆက်သွယ်ရေး လမ်းကြောင်း ၂ ခု ပေါ်မှာ ရယူဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။ ဒီဝန်ဆောင်မှုနဲ့ ပတ်သတ်ပြီး သိလိုရာများကို b2b@mptjo.com.mmမှာ မေးမြန်းနိုင်တယ်လို့ လည်း သိရပါတယ်။

Source: Internet Journal

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ