AD
AD
AD

MPT ရဲ့ LTE+ ကွန်ရက်ကို ပြင်ဦးလွင်မြို့ မှာ သုံးနိုင်ပြီ ဖြစ်ပါတယ်။ ဒီကွန်ရက်စနစ်ဟာ ဒေတာမြန်နှုန်း 150 Mbps အထိထောက်ပံ့ပေးနိုင်တဲ့ 4 x 4 MIMO စနစ် အသုံးပြုထားတာ ဖြစ်ပါတယ်။

play

 

လက်ရှိအချိန်မှာ MPT ဟာ ဒီကွန်ရက်စနစ်ကို  ပြင်ဦးလွင်မြို့ အပါအ၀င် တိုင်းဒေသကြီးတွေ နဲ့ ပြည်နယ်တွေမှာရှိတဲ့ မြို့ကြီး ၂၉ မြို့၊ မြို့နယ် ၇၉ ခုအထိဖြန့်ကျက်ပြီးပြီလို့ ဆိုပါတယ်။

“ကျွန်တော်တို့အနေနဲ့ ရှိပြီးသား တာဝါကွန်ရက်တွေကို အဆင့်မြှင့်ခဲ့ရုံသာမက တာဝါကွန်ရက် တွေကိုပါ တိုးချဲ့ဆောင်ရွက်ခဲ့ပါတယ်” လို့ MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda ကဆိုပါတယ်။

 

MPT အနေနဲ့ နိုင်ငံတစ်ဝန်း ကွန်ရက်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဇူလိုင်လ အစောပိုင်းက စတင်ကာ လုပ်ဆောင်နေတာဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးရှိ ပုသိမ်ကြီး၊ အမရပူရ၊ မြစ်ငယ်၊ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ ချမ်းမြသာစည်၊ မဟာအောင်မြေ၊ ပြည်ကြီးတံခွန်၊ တံတားဦး နဲ့ ညောင်ဦး မှာပါဖြန့်ကျက်ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

play

 

MPT ဟာ လာမယ့် စက်တင်ဘာလ ၂၇ ရက်မှာ ပြင်ဦးလွင်မြို့ရှိ ကျောက်တိုင် ကွင်း၊ ပြင်ဦးလွင် MPT စတိုးဆိုင်၊ မန္တလေး-လားရှိုး လမ်းတစ်လျှောက်နေရာအချို့၊ ဘူတာရုံလမ်းနဲ့ လားရှိုးလမ်းထောင့် အပါအဝင် နေရာအချို့တွင် ကွန်ရက်ဖြန့်ကျက်တဲ့အခမ်းအနားတွေကျင်းပသွားမယ်လို့ ဆိုပါတယ်။

Source : Internet Journal

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD