AD
AD
AD

MPT ရဲ့ LTE+ ကွန်ရက်ကို မြို့ နယ်ပေါင်း ၇၉ မြို့ နယ်မှာ အသုံးပြုနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

 

MPT LTE+ ကွန်ရက်ကို မြို့ ကြီး ၂၉ မြို့ မှ မြို့ နယ်ပေါင်း ၇၉ မြို့ နယ်မှာ စတင်အသုံးပြုနိုင်ပြီ ဖြစ်ပြီး Download အမြန်နှုန်း 75Mbps မှ 150Mbp အထိရရှိနိုင်တဲ့ လှိုင်းနှုန်းစဉ် 1.8 GHz ကိုအသုံးပြုထားတယ်လို့ဆိုပါတယ်။

play

 

MPT ဟာ အမြင့်မားဆုံး မြန်နှုန်း ပမာဏအဖြစ် (11.45) ရရှိခြင်းကြောင့် Ookla အဖွဲ့ အစည်းမှ ချီးမြှင့်တဲ့ အမြန်ဆုံးမိုဘိုင်းလ် ကွန်ရက်ဝန်ဆောင်မှုဆု ရရှိထားပါတယ်။ ဒီပမာဏဟာ LTE နည်းပညာသုံးနိုင်တဲ့ စမတ်ဖုန်းတွေအတွက် Download နဲ့ Upload အမြန်နှုန်းများကို စုပေါင်းပြီး မျှခြေရယူထားတဲ့ ပမာဏဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဆုဟာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ မှ ဇွန်လအတွင်း အင်တာနက်အမြန်နှုန်း စမ်းသပ်ထားတဲ့ စစ်ဆေးချက် သုတေသန အချက်အလက်များပေါ်မူတည်ပြီး အကဲဖြတ်ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

 Photo & Source : Internet Journal

Postby
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD