Mobile Money ဝန်ဆောင်မှုပေးသွားမယ့် MPT ဟာ ဒီဝန်ဆောင်မှုကို ပေးရာမှာ လက်ရှိရရှိထားတဲ့ အရောင်းဈေးကွက်ကို အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

play
Myanmar Connect 2017 အခမ်းအနားနှင့် Mobile Money အကြောင်း

 

“ကျွန်တော်တို့ အနေနဲ့ MPT Mobile Money ကို မကြာမီမှာ စတင်ပြီး ဝန်ဆောင်မှု ပေးသွားတော့မှာ ဖြစ်ပါတယ်၊ MPT Mobile Money အနေနဲ့ ဘဏ်နဲ့ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများကို လက်လှမ်းမမှီ သေးတဲ့ မြန်မာနိုင်ငံတစ်ဝန်း၊ ဝေးလံသီခေါင်တဲ့ ဒေသများမှ ပြည်သူများပါမကျန် အားလုံးအတွက် လုံခြုံစိတ်ချရပြီး ရိုးရှင်းလွယ်စွာ အသုံးပြုနိုင်တဲ့ မိုဘိုင်းလ်ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု (Mobile Financial Services) များကို ကျယ်ပြန့်ထိရောက်စွာ ပေးအပ်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဆိုပြီး Head of MPT Mobile Money ဖြစ်သူ Mr. Rozano Planta ကပြောပါတယ်။

 

MPT ဟာ မိုဘိုင်းလ် ငွေကြေး လွှဲပြောင်းမှုလုပ်ငန်းတွေကနေ ကနဦးဆောင်ရွက်သွားမှာ ဖြစ်ပြီး ငွေပေးချေမှုအပိုင်းတွေမှာပါ ဆောင်ရွက်သွားမယ်လို့  သိရပါတယ်။ လောလောဆယ်မှာတော့ Mobile Money ဝန်ဆောင်မှုအတွက် MPT ဟာ ဗဟိုဘဏ်မှ လိုင်စင်စောင့်ဆိုင်းနေပြီး ကျွမ်းကျင်ဝန်ထမ်းနဲ့ ကိုယ်စားလှယ်များ ခန့် အပ်ရှာဖွေပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

Source: Internet Journal

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video