AD
AD
AD

ဆက်သွယ်ရေးအော်ပရေတာတွေ နည်းပညာဆိုင်ရာလုပ်ငန်းတွေပါဝင်ဆွေးနွေးမယ့် Myanmar Connect 2017 အခမ်းအနားကို နေပြည်တော်မှာ ကျင်းပသွားတော့မယ်လို့ သိရပါတယ်။

play

 

လာမယ့် စက်တင်ဘာလ ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာ ကျင်းပသွားမယ့် ဒီပွဲမှာ နည်းပညာနဲ့ ဆက်နွှယ်တဲ့ စီးပွားရေးဆိုင်ရာ အကြောင်းအရာတွေ၊ ဆက်သွယ်ရေး နည်းပညာ၊ မြန်မာနိုင်ငံအတွင်း ဝန်ဆောင်မှုပေးလျက်ရှိတဲ့ အော်ပရေတာတွေရဲ့ ဝန်ဆောင်မှု အကြောင်းအရာတွေ ပါဝင်ဆွေးနွေးမယ်လို့ ဆိုပါတယ်။ ယခုကျင်းပသွားမယ့် အခမ်းအနားဟာ ငါးကြိမ်မြောက် ဖြစ်တယ်လို့ လည်း သိရပါတယ်။

စတုတ္ထအကြိမ် Myanmar Connect 2016 အခမ်းအနားမှာတော့ အဖွဲ့အစည်းပေါင်း ၂၀၀ နီးပါးမှ ကိုယ်စားလှယ်ပေါင်း ၄၀၀ ဝန်းကျင် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီပွဲမှာ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ MPT, Ooredoo, Telenor စတဲ့ ကုမ္ပဏီတွေ၊ Gateway ဆိုင်ရာနည်းပညာကုမ္ပဏီတွေက လက်ရှိမြန်မာနိုင်ငံအတွင်း ဆောင်ရွက်နေတဲ့ နည်းပညာဆိုင်ရာတွေကို ဆွေးနွေးခဲ့ကြတာဖြစ်ပြီး ၂၀၁၆၊ စက်တင်ဘာ ၁၃ ရက်နဲ့ ၁၄ ရက်တွေ မှာကျင်းပခဲ့တာဖြစ်ပါတယ်။

 

၂၀၁၆ အခမ်းအနားမှာတုန်းက အရှေ့တောင်အာရှ နိုင်ငံတွေကြား သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာနိုင်ငံ အသစ်တစ်ခု ဖြစ်လာစေဖို့ အတွက် ဆွေးနွေးခဲ့ပါတယ်။ ဒေသဆိုင်ရာ ဖွံ့ဖြိုးရေး စီမံချက်တွေဖြစ်တဲ့ AsiaPacific Information Superhighway နဲ့ Silk Road ရဲ့ ပဏာမခြေလှမ်းတွေကို မြန်မာနိုင်ငံမှာ ဘယ်လိုအကျိုးရှိရှိအသုံးချနိုင်မလဲဆိုတာကိုပါ ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ် ။

Source: Internet Journal

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD