AD
AD
AD

ပြည်တွင်းကို ရောက်လာမယ့် စတုတ္ထမြောက် အော်ပရေတာ Myanmar National Tele and Communication (MNTC) ရဲ့ ဝန်ဆောင်မှုတွေကို လာမယ့် ၂၀၁၈ ခုနှစ် ပထမသုံးလပတ်မှာ စတင်မိတ်ဆက်သွားမယ်လို့ ဆိုပါတယ်။

play

 

MyTel ရဲ့ ပြင်ပဆက်သွယ်ရေးအရာရှိချုပ် ဦးဇော်မင်းဦးက နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Myanmar Connect 2017 ပွဲမှာ “ကျွန်တော်တို့အနေနဲ့ လာမယ့် ၂ဝ၁၈ ခုနှစ် ပထမကွာတားမှာ MyTel ကို မိတ်ဆက်သွားဖို့ရှိပါတယ်” ဟု ပြောကြားခဲ့တာဖြစ်ပါတယ်။

MyTel ဟာ ကွန်ရက်ဝန်ဆောင်မှုပေးရာမှာ 2G, 3G နှင့် 4G ကို ကွန်ရက်သုံးခုစလုံးကို ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ပြီး ယခုဈေးကွက်အတွင်း တခြားဆက်သွယ်ရေးအော်ပရေတာတွေနဲ့ ပြိုင်ဆိုင်ရာမှာ အများထက်ပိုမိုလျော့နည်းသော ဈေးနှုန်းဖြစ်လာနိုင်တယ်လို့သိရပါတယ်။ ဒါ့အပြင် ဝန်ဆောင်မှုများ စတင်မိတ်ဆက်ချိန်မှာ  Value Add Service များပါ တစ်ပါတည်း ပါဝင်လာမှာဖြစ်ပြီး အင်တာနက်သုံးစွဲသူတစ်ဦးလျှင် 1Mbps မြန်နှုန်းအထိ ရရှိအောင် ဆောင်ရွက်သွားမယ်လို့ MyTel က ဇန်န၀ါရီလမှာ ကျင်းပပြုလုပ်တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။

 

MyTel ကို လက်ရှိ MecTel 800MHz အတွက် တာဝန်ယူဆောင်ရွက်နေတဲ့ Star High ကုမ္ပဏီလီမိတက်၊ ဗီယက်နမ်အခြေစိုက် Viettel နှင့် ပြည်တွင်းကုမ္ပဏီ ၁၁ ခုပါဝင်တဲ့ Myanmar National Telecom Holding Public ကုမ္ပဏီအဖြစ် ဖွဲ့စည်းထားတာဖြစ်ပါတယ်။

Photos & Source: Internet Journal

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD