AD
AD
AD

Ooredoo မှ ဖုန်းဘေလ်ဖြည့်တိုင်း ကိုယ်ဖြည့်လိုက်တဲ့ ပမာဏပေါ်လိုက်ပြီး အပို ထပ်ဆောင်းပေးသွားမည့် အစီအစဉ်တစ်ခုကို ပြုလုပ်သွားတော့မယ်လို့ ဆိုပါတယ်။

play

 

သောကြာနေ့ တိုင်း ရယူနိုင်တဲ့ ဒီအစီအစဉ်မှာ Easy Top Up နဲ့ ငွေဖြည့်ခြင်းအပြင် ခဲခြစ်ကတ်နဲ့ ငွေဖြည့်ခြင်းများအတွက်ပါ အကျုံးဝင်မှာ ဖြစ်ပြီး စက်တင်ဘာလ ၁၅ ရက်နေ့ ကစတင်သွားမှာ ဖြစ်ပါတယ်။

Easy Top Up နဲ့ ငွေဖြည့်မယ်ဆိုရင် ၁၀၀၀ ကျပ်အတွက် ၁၅% ၊ ၃၀၀၀ ကျပ်အတွက် ၃၀% ၊ ၅၀၀၀ ကျပ်နဲ့ ကျပ် ၁၀၀၀၀ အထက်များအတွက် ၅၀% အပိုထပ်ဆောင်းပေးသွားမှာ ဖြစ်ပါတယ်။ ခဲခြစ်ငွေဖြည့်ကတ်များမှာတော့ ၁၀၀၀ ကျပ်ကို ၁၀ ရာခိုင်နှုန်း၊ ၃၀၀၀ ကျပ်ကို ၁၅ ရာခိုင်နှုန်း၊ ၅၀၀၀ ကျပ်နှင့် ကျပ်တစ်သောင်းငွေဖြည့်ခြင်းအတွက် ၂၅ ရာခိုင်နှုန်း ရရှိသွားမယ်လို့ ဆိုပါတယ်။

 

အပိုထပ်ဆောင်း လက်ဆောင်များကို Ooredoo အချင်းချင်းဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်းနှင့် အင်တာနက်သုံးခြင်းတို့ကို ပြုလုပ်နိုင်မှာဖြစ်သလို အသုံးပြုနိုင်သည့် သက်တမ်းအနေဖြင့် တနင်္ဂနွေနေ့ ညအထိ သုံးနိုင်မယ်လို့ သိရပါတယ်။

Source: Internet Journal

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD