AD
AD
AD

Ooredoo Myanmar မှ သီတင်းကျွတ်ကာလအတွင်း ဆက်သွယ်ပြောဆိုရေးနဲ့ အင်တာနက်ဒေတာသုံးစွဲမှုအတွက် အထူးဈေးနှုန်းများ သတ်မှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

ဖလန်းဖလန်းဒေတာ နှင့် ရွှန်းရွှန်းဝေ အစီအစဉ်တွေကနေ ဒေတာသုံးမယ်ဆိုပါက 1MB ကို ၅ ကျပ်နဲ့ ဖုန်းခေါ်ရာမှာ ၁ မိနစ် ၁၀ ကျပ်နှုန်းနဲ့ အောက်တိုဘာလ ၃ ရက်နေ့ က စတင်သုံးနိုင်ပြီဖြစ်တယ်လို့ Ooredoo ကနေ သတင်းထုတ်ပြန်ထားပါတယ်။

 

“ကျွန်တော်တို့ဟာ မိုဘိုင်းဖုန်းအသုံးပြုသူတွေ အချင်းချင်း ဆက်သွယ်ဖို့အတွက် လိုအပ်ချက်ပေါ်မူတည်ပြီး အသုံးပြုလို့ရအောင် ဖုန်းခေါ်ဆိုခရော ဒေတာအသုံးပြုခ နှစ်မျိုးစလုံးအတွက်ကို ဈေးကွက်ထဲမှာ အသက်သာဆုံးနှုန်းထားနဲ့ ၀န်ဆောင်မှု ပေးအပ်သွားမှာပါ။ အခုဆိုရင်အများပြည်သူ ရုံးပိတ်ရက်တွေရှိတဲ့ ထူးခြားလှတဲ့ သီတင်းကျွတ်ပွဲတော် အချိန်အခါသမယမှာ မိသားစုဝင်အချင်းချင်းနီးစပ်ဖို့ ဆက်သွယ်နိုင်ဖို့ရာ အူရီဒူးအသုံးပြုသူတိုင်းဟာ ဖုန်းခေါ်ဆိုခရော ဒေတာအသုံးပြုခအတွက်ပါ ဈေးကွက်ထဲမှာ အသက်သာဆုံးဈေးနှုန်းဖြင့် အသုံးပြုနိုင်ပြီဖြစ်ပါတယ်။” လို့အူရီဒူးမြန်မာရဲ့CEO ဖြစ်တဲ့ Mr. Vikram Sinha မှ ဆိုပါတယ်။

play

 

Ooredoo သုံးစွဲသူတွေအနေနဲ့ *7755# ကို ဖုန်းခေါ်ပြီး ဈေးနှုန်းရွေးချယ်ပြီး ကိုယ်သုံးလိုတဲ့ ပုံစံအတိုင်း ဝယ်ယူသုံးစွဲနိုင်မယ်လို့ ဆိုပါတယ်။ ဒီရွးချယ်မှုကို အခမဲ့ပြုလုပ်နိုင်ပြီး သုံးစွဲသူလိုအပ်ချက်ပေါ်မူတည်ပြီး အစီအစဉ်တစ်ခုကနေ တခြားတစ်ခုသို့ တစ်နေ့လျှင်တစ်ကြိမ် ပြောင်းလဲနိုင်မယ်လို့ သိရပါတယ်။

Source: Internet Journal

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD