ဖုန်းတစ်လုံးနဲ့ Ooredoo ဆင်းမ်ကတ်တစ်ခု ရှိရုံနဲ့ တင် မြန်မာနိုင်ငံအနှံ့  ကြိုက်တဲ့နေရာကို အချိန်မရွေး ငွေလွှဲငွေထုတ်လုပ်နိုင်တဲ့ M-ပိုက်ဆံဝန်ဆောင်မှုသစ်ကို Ooredoo မှ စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

 

ဒီဝန်ဆောင်မှုဟာ ဖုန်းအချင်းချင်း ချိတ်ဆက်ကပြီး ငွေလွှဲပေးနိုင်တာ ဖြစ်ပြီး လက်ရှိမှာ ရန်ကုန် ၊ နေပြည်တော်နဲ့ မန္တလေးတို့ မှာ စတင် အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ ငွေလွှဲပေးပို့ ဖို့ အတွက် ဘယ် SIM card ကိုမဆို ငွေလွှဲပြောင်းနိုင်ပြီး လုပ်ဆောင်ချက်အားလုံးအတွက် ကိုယ်ပိုင် PIN နံပါတ်နဲ့ လုံခြုံစိတ်ချစွာ ငွေလွှဲပြောင်းနိုင်မယ်လို့ သိရပါတယ်။

M-ပိုက်ဆံဝန်ဆောင်မှုကို သုံးမယ့်သူဟာ Ooredoo ဖုန်းနံပါတ်တစ်ခုနဲ့ စားရင်းသွင်းပြီး နီးစပ်ရာ Ooredoo ရဲ့ M-ပိုက်ဆံကိုယ်စားလှယ်များဆီမှာ ကိုယ်ထည့်ချင်သလောက် ငွေဖြည့်သွင်းထားနိုင်မှာ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ဒီဝန်ဆောင်မှုကို သုံးဖို့ M-ပိုက်ဆံ အက်ပလီကေးရှင်းကို ကိုယ့်ဖုန်းမှာ Install သွင်းဖို့ *977# ကို ဖုန်းခေါ်ပြီး ဖြစ်စေ Google Play Store နဲ့ App Store များကဖြစ်စေ ဒေါင်းလုပ်ဆွဲပြီး သွင်းထားရမှာပါ။

play

 

ဒီဝန်ဆောင်မှုကို သုံးပြီး ငွေလွှဲခြင်း ၊ ငွေလက်ခံခြင်း ၊ ဖုန်းဘေလ်ဖြည့်ခြင်း အပြင် M-ပိုက်ဆံကိုယ်စားလှယ်ဆီမှာ ငွေသား ထုတ်ခြင်းများအထိ လုပ်ဆောင်နိုင်မယ်လို့ သိရပါတယ်။  လောလောဆယ်မှာတော့ M-ပိုက်ဆံနဲ့ ဖုန်းဘေလ်ဖြည့်တိုင်း ကိုယ်ဖြည့်လိုက်တဲ့ ဖုန်းဘေလ်ပေါ်မူတည်ပြီး ၂ ဆပြန်ပေးနေတဲ့ အစီအစဉ်တစ်ခုကို Ooredoo မှ ဆောင်ရွက်နေပါတယ်။ ဒီအစီအစဉ်အရ အပိုဖုန်းဘေလ်ကို စတင်ရရှိသည့် ရက်မှ ၃ ရက်အတွင်းသာအသုံးပြုနိုင်မယ်လို့ လည်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video