Ooredoo M-ပိုက်ဆံအက်ပလီကေးရှင်းသုံးပြီး ကိုယ်စားလှယ်ပေါင်း ၂၄၀၀ ဆီကနေ တစ်ဆင့် ငွေလွှဲငွေထုတ်လုပ်နိုင်ပြီလို့ သိရပါတယ်။

Postby

 

Ooredoo ရဲ့ ကိုယ်စားလှယ်တွေကို ရန်ကုန် ၊ နေပြည်တော် ၊ မန္တလေး ၊ ပဲခူးနဲ့ တောင်ကြီးတို့ မှာ ထားရှိပြီး ဖြစ်သလို ကျေးလက်နဲ့ မဖွံ့ ဖြိုးသေးတဲ့ ဒေသတွေအတွက်ပါ ကိုယ်စားလှယ်ပေါင်း ၇၅၀၀ ကို မကြာခင် ထပ်တိုးသွားမယ်လို့ ဆိုပါတယ်။ ဒီကိုယ်စားလှယ်တွေဆီမှာ Ooredoo M-ပိုက်ဆံဝန်ဆောင်မှုနဲ့ ငွေသွင်း ၊ ငွေထုတ် ၊ ငွေလွှဲပြောင်းတာတွေ လုပ်ဆောင်နိုင်တော့မှာပါ။

play

 

“မြန်မာနိုင်ငံမှာ မိုဘိုင်းငွေကြေးဝန်ဆောင်မှုများအတွက် စစ်မှန်တဲ့လိုအပ်ချက်ရှိပါတယ်၊ ကျွန်တော် တို့မှာ M-ပိုက်ဆံအတွက် ကြီးမားတဲ့ အစီအစဉ်တွေရှိနေပါတယ်၊ သိပ်မကြာမီလများအတွင်းမှာ သုံးစွဲသူ များအတွက် ထပ်မံမိတ်ဆက်ပေးမည့် ထပ်ဆောင်းဝန်ဆောင်မှုများ၊ ဘဏ်များနှင့် စီးပွားရေး လုပ်ငန်းများအတွက် လုပ်ဆောင်ချက်ပိုင်းဆိုင်ရာ တိုးချဲ့ဆောင်ရွက်ပေးသွားမှာပဲ ဖြစ်ပါတယ်” လို့ Ooredoo Myanmar ရဲ့ Acting CEO ဖြစ်တဲ့ Mr. Vikram က ပြောပါတယ်။

play

 

Ooredoo M-ပိုက်ဆံဝန်ဆောင်မှုကို ၂၄ နာရီပတ်လုံး အသုံးပြုနိုင်မှာ ဖြစ်ပြီး မကြာခင်မှာ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေ ဝယ်ဖို့ အတွက် ငွေပေးချေရာမှာ QR Code စနစ် ၊ အိမ်တွင်း အထွေထွေ အသုံးစရိတ်နဲ့ စည်ပင်သာယာရေးငွေချေခတွေကိုပါ ပေးဆောင်နိုင်ဖို့ ထည့်သွင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

 

ဒီဝန်ဆောင်မှုကို မှတ်ပုံတင်မထားရသေးဘဲ သုံးစွဲနေသူများအနေနဲ့ Ooredoo စတိုးတွေကနေတစ်ဆင့် အသုံးပြုနိုင်တယ်လို့ လည်း သိရပါတယ်။ Ooredoo M-ပိုက်ဆံဝန်ဆောင်မှုဟာ CB Bank နဲ့ ချိတ်ဆက်ထားတာ ဖြစ်လို့ ဒီဝန်ဆောင်မှုကို အသုံးပြုသူတွေဟာ အသုံးပြုသူရဲ့ CB Bank ဘဏ်စာရင်းနဲ့ Mobile Money အကြား ငွေသွင်းငွေထုတ် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ှSource: Internet Jouranl

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video