AD
AD
AD

၂ဝ၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်က International Quality and Productivity Centre (IQPC Singapore) မှ စီစဉ်ကျင်းပခဲ့တဲ့ Customer Experience Asia Excellence Awards 2017 ဆုပေးပွဲ အခမ်းအနားမှာ  “အကောင်းဆုံး ဆိုရှယ်မီဒီယာ မဟာဗျူဟာ” ကဏ္ဍအတွက် ဂုဏ်ထူးဆောင်မှတ်တမ်းဆုကို Ooredoo Myanmar မှ ရရှိခဲ့တယ်လို့ သိရပါတယ်။

play
အူရီဒူးမြန်မာသုံးစွဲသူဝန်ဆောင်မှုစင်တာ၏ ဒါရိုက်တာဖြစ်သူ ကိုစောဆဲသပ်ကလဲမှ လက်ခံရယူနေစဉ်

 

အာရှတစ်ဝှမ်း အကောင်းဆုံး သုံးစွဲသူဝန်ဆောင်မှုကို ကိုယ်စားပြုတဲ့ ဒီဆုအတွက် ဘဏ္ဍာရေး၊ ဆက်သွယ်ရေး၊ ပို့ဆောင်ရေး၊ သတင်းအချက်အလက်နည်းပညာ၊ ထောက်ပံ့ ပို့ဆောင်ရေး လုပ်ငန်းများထဲမှ လူသိများထင်ရှားတဲ့ အဖွဲ့အစည်းပေါင်းများစွာကနေ အဓိကကဏ္ဍကြီး ၁၂ ခုခွဲပြီး ယှဉ်ပြိုင်ခဲ့ကြပါတယ်။ Customer Experience Asia Excellence Awards 2017 ဆုပေးပွဲမှာ အကောင်းဆုံးသုံးစွဲသူဝန်ဆောင်မှုဆု၊ အကောင်းဆုံးသုံးစွဲသူဝန်ဆောင်မှုအဖွဲ့၊ အကောင်းဆုံး သုံးစွဲသူဝန်ဆောင်မှုစင်တာ၊ အကောင်းဆုံးဆိုရှယ်မီဒီယာ မဟာဗျူဟာ၊ အကောင်းဆုံး ဒီဂျစ်တယ်ဝန်ဆောင်မှု၊ သုံးစွဲသူဝန်ဆောင်မှုပေးအပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုနည်းပညာကို အကောင်းဆုံး အသုံးချနိုင်မှု၊ အကောင်းဆုံး ၀န်ဆောင်မှုပေးနိုင်သော အမှတ်တံဆိပ် အကောင်းဆုံး ဝန်ထမ်းများနှင့် စေ့စပ်ညှိနှိုင်းဆောင်ရွက်နိုင်မှုနှင့် အခြားကဏ္ဍများအတွက် ဆုပေးခဲ့တာ ဖြစ်ပါတယ်။

အကောင်းဆုံး ဆိုရှယ်မီဒီယာမဟာဗျူဟာဆုအတွက် ဆန်ကာတင်ရွေးချယ်ခြင်းခံရသည့် ကုမ္ပဏီများမှာ China CITIC Bank, DBS Bank Singapore Ltd, Dell, HP Customer Support, Kasikorn Bank Thailand, Maybank, Philippine Savings Bank နှင့် အူရီဒူးမြန်မာတို့ ပါဝင်ခဲ့ပါတယ်။ ဂုဏ်ထူးဆောင်မှတ်တမ်းတင်ဆု ဆွတ်ခူးရရှိခဲ့တဲ့ Ooredoo Myanmar ဟာ ပြိုင်ပွဲဝင်များထဲမှာ သက်တမ်းအနုဆုံးပြိုင်ပွဲဝင် လုပ်ငန်းတစ်ခု ဖြစ်ပြီး ဆန်ကာတင်စာရင်းမှာ ပါသည့် တစ်ခုတည်းသော ဆက်သွယ်ရေးလုပ်ငန်းလည်း ဖြစ်ပါတယ်။

 

Ooredoo Myanmar ရရှိခဲ့တဲ့ ဆိုရှယ်မီဒီယာ မဟာဗျူဟာ အကောင်းဆုံးဆုဟာ ကောင်းမွန်စွာ ဆက်သွယ်ဆောင်ရွက်ရေးမှာ ဗျူဟာမြောက်နည်းလမ်းတစ်ခုအဖြစ် အသုံးချနိုင်ခြင်း ၊ စေ့စပ်ညှိနှိုင်းဆောင်ရွက်ခြင်း ၊ ဝန်ဆောင်မှုများ ပံ့ပိုးပေးနိုင်ခြင်းမှာ ဆိုရှယ်မီဒီယာကို ဆက်သွယ်မှုကြားခံတစ်ခုအဖြစ် အသုံးပြုနေတဲ့ အဖွဲ့ အစည်းတွေကို အသိအမှတ်ပြု ချီးမြှင့်ခဲ့တာဖြစ်တယ်လို့  သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD