AD
AD
AD

ဌာနဆိုင်ရာများ ၊ စီးပွားရေးလုပ်ငန်းများအပြင် ကျောင်းပညာရေးများမှာပါ အသုံးပြုနိုင်စေဖို့ ကွန်ပျူတာတက္ကသိုလ် (တောင်ငူ)မှ ကျောင်းသား ကျောင်းသူများ ရေးဆွဲထားတဲ့ မိုဘိုင်းအက်ပလီကေးရှင်းများကို လာမယ့် အောက်တိုဘာလ ၃ ရက်နေ့ တောင်ငူမြို့ ခပေါင်းခန်းမမှာ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ စမ်းသပ်ပြသပြီး အခမဲ့ ဖြန့် ဝေသွားတော့မယ်လို့ သိရပါတယ်။

Postby

 

ကွန်ပျူတာတက္ကသိုလ် (တောင်ငူ) ကျောင်းသားကျောင်းသူများဟာ  တောင်ငူလမ်းညွှန် ၊ တောင်ငူအစားအသောက်လမ်းညွှန်၊ တောင်ငူ ကားလမ်းညွှန်၊ အခမ်းအနားလမ်းညွှန် ၊ စားသောက်ဆိုင်များတွင် ထိန်းချုပ်သည့် POS Product များ ၊ ကိုယ်ပိုင်လုပ်ငန်းများတွင် အရှုံး/အမြတ်တွက်ချက်သည့် Product များ၊ အခြားခရီးသွားလုပ်ငန်းများ၊ ရုံးဌာနများအတွက် မိုဘိုင်းလ် ဖုန်းမှတစ်ဆင့် ရုံးတက်၊ ရုံးဆင်း ထိန်းချုပ်နိုင်သည့် စနစ်များ၊ ကျောင်းသားကျောင်းသူများအတွက် တက္ကသိုလ်ဝင်တန်း Physics Test ဓမ္မဓိဌာန် ဖြေဆိုနိုင်သည့် စနစ်များ၊ ကလေးငယ်များအတွက် ပုံဆွဲလေ့ကျင့်နိုင်သည့် Mobile Application များ ၊ ပျော်ရွှင်ဖွယ် Kids Knowledge Application များ၊ မြေကြီး စိုထိုင်းဆ ၊ အပူချိန် နှင့် အလင်းတို့ကို Sensor မှတစ်ဆင့် ရယူတွက်ချက်၍ အပင်များအား လိုအပ်သည့် ရေပမာဏ ထိန်းညှိရေလောင်းပေးမည့် စနစ်၊ လှုပ်ရှားမှု တစ်ခုအား ပုံတူယူ၍ ထပ်ခါထပ်ခါ ဆောင်ရွက်ပေးမည့် Robot စနစ် ၊ Wireless Drone တစ်ခုအား ထိန်းချုပ် ပျံသန်းဓာတ်ပုံရိုက်လုပ်ငန်းများအား Remote Control အသုံးပြုပြီး တပ်ဆင်တည်ဆောက်သွားမည့် စနစ်၊ Motion sensor မှတစ်ဆင့် အိမ်အတွင်းလူဝင်လာလျှင် မိမိဖုန်းသို့ Message ပို့သည့်စနစ် ၊ Low cost Arduino Mini CNC တစ်ခု၏ Function များ ရေးသားဆောင်ရွက်သည့် စနစ်၊ Embedded နည်းပညာ အသုံးပြု၍ LED မီးသီး သုံးစွဲမှုလျှော့ချထားသည့် LED Display Rotation Clock တစ်ခု တည်ဆောင်ခြင်း စနစ်နှင့် Low cost freezer တစ်ခု၏ function များဆောင်ရွက်သည့် စနစ်များအား နေအိမ်များနှင့် လုပ်ငန်းခွင်များတွင် အသုံးပြုနိုင်ရန် မိုဘိုင်းအက်ပလီကေးရှင်းအသွင် တီထွင်ဖန်တီးထားတယ်လို့ ဆိုပါတယ်။

 

ကွန်ပျူတာတက္ကသိုလ် (တောင်ငူ) ဟာ ကျောင်းသားကျောင်းသူများရဲ့ တီထွင်မှုများကို နှစ်စဉ်ပြသလာခဲ့တာ ဒီနှစ်အပါအဝင် ၄ ကြိမ်ထိ ရှိလာပြီ ဖြစ်ပြီး တစ်နှစ်ထက် တစ်နှစ် ပိုမို ဆန်းသစ်တဲ့ တီထွင်ချက်များကို ပြသသွားမယ်လို့ လည်း ဒုတိယပါမောက္ခချုပ် ဒေါက်တာ အိအိလှိုင်က ပြောပြပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD