AD
AD
AD

မြန်မာဘလော့ဂါအသိုင်းအဝိုင်းမှ ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဒီနေ့ ခေတ် လူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ Social Influencers များစုပေါင်းပြီး မြန်မာ့လူမှုကွန်ရက်ရေစီးကြောင်းအပေါ် ရှုမြင်ကြပုံတွေကို စုပေါင်း ဆွေးနွေးရင်း အသိပညာဖလှယ်သွားကြမယ့် စကားဝိုင်းလေးတစ်ခုကို လာမယ့် စက်တင်ဘာလ ၃၀ရက်နေ့ မှာ ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။

play

 

ဒီနေ့ ခေတ် မြန်မာနိုင်ငံမှာ လူတိုင်းလိုလို လူမှုကွန်ရက်နဲ့ မကင်းနိုင်ချိန်မှာ ဒီလူမှုကွန်ရက်ကို ဘယ်လိုမျိုး အကျိုးရှိအောင် သုံးမယ် ၊ ဘယ်လိုမျိုး နာမည်တစ်ခု တည်ဆောက်မယ် စတာတွေအပြင် လူမှုကွန်ရက်ပေါ်က ဆောင်ရန် ရှောင်ရန် ကျင့်ဝတ်များနဲ့ တာဝန်ယူ တာဝန်ခံရခြင်းများအကြောင်းကို ရင်းရင်းနှီးနှီး ပေါ့ပေါ့ပါးပါး ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။ ဒ့ါအပြင် social influencers လို့ ခေါ်တဲ့ လူမှုကွန်ရက်ပေါ်မှာ နာမည်ကျော်လာသူတွေရဲ့ လူမှုကွန်ရက်အတွေ့ အကြုံနဲ့ အတွေးအမြင်များအပြင် အမှတ်ရစရာ ဖြတ်သန်းချက်နဲ့ အခက်အခဲများအကြောင်းပါ ကြားသိရမှာပါ။

play

 

ဒီပွဲဟာ ၂၀၀၇ ခုနှစ် ကမ္ဘာ့ဘလော့ဂါများနေ့ ကစပြီး နှစ်စဉ်ဆိုသလို အများပြည်သူ အသိအမြင် တိုးပွားစေမယ့် ဟောပြောပွဲတွေနဲ့ ဆက်တိုက် လှုပ်ရှားခဲ့တဲ့ မြန်မာဘလော့ဂါအသိုင်းအဝိုင်း (Myanmar Blogger Society) ရဲ့ ဆယ်နှစ်ပြည့်အထိမ်းအမှတ်ပွဲလို့ ဆိုနိုင်သလို ဟောပြောမယ့် ပုဂ္ဂိုလ်များကလည်း အစဉ်အဆက် နာမည်ကြီးပုဂ္ဂိုလ်များမှသည် ဒီနှစ်ပိုင်းမှာ လူသိများလာသူများလည်း ပါဝင်မှာမို့ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ ယခု ဆွေးနွေးနှီးနှောပွဲကို အွန်လိုင်းကနေ ကြည့်ရှုလိုသူများအတွက်လည်း ပွဲအစီအစဉ် ကျင်းပပုံ အစမှ အဆုံးအထိကို တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်ပေးသွားမယ်လို့ ဆိုပါတယ်။

 

Responding of Influencer ပွဲကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှာ ရှိတဲ့ Impact Hub Yangon မှာ ညနေ ၃ နာရီကနေ ၈ နာရီအထိ ကျင်းပသွားမှာဖြစ်ပြီး တက်ရောက်လာသူများကို အမှတ်တရ လက်ဆောင်ပစ္စည်းလေးများပါ ပေးအပ်သွားမယ်လို့ သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD