Review: အိမ်မွေးတိရစ္ဘာန်လေးများရဲ့ စိတ်ခံစားချက်ကို သိရှိနိုင်မည့် လည်ပတ်များ

ထူးထူးခြားခြား နည်းပညာအသုံးအဆောင်လေး တစ်ချို့ ဖော်ပြပေးလိုက်ပါတယ်။

play

 

ကိုယ့်အိမ်မှာ မွေးထားတဲ့ အချစ်တော်ခွေးလေးများရဲ့ စိတ်ခံစားချက်တွေကို ဆက်သွယ်သိရှိနိုင်မယ့် လည်ပတ်ထွက်ပေါ်လာပါပြီ။

လာ့စ်ဗီးဂတ်စ်မှာ ကျင်းပသွားတဲ့ အီလက်ထရွန်းနစ်ထုတ်ကုန်ပြပွဲမှာ ဒီဝတ်စုံကှိုထုတ်ဖော်ပြသခဲ့တာပါ။ ဒီပွဲမှာ နာမည်ကြီး အီလက်ထရွန်းနစ် brands တွေဖြစ်တဲ့ Sony ၊ Samsung နဲ့ LG တို့ အားလုံးလိုလို ပါဝင်ပြသသွားခဲ့ပြီး တစ်ခြား ကုမ္ပဏီအငယ်များလည်း ပါဝင်ဆင်နွှဲသွားခဲ့ပါတယ်။

"ကိုယ့်အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ စိတ်အခြေအနေကို ခံစားကြည့်လိုက်ပါ" ဆိုတဲ့ စာသားနဲ့ အတူ  အထက်ပါပုံမှာ LED စာသားနဲ့ moody ဆိုပြီး လို့ Kyon pet tracker ဆိုင်တန်းလေးမှာ စာတမ်းကပ်ထားပါတယ်။

ဧပြီလထဲမှာ ရောင်းချသွားမယ့် ၂၄၉ ဒေါ်လာတန် ဒီ Pet Tracker ဟာ ခွေးလေးတွေရဲ့ အပြုအမူကနေ သူတို့ ရဲ့ စိတ်ခံစားချက်ကို ပုံဖော်သိရှိနိုင်မှာ ဖြစ်တယ်လို့ Kyon ရဲ့ အပြည်ပြည်ဆိုင်ရာ အရောင်းဌာနမှ နစ်ခ်ခရစ်စတာကစ် ကဆိုပါတယ်။

ဒီ ကိရိယာလေးဟာ ကိုယ့်ခွေးဟောင်နေတာနဲ့ ကိုက်ချင်တာကို ရပ်တန့် ခိုင်းလို့ ရနိုင်သလို "မင်းကို ချစ်တယ်" လို့ လည်း သူ့ ကို မက်ဆေ့ခ်ျပို့ ပေးနိုင်မှာပါ။ Pet Tracker ဆိုတဲ့အတိုင်း ကိုယ့်ခွေး သွားလေရာကို GPS သုံးပြီး တည်နေရာ  ခြေရာခံနိုင်ပါတယ်။

ယခုနှစ် အီလက်ထရွန်းနစ်ထုတ်ကုန်ပြပွဲမှာ Pet Tracker ကို ဝတ်ထားတဲ့ ကြောင်တစ်ကောင်ရဲ့ ပုံကို The Guardian သတင်းစာဆီ ခရစ်စတာကစ်က ပြသခဲ့ပါတယ်။ ဒီပွဲကို တက်ခဲ့တဲ့ နီကိုလတ်စ်ဆိုတဲ့ ကြောင်လေးဟာ ဒီလည်ပတ်ကို ဝတ်ဆင်ရတာ ကြိုက်တယ်လို့ လည်း ခရစ်စတာကစ်က ပြောပါတယ်။

play

 

ယခုနှစ်ပြပွဲမှာ ကင်မရာပါသည့် အီလက်ထရွန်းနစ်လမ်းကြောင်းပြ လက်ပတ်ပါ ကမ္ဘာ့ပထမဆုံး စက်ရုပ်ခရီးဆောင်အိတ်လို့ ခေါ်တဲ့ Cowarobot လည်း ထွက်လာပါတယ်။ ဒီခရီးဆောင်အိတ်ကို ၆၉၉ ဒေါ်လာနဲ့ ယခုနွေဦးမှာ ရောင်းသွားမယ်လို့ သိရပါတယ်။

play

 

တစ်ခြားစိတ်ဝင်စားစရာ အသုံးအဆောင်လေးများထဲမှာ ဖုန်းရဲ့ မြေပုံလမ်းညွှန်အက်ပ်နဲ့ ချိတ်ဆက်ထားတဲ့ ဘောင်းဘီလည်း ပါရှိပါတယ်။ ဒါလေးကတော့ ကိုယ်ဘယ်ဘက်ကို သွားရမယ်ဆိုရင် ဘယ်ဘက်ခြေထောက်က တုန်ခါပေးပြီး ညာဘက်သွားဖို့ ဆို ညာခြေထောက်ကို တုန်ခါမှုပေးသွားမှာပါ။ ကိုယ်သွားမယ့်နေရာကို ရိုက်ထည့်ပေးတာနဲ့ ဒီဂျင်းပင်ဟာ အဲဒီတည်နေရာကို

ဦးတည်ခေါ်ဆောင်ပေးသွားမှာပါ။

Source: The Guardian

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ