ဒီနှစ် စမတ်ဖုန်းနည်းပညာမှာ ခေတ်စားသွားတာက ဘေးဘောင်ပါး ၊ မှန်ပြင်ပြည့် ကိုယ်ထည်အချိုးအစား နဲ့ အဆင့်မြှင့်လာတဲ့ ကင်မရာနည်းပညာတွေလို့  အကျဉ်းချုံး ပြောနိုင်ပေမယ့် စမတ်ဖုန်းလောကရဲ့ အပြောင်းအလဲကို ဦးဆောင်နိုင်ခဲ့တဲ့ အရေးပါဆုံး စမတ်ဖုန်းတွေကို ပြောပါဆိုရင် လက်ချိုးရလောက်အောင် နည်းပါတယ်။ ဒီတစ်ခါမှာတော့ ၂၀၁၇ ခုနှစ်အတွက် အထူးခြားဆုံးနဲ့ အရေးပါဆုံး စမတ်ဖုန်း ၅ မျိုးအကြောင်းကို မိတ်ဆက်တင်ပြသွားမှာပါ။

 

(၁) Note 7 အရိပ်ဆိုးကို ခဝါချနိုင်ခဲ့တဲ့ စမတ်ဖုန်း

play

 

Samsung Galaxy Note 7 မီးလောင်ပေါက်ကွဲပြီး ဈေးကွက်ကနေ အရှက်တကွဲ နှုတ်ဆက်သွားချိန်မှာ ၂၀၁၇ ထွက် Samsung Galaxy စီးရီးတွေမှာ ပိုပြီး တာဝန်ကြီးလာခဲ့ပါတယ်။ တကယ်တမ်းပြောကြေးဆို ရိုးရိုး Galaxy S စီးရီးတွေထက်စာရင် ၂၀၁၇ မှာ ထုတ်သွားမယ့် Galaxy Note 8 က Galaxy Note 7 ရဲ့ အရိပ်ဆိုးကို အကောင်းဆုံးနဲ့ အထူးခြားဆုံး နည်းပညာသစ်တွေနဲ့ ပြန်ချေဖျက်ဖို့ မဖြစ်မနေ လိုလာခဲ့ပါတယ်။ Galaxy Note 8 မထွက်ခင်ကတည်းက အားလုံးက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ရာကနေ တကယ်လည်း ဈေးကွက်ထဲ ဝင်ချိန်မှာ အားလုံးက ကျေနပ်ခဲ့ရတဲ့ စမတ်ဖုန်းတစ်လုံးပါ။ ခေတ် စမတ်ဖုန်း trend တွေဖြစ်တဲ့ screen-to-body အချိုးအစား ဘေးဘောင်ပါးစနစ် ၊ wireless charging အားသွင်း နည်းပညာ ၊ IP68 rating ရေလုံခံနိုင်စွမ်း နဲ့ နည်းပညာမြင့် S Pen တွေထက် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတာက Samsung စမတ်ဖုန်းတွေထဲမှာ ပထမဆုံး dual camera ကင်မရာစနစ် သုံးလာတာ ဖြစ်ပါတယ်။။ နောက်တစ်ချက်က Galaxy S8 စီးရီးမှာ မသုံးနိုင်ခဲ့တဲ့ Qualcomm နောက်ဆုံးထွက် Snapdragon 835 Chipset ကို သုံးပြခဲ့တာကလည်း တကယ့်ကို အသစ်တွေနဲ့ မြင်ရတဲ့ ထူးထူးခြားခြား စမတ်ဖုန်းလို့ ထိုက်ထိုက်တန်တန် ပြောနိုင်ခဲ့တာပါ။

(၂ ) မှော်ဆန်ဆန် အလည်ရောက်လာတဲ့ စမတ်ဖုန်း

play

 

iPhone တွေရဲ့ အစဉ်အလာကနေ ခွဲထွက်ပြီး ဆယ်နှစ်ပြည့်အထိမ်းအမှတ် စမတ်ဖုန်းတစ်ခုအနေနဲ့ ဝင်လာခဲ့တဲ့ iPhone X ကတော့ ဒီနှစ် စမတ်ဖုန်းပြက္ခဒိန်မှာ ပြောစရာမကုန်နိုင်အောင် ဖြစ်စေခဲ့ပါတယ်။ iPhone X နဲ့ ပတ်သတ်ပြီး နှစ်ဆန်းပိုင်းကတည်းက လူပြောသူပြောများခဲ့ရာမှာ ဖုန်းရဲ့ နာမည်ကအစ အားလုံးရဲ့ ထင်ကြေးဖြစ်တဲ့ iPhone 8 ၊ iPHone 10 ဆိုတာတွေနဲ့ တလွဲထွက်လာခဲ့တာကလည်း ပြန်ပြောလို့ ကောင်းတဲ့ အမှတ်တရတွေ  ဖြစ်တော့မှာပါ။

iPhone X ရဲ့ ဒီစမတ်ဖုန်းနဲ့ ပတ်သတ်ပြီး ထင်ကြေးပေးခဲ့သမျှ specs အားလုံးနဲ့ လိုလို မမှန်တာ များပြီး တကယ်တမ်း ထွက်လာချိန်မှာ အစဉ်အလာ Touch ID fingerprint စနစ်ကို ဖြုတ်ပြီး Face ID လုံခြုံရေး နည်းပညာသစ်ကို တမူထူးကဲပြီး ထည့်သွင်း မိတ်ဆက်ခဲ့တာပါ။ Samsung ပရီမီယံဖုန်းတွေမှာလိုပဲ OLED display ကို iPhone X မှာ ပထမဆုံး သုံးခဲ့တာကလည်း Apple ခုန်သွားတဲ့ ပြောင်းလဲမှုကို မြင်သာပါတယ်။ ဒီဖုန်းကြောင့် သူ့ အရင် ထွက်ခဲ့တဲ့ iPhone 8 နဲ့ 8 Plus ရောင်းအား ထင်မထားလောက်အောင် ကျဆင်းသွားခဲ့ပေမယ့် တကယ်တမ်းတော့လည်း ဒီဖုန်းဟာ အပြီးပြည့်စုံဆုံး iPhone  တော့ မဟုတ်သေးပါဘူး။

 

(၃) aspect ratio သစ်နဲ့ bezel-less display ခေတ်ကို ဦးဆောင်ခဲ့တဲ့ ဖုန်း

play

 

တောင်ကိုရီးယားစမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်ပြီး Samsung ရဲ့ အရှိန်အဝါကို မကျော်နိုင်တာတစ်ခုကလွဲရင် ဒီနှစ် စမတ်ဖုန်းကိုယ်ထည်အချိုးအစား လောကကို လမ်းပြပေးခဲ့တာကတော့ LG ပါ။ LG G6 မှာကတည်းက Samsung Galaxy S8 စီးရီးကို ယှဉ်ဖိုက်ခဲ့ပေမယ့် ထင်သလောက် မပေါက်ခဲ့ပါဘူး။ ဘေးဘောင်ပါးဖုန်းချင်းတူတူ LG V30 ကို ထုတ်လိုက်ချိန်မှာတော့ premium ဖုန်းတစ်လုံးရဲ့ စွမ်းရည်နဲ့ ဟန်ကို အပြည့်အဝ မြင်ခဲ့ရပါတယ်။ ဈေးကြီးပေမယ့် ဓါတ်ပုံကင်မရာနည်းပညာနဲ့ ဗွီဒီယိုဆော့ဖ်ဝဲလ်ပိုင်းမှာတော့ LG V30 ဟာ တန်ဖိုးနဲ့ အညီ ထုတ်လုပ် မိတ်ဆက်နိုင်ခဲ့ပါတယ်။ သမရိုးကျ အစဉ်အလာစွဲသုံးခဲ့တဲ့ 16:9 aspect ratio ထက် သွယ်ရှည်ရှည်နဲ့ ပိုလှတဲ့ ကိုယ်ထည်အချိုးအစားသစ် 18:9 aspect ratio ကို စမတ်ဖုန်းလောကမှာ မိတ်ဆက်ပေးတာနဲ့ တင် LG ဟာ စမတ်ဖုန်းလောကအတွက် တစ်နေရာပေးဖို့ တန်ပါတယ်။

 

(၄)  အန်းဒရိုက်ကင်မရာပိုင်းမှာ ဘုရင်တစ်ပါးဖြစ်သွားခဲ့တဲ့ စမတ်ဖုန်း

play

 

DxOMark ကင်မရာဆော့ဖ်ဝဲကုမ္ပဏီကနေ တစ်နှစ်အတွင်း ထွက်ခဲ့တဲ့ high-end ဖုန်းကင်မရာအရည်အသွေး စစ်ဆေးမှုမှာ အမြင့်ဆုံး ရမှတ်ရခဲ့တဲ့ စမတ်ဖုန်းက Google Pixwel 2 စမတ်ဖုန်း ဖြစ်ပါတယ်။ DxOMark မှာ Google Pixel 2 ၊ Huawei Mate 10 Pro ၊ Galaxy Note 8 ၊ iPhone 8 Plus နဲ့ iPhone 8 တို့ လို နာမည်ကြီး စမတ်ဖုန်းတွေကို စုပြီး အကဲဖြတ်ခဲ့တာပါ။ အမှတ် ၁၀၀ ပေးထားတဲ့ DxOMark မှာ Google Pixel 2 ဟာ ၉၈ မှတ်နဲ့ အမြင့်ဆုံး ရမှတ်ရခဲ့ပြီး သူ့ နောက်မှာ dual camera သုံး Mate 10 Pro ၊ Galaxy Note 8 တို့ ရှိနေပါတယ်။ အင်ဒိုး ၊ အောက်ဒိုး ကင်မရာရိုက်ချက်ပေါင်း ၁၅၀၀ ကျော်နဲ့ DxOMark ရဲ့ အင်ဂျင်နီယာတွေကနေ စမ်းသပ်အကဲဖြတ်ခဲ့တာပါ။ Pixel 2 ရော 2 XL ပါ ကျောဘက် 12MP ကင်မရာနဲ့ ရှေ့ ဘက် 8MP ကင်မရာသုံးထားခဲ့ပေမယ့် ထူးခြားတဲ့ ကင်မရာစနစ်နဲ့ ဖမ်းစားနိုင်ခဲ့တာကြောင့် ၂၀၁၇ စမတ်ဖုန်းကင်မရာလောက်မှာ Pixel 2 အတွက် ထိပ်ဆုံးမှာ နေရာပေးလိုက်ရတာပါ။

 

(၅) တန်ဖိုးသင့် အကောင်းဆုံး ဖုန်း

play

 

OnePlus 5T ကတော့ ဒီနှစ်အတွက် high-end ဖုန်းတွေထဲမှာမှ တန်ဖိုး အသင့်ဆုံးနဲ့ ထွက်လာပြီး အကောင်းဆုံးသုံးပျော်တဲ့ ဖုန်းတစ်လုံးအဖြစ် အားလုံးက သတ်မှတ်ထားပါတယ်။ ပရီမီယံအရည်အသွေးမြင့် ဖုန်းဖြစ်ပေမယ့် ဈေးနှုန်းအနေနဲ့ အတော်လေး သက်သာတာကဒီဖုန်းရဲ့ အာသာချက်ပါ။ ၂၀၁၇ ခုနှစ် တစ်နှစ်လုံးကို ဒီဖုန်းမှာ မြင်ရမယ်လို့ ဆိုရလာက်အောင် OnePlus 5T ဟာ Android ၊ iOS စမတ်ဖုန်းအားလုံးရဲ့ အကောင်းဆုံး အရည်အသွေးတွေကို စုစည်းထားတာပါ။ ဘေးဘောင်ပါးခြင်း ၊ အမြင့်ဆုံး processor သုံးထားခြင်း ၊ ကင်မရာစနစ် အဆင့်မြင့်ခြင်း ၊ iPhone X အတိုင်း Face Unlock စနစ် ပါရှိခြင်းကပဲ OnePlus 5T ရဲ့ လေးစားလောက်တဲ့ ပုံရိပ်လည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video