မိုဘိုင်းဂိမ်မာတွေအတွက်က နောက်ထပ် ရွေးချယ်စရာပါပဲ

ကမ္ဘာကျော် Razer ဂိမ်းကုမ္ပဏီရဲ့ ဒုတိယမျိုးဆက် Gaming Smartphone ကတော့ ပိုပြီး သားနားထည်ဝါတဲ့ ဒီဇိုင်း ၊ အရင်ကထက် ပိုမို ကျယ်လောင်တဲ့ အသံစနစ်တွေနဲ့ပွဲထုတ်လာပြီ ဖြစ်ပါတယ်။



razer-phone-2-lifestyle-7.jpg

Photo: Phone Arena

 

Razer Phone 2 ဟာ ပထမမျိုးဆက် ဂိမ်းဖုန်းရဲ့ အဓိက အားနည်းချက်တွေကို ပြုပြင်ထားမှန်း သိသာပါတယ်။ ကမ္ဘာပေါ်မှာ ပထမဆုံး Gaming phone အဖြစ် ထွက်ခဲ့တဲ့ Razer Phone ရဲ့ ရှေ့ဒီဇိုင်းကို ယူသုံးထားပေမယ့် မြင်သာထင်သာတဲ့ အပြောင်းအလဲတွေကို Razer Phone 2 မှာ တွေ့ရမှာပါ။

အရင်မော်ဒယ်နဲ့တူတဲ့အချက်က မျက်နှာပြင် ၅.၇ လက်မ 16:9 ကိုယ်ထည်ဒီဇိုင်း အချိုးအစားနဲ့ပဲ လာတာ ဖြစ်ပြီး screen ရဲ့ refresh rate က ကမ္ဘာပေါ်မှာ အမြင့်ဆုံးဖြစ်တဲ့ 120Hz ကို ဆက်သုံးထားတာ ဖြစ်ပါတယ်။ screen တောက်ပမှုအပိုင်းမှာ ၅၀% ပိုများလာပြီး brightness ဟာ အမြင့်ဆုံး 580 nit အထိ ရှိပါတယ်။ ဈေးကွက်မှာ စံထားရတဲ့ စမတ်ဖုန်း brightness ဟာ 470 nits ပဲ ရှိတာနဲ့ချိန်စဉ်းစားလို့ရပါတယ်။

panel သစ်ဟာ dark scenes တွေမှာ ရုပ်ထွက်ကို အသေးစိတ်ကျကျပိုမို သာလွန်အောင် ပြသပေးနိုင်မှာပါ။ ကိုယ်ထည်ပိုင်းတည်ဆောက်မှုမှာ စိတ်ဝင်စားဖို့ကောင်းတာက glass body နဲ့လာပြီး wireless charging သုံးနိုင်လာတာ ဖြစ်ပါတယ်။ နောက်တစ်ခုက ဒီဖုန်းဟာ ရေအနက် တစ်မီတာမှာ မိနစ် ၃၀ ကြာအောင် ရေစိမ်ခံနိုင်တဲံ IP67 rating ရထားတာကလည်း အတော်လေးကို အားရဖို့ကောင်းတဲ့ အချက်တစ်ချက်လို့ဆိုနိုင်ပါတယ်။

 

ဖုန်းတစ်လုံးရဲ့ အသက်လို့ပြောနိုင်တဲ့ processor မှာတော့ ငြင်းစရာမရှိအောင် ကောင်းတဲ့ အဆင့်မြင့် 2.8GHz octa-core Snapdragon 845 processor ကိုပဲ သုံးလာတာပါ။ မကြာခင် ဈေးကွက်ထဲ ရောက်မယ့်် Asus ROG phone ကတော့ 2.96GHz clock speed ထိ ရမယ်လို့ကြေငြာထားပါတယ်။ RAM/storage ကတော့ အရင်အတိုင်း 8GB/64GB ပဲ ဆက်သုံးထားပါတယ်။

Razer Phone ဟာ ၂၀၁၇ ရဲ့ စပီကာအကောင်းဆုံး ဖုန်းတွေထဲမှာ ပါပါတယ်။ Razer Phone 2 မှာတော့ 98dB အထိ ထွက်တဲ့ အားကောင်းတဲ့ စပီကာများ ပါရှိပြီး Dolby Atmos ပံ့ပိုးမှု ပါရှိပါတယ်။ ဘက်ထရီစနစ်မှာ 4000 mAh ကိုပဲ သုံးထားပြီး အားသွင်းရမြန်ဆန်စေမယ့် Quick Charge 4+ စနစ် နဲ့ထွက်လာတာပါ။

ဂိမ်းဖုန်းတွေမှာ မြင်နေကြ အအေးပေးစနစ်ကိုမှ ဒီတစ်ခါမှာ အပူကို လုံးဝဖယ်ထုတ်နိုင်မယ့် vapor chamber အအေးပေးစနစ်သုံးသွားလို့အရင်ကထက် ဖုန်းရဲ့ လုပ်ဆောင်စွမ်းဟာ ၃၀% ပိုမြင့်လာမယ်လို့ဆိုပါတယ်။

ကင်မရာပိုင်းမှာ dual cameras ဒီဇိုင်းကိုပဲ သုံးထားပေမယ့် ကျောဘက်အလယ်မှာ အလျားလိုက် ဒီဇိုင်း ဖြစ်လာပြီ ဖြစ်ပါတယ်။ 12MP ပင်မကင်မရာာ Dual Pixel AutoFocus နဲ့OIS ရုပ်ငြိမ်စနစ်ပါရှိပြီး ကျန်တဲ့ အရန် 12MP ကင်မရာကတော့ 2x telephoto lens စနစ်နဲ့ထွက်လာတာပါ။

ရုပ်သံရိုက်ကူးရေးမှာ 2160p ဗွီဒီယိုများကို 60fps နှုန်းအထိ ရိုက်ကူးနိုင်မယ်လို့ဆိုပါတယ် ။ရှေ့ဘက် 8MP ဆယ်လ်ဖီကင်မရာကတော့ အရင် Razer Phone မှာပါတဲ့ ကင်မရာလုပ်ဆောင်ချက်တွေအတိုင်း ထွက်လာတာပါ။

Photo: CNET

 

Razer Phone 2 ကို ဒေါ်လာ ၈၀၀ ဈေးနဲ့ရောင်းချသွားမှာ ဖြစ်ပြီး ဈေးကွက်ထဲ ဖြန့်ချိမယ့်နေ့တော့ မသိရသေးပါဘူး။ ဒီဖုန်းနဲ့အတူ ထွက်လာမယ့် Wireless Charger ကို ဒေါ်လာ ၁၀၀ ၊ အကြမ်းခံမှန်ကို ဒေါ်လာ ၂၀ ဈေးတွေနဲ့ရောင်းချသွားမယ်လို့ကြေငြာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က