AD
AD
AD

တရုတ်စမတ်ဖုန်းကုမ္ပဏီ Vivo ဟာ ပြီးခဲ့တဲ့ မတ်လကမှ မှန်ပြင်အောက်လက်ဗွေဖတ်စနစ်ထည့်သွင်းထားတဲ့ Vivo X21 UD မော်ဒယ်ကို မိတ်ဆက်ခဲ့တာပါ။ X21 နဲ့ ဒီဇိုင်းချင်းဆင်ပြီး ဆဲလ်ဖီကင်မရာအသားပေး ဖုန်းသစ်အနေနဲ့ ဒီနေ့ မိတ်ဆက်လိုက်တာကတော့ Vivo X21i ပဲ ဖြစ်ပါတယ်။

play

 

mid-range ဖုန်းတစ်လုံးအဖြစ် ဈေးကွက်ထဲ ရောက်လာတဲ့ Vivo X21i မှာ ထူးခြားတာက အောက်ဘေးဘောင်ကို ပိုပါးလိုက်တာ ဖြစ်ပြီး မှန်ပြင်နဲ့ ကိုယ်ထည်အချိုးအစား ၉၀.၃% အထိ ရောက်သွားတာပါ။ processor အဖြစ် MediaTek Helio P60 chipset ကို သုံးသွားတာကလွဲရင် ကျန်တာ တော်တော်များများကတော့ Vivo X21 နဲ့ တစ်ပုံစံတည်းလို့ ဆိုနိုင်ပါတယ်။ မျက်နှာပြင်အရွယ်အစား ၆.၂၈ လက်မ Super AMOLED display နဲ့ လာတဲ့ ဒီဖုန်းဟာ ကိုယ်ထည်ဒီဇိုင်းကို 19:9 screen ပဲ သုံးထားတာ ဖြစ်ပြီး display ထိပ်နားမှာ notch တစ်ခု ထားရှိထားတာပါ။

 

ဒီဖုန်းဟာ RAM 6GB/64GB storage နဲ့ RAM 4GB/128GB storage ဆိုပြီး ဗားရှင်းနှစ်မျိုးနဲ့ လာတာ ဖြစ်ပြီး ဈေးကတော့ တစ်ဈေးတည်း ထွက်လာတာပါ။ ကျောဘက်မှာ Vivo X21 လိုပဲ AI နည်းပညာနဲ့ မြင်ကွင်းကို ချိန်ဖမ်းပေးတာ ၊ နောက်ခံအလင်းအမှောင် ချိန်တာ အပြင် အလှပြင်ပေးတဲ့ features တွေ ထည့်ထားတဲ့ 12MP + 5MP dual camera ပါရှိပါတယ်။

ရှေ့ ကင်မရာကတော့ X21 မှာသုံးတဲ့ 12MP ထက် နှစ်ဆပိုကြီးတဲ့ 24MP ဆယ်လ်ဖီကင်မရာ သုံးလာတာပါ။ ဒီကင်မရာကပဲ မျက်နှာပြင်ဖတ်စနစ်နဲ့ လော့ခ်ဖွင့်ရာမှာ သုံးနိုင်မှာ ဖြစ်ပြီး fingerprint ကိုလည်း ကျောဘက်မှာ ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။ FunTouch OS 4.0 ကို အခြေတည်ပြီး Android 8.1 နဲ့ လာတဲ့ ဒီဖုန်းဟာ 3425 mAh ဘက်ထရီကို သုံးသွားတာပါ။

play

 

တရုတ်ဈေးကွက်မှာ Vivo X21i ကို မော်ဒယ်အားလုံးအတွက် ၂၆၉၈ ယွမ် (မြန်မာငွေ ၅ သိန်း ၇ သောင်းခွဲ) ဈေးနဲ့ ရောင်းချသွားမှာ ဖြစ်ပြီး Ruby Red ၊ Aurora White နဲ့ Polar Night Black ကာလာသုံးမျိုးနဲ့ ရွေးချယ် ဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD