AD
AD
AD

ပြီးခဲ့တဲ့နှစ်ထဲမှာ ဆယ်နှစ်ပြည့် iPhone X ၊ iPhone မလိုဘဲ ဖုန်းခေါ်ဆိုနိုင်တဲ့ တတိယမျိုးဆက် Apple Watch Series 3 တို့ နဲ့ ပွဲဆူစေခဲ့တဲ့ Apple ဟာ ၂၀၁၈ မှာ ဘာတွေ လုပ်ပြသွားဦးမလဲ။

play

 

စမတ်ဖုန်း trend အကွေ့ များမှာ Apple ဟာလည်း အဆင့်မြင့်ဆုံး ဖုန်းဆိုတာ ဘယ်လိုဖုန်းမျိုးလဲ သက်သေပြဖို့ ၂၀၁၈ အတွက် စောင့်ကြည့်သင့်တဲ့ Apple ထုတ်ကုန်တစ်ချို့ အကြောင်း တစေ့တစောင်း ခန့် မှန်းကြည့်ရအောင်ပါ။

တစ်နှစ်ထဲမှာ iPhone သုံးလုံးကို မိတ်ဆက်သွားတဲ့ ၂၀၁၇ လိုမျိုး ဒီနှစ်မှာလည်း Apple ဟာ OLED display သုံး မျက်နှာပြင် အကြီး iPhone သစ် ၂ မျိုးနဲ့ LCD display သုံး တန်ဖိုးသင့် iPhone ဆိုပြီး ၃ မျိုး မိတ်ဆက်သွားမယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဒါကတော့ iPhone တွေနဲ့ ပတ်သတ်ပြီး ကြားထားတဲ့ ကောလာဟလတွေပါ။ နောက်တစ်ခု ၂၀၁၈ မှာ မြင်ရမှာက HomePod လို့ ခေါ်တဲ့ Apple ရဲ့ ပထမဆုံး စမတ်စပီကာပါပဲ။ Xiaomi ကလည်း မကြာသေးခင်ကပဲ YeeLight ဆိုပြီး ဒေါ်လာ ၂၀ တောင် မရှိတဲ့ ဈေးချိချို စပီကာကို မိတ်ဆက်ခဲ့ပါတယ်။ YeeLight ရဲ့ထူးခြားမှုက Dual AI စပီကာဖြစ်ပြီး Alexa ရော Xiaomi ရဲ့ AI အသံစနစ်ပါ နှစ်မျိုးသုံးနိုင်တာ ဖြစ်ပါတယ်။ Apple ရဲ့ HomePod ကရော ဘာတွေ ထူးခြားမလဲ စောင့်ကြည့်ရမှာပါ။

၂၀၁၈ မှာ မျှော်လင့်နေကြတာက iPad Pro သစ် ၊ ဒီဇိုင်းသစ် Mac နဲ့ iOS ဆော့ဖ်ဝဲလ်သစ်တွေ ကလည်း နှစ်စဉ် စောင့်မျှော်နေကျ Apple products တွေလည်း ဖြစ်ပါတယ်။ ၂၀၁၈ အတွက် Apple ထုတ်ကုန်တွေထဲမှာ high-end Mac Pro ၊ original TV shows အသစ် ၊ AR စမတ်မျက်မှန်အပြင် ပိုပြီး ကျယ်ကျယ်လောင်လောင် ကြားရမယ့် နည်းပညာက မောင်းသူမဲ့ကားဆော့ဖ်ဝဲပါ။ ဒီအတွက် ၂၀၁၇ နှစ်ကုန်ခါနီးမှာ အတော်လေး မြင်သာခဲ့ပါတယ်။ Apple ရဲ့ မောင်းသူမဲ့ကားနည်းပညာဟာ အနာဂါတ်နည်းပညာဆိုလည်း မမှားပါဘူး။ watchOS 5 ၊ iOS 12 ၊ tvOS 12 နဲ့ macOS 10.14 စတာတွေ အပြင် features သစ်များအကြောင်းကိုလည်း ဒီနှစ်မှာ အစုံမြင်ရမှာပါ။

play

 

ဒီနှစ်အတွက် Apple ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံး ထုတ်ကုန်ကလည်း အစဉ်အလာမပြတ် iPhone သစ်တွေပဲ ဖြစ်မှာပါ။ ၂၀၁၇ ခုနှစ်မှာ ဈေးကွက်ဝင်နောက်ကျခဲ့တဲ့ ဆယ်နှစ်ပြည့် iPhone X ကို ဒီနှစ်ထဲမှာ ပိုပြီး အားပေးကြမ်းလာဖို့ ရှိပါတယ်။ စမတ်ဖုန်းလောက အပြိုင်အဆိုင် သိပ်ကြမ်းနေချိန်မှာ Apple အနေနဲ့ လည်း iPhone ကို တောက်ပြောင်အောင် ဆေးတင်ပေးမယ့် နည်းပညာသစ်တွေ ဒီနှစ်မှာ သုံးတော့မှာကတော့ ပြောစရာတောင် လိုမယ် မထင်ပါဘူး။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD