Review: Apple Watch Series 3 မှာ ဘာတွေ ပြောင်းလဲသွားသလဲ

စမတ်နည်းပညာခေတ်ကို အမှီလိုက်နိုင်တယ်လို့ ဆိုရမှာပါ။

စမတ်လက်ပတ်နာရီဈေးကွက်ထဲ ရောက်လာတာ ၃ နှစ်ပဲ ရှိသေးတဲ့ Apple Watch ရဲ့ တတိယမျိုးဆက် Apple Watch Series 3 ကတော့ စမတ်နည်းပညာခေတ်ကို အမှီလိုက်နိုင်တယ်လို့ ဆိုရမှာပါ။

Apple ရဲ့ ထုတ်ကုန်သစ် မိတ်ဆက်ပွဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံး ထုတ်ကုန်လို့ တောင် ပြောနိုင်ပါတယ်။ တကယ်တော့ ဒီအရင်က Apple Watch Series 3 အကြောင်း သိပ်ပြီး များများစားစား သတင်းမထွက်ခဲ့လို့ သိပ်မထင်ခဲ့ဘူး။ တကယ့်တကယ် မိတ်ဆက်ချိန်မှာ Apple Watch Series 3 ကတော့ အသစ်ဖြစ်လာပြီလို့ မှတ်ချက်ချမိပါတယ်။ ဒီတော့ Apple Watch Series 3 မှာ ဘာတွေ ပြောင်းလဲသွားသလဲဆိုတာ ကြည့်လိုက်ရအောင်။

 

(၁) LTE ပါလာခြင်း

play

 

Apple Watch Series 3 ကို ရိုးရိုးနဲ့ cellular ဆိုပြီး ဗားရှင်းနှစ်မျိုးနဲ့ ထုတ်ခဲ့ရာမှာ cellular version က တကယ့် အသစ်ပါ။ cellular ဗားရှင်းမှာ ရိုးရိုး SIM card ထက် အဆ ၁၀၀ ပုံ တစ်ပုံငယ်တဲ့ e-SIM သုံးပြီး LTE built in တစ်ခါတည်း ပါလာလို့ iPhone နဲ့ ချိတ်စရာမလိုဘဲ ဖုန်းခေါ်တာ ၊ မြေပုံသုံးတာ ၊ noti ကြည့်တာ ၊ သီချင်းနားထောင်တာ ၊ နောက်ဆုံး Apple Watch Series 3 က ထောက်ပံ့ထားတဲ့ အက်ပလီကေးရှင်းတွေကိုလည်း သုံးနိုင်မှာ ဖြစ်ပါတယ်။

(၂) ကိုယ်လက်ကြံ့ခိုင်ရေးဆိုင်ရာ feature သစ်များ

play

 

တင်မ်ကွတ်ဟာ Apple Watch Series 3 အကြောင်း ရှင်းပြချိန်မှာ တစ်ခု ထည့်ပြောသွားတာ တွေ့ ရပါတယ်။ အဲဒါက Apple ဟာ စတန်းဖို့ ဒ်တက္ကသိုလ်နဲ့ ပူးပေါင်းပြီး Apple Watch တွေအတွက် ပုံမမှန်တဲ့ နှလုံးခုန်တဲ့ ပုံစံတွေကို သိရှိနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ Apple Watch Series 3 မှာလည်း ဒီလို အဆင့်မြှင့်တင်ထားတဲ့ နှလုံးခုန်တိုင်းစနစ်တွေ ပါရှိမှာ အသေအချာပါပဲ။ တောင်တက်လေ့ကျင့်ခန်းနဲ့ တောတွင်းခရီးသွားတာလိုမျိုး ခပ်ကြမ်းကြမ်း စွန့် စားရတဲ့ workout တွေလုပ်ချင်သူများကို coaching လုပ်ပေးသွားမှာ ဖြစ်လို့ အကြိုက်တွေ့ စရာ ဖြစ်မှာပါ။

 

(၃) Swimproof

Apple Watch Series 3 မှာ ရေစိုဖုန်တင်ခံရုံတင်မဟုတ်ဘဲ မီတာ ၅၀ အထိ ရေစိမ်ခံတာ ပါလာပါတယ်။ ဒီတော့ ရေကူးရင်း လက်ကနေ ချွတ်စရာ မလိုဘဲ တစ်ခါတည်း ကူးခတ်လို့ ရပါတယ်။

(၄) dual-core processor

ရိုးရိုးမော်ဒယ်ရော cellular မော်ဒယ်မှာပါ အရင် processor တွေထက် ၇၀% ကပိုမြန်တဲ့ WatchOS 4 သစ် သုံးထားပါတယ်။ တစ်ဆက်တည်း Wi-Fi မြန်နှုန်းကိုလည်း ၈၅% ပိုမြန်စေမယ့် W2 wireless chip ပါရှိပါတယ်။ ဘက်ထရီကတော့ တစ်ရက်လုံး အားခံတဲ့ ဘက်ထရီပါ။

(၅) ဈေးနှုန်းနဲ့ ထွက်မယ့်ရက်

play

 

pre-order မှာချင်သူများအတွက် စက်တင်ဘာလ ၁၅ ရက်နေ့ ကစပြီး အော်ဒါမှာနိုင်မှာ ဖြစ်ပြီး ပစ္စည်းကတော့ စက်တင်ဘာ ၂၂ ရက်နေ့ မှာမှ ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဈေးကွက်ထဲမှာတော့ ရိုးရိုးမော်ဒယ်ကို ၃၂၉ ဒေါ်လာနဲ့ cellular မော်ဒယ်အတွက် ၃၉၉ ဒေါ်လာဈေးနဲ့ ရောင်းချသွားမှာပါ။ ပထမဆုံးထွက်လာတဲ့ Apple Watch Series 1 ကို ၂၄၉ ဒေါ်လာနဲ့ ရောင်းချသွားတာနဲ့ ယှဉ်ကြည့်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီဈေးဟာ ဒီမော်ဒယ်တွေအတွက် တန်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ