စက်တင်ဘာလထဲမှာ ရောင်းချသွားမှာပါ

IFA 2018 ပွဲရဲ့ ထူးခြားချက်က premium တန်းဝင် ဖုန်းတွေ ကြေငြာသွားတာပါပဲ။ ဒီပွဲမှာ ZTE ကလည်း ကုမ္ပဏီရဲ့  flagship မော်ဒယ် Axon 9 Pro ကို ပွဲထုတ်ပြီး ၂၀၁၈ flagship ဖုန်းဈေးကွက်ထဲ ဝင်ရောက်လာပါတယ်။

zte-axon-9-pro-render-1.jpg

Photo: The Verge

 

မှန်ကိုယ်ထည်နဲ့လာတဲ့ ZTE Axon 9 Pro မှာ စိတ်ဝင်စားစရာကောင်းတာက LG နဲ့Samsung တို့ရဲ့ high-end မော်ဒယ်တွေလိုမျိုး ရေစို/ဖုန်တင်တဲ့ ဒဏ်ကို အမြင့်ဆုံး ခံနိုင်တဲ့ IP68 rating ပါလာတာ ဖြစ်ပါတယ်။ မှန်ကိုယ်ထည်ရဲ့ နောက်ထပ် ထူးခြားမှုက Qi standard ကြိုးမဲ့အားသွင်းနည်းပညာ သုံးနိုင်တာပါပဲ။

မျက်နှာပြင် အရွယ်အစား ၆.၂၁ လက်မဟာ iPhone X စတိုင် ခပ်ကြီးကြီး Notch ပါရှိပြီး AMOLED display ကြောင့် ရုပ်ထွက်ပိုင်းမှာ အထူးကောင်းမွန်နေမှာပါ။

display နည်ပညာပိုင်းမှာ ဖုန်းရောက်နေတဲ့ ပတ်ဝန်းကျင် အပူချိန် အနိမ့်အမြင့်ပေါ် လိုက်ပြီး display ရဲ့ ရုပ်ထွက်နဲ့ကာလာပိုင်းကို လိုသလို အဆင့်မြှင့်တင်ပေးနိုင်မယ့် RGB sensors တွေ ပါလာတာပါ။

ကျောဘက် ကင်မရာနဲ့fingerprint scanner ထားတဲ့ ဒီဇိုင်းကလည်း ထောင်လိုက် ညာဘေးကပ် dual camera နဲ့iPhone X ရဲ့ မူကိုပဲ ယူထားတာ ဖြစ်ပြီး ကိုယ်ထည်ဒီဇိုင်း 18.7:9 aspect ratio သုံးထားပါတယ်။ ၂၀၁၈ ခေတ်ပေါ် flagship ဖုန်းဖြစ်တဲ့ Axon 9 Pro ဟာ Snapdragon 845 processor သုံးထားပြီး RAM 6GB/ 128GB storage အတွဲအစပ်က RAM အမြင့်ကြိုက်တဲ့ ဖုန်းကြိုက်သူတွေအတွက် အဆင်ပြေမှာပါ။

ZTE ရဲ့ နောက်ထွက် flagship ဖုန်းတွေမှာ စိတ်ချမ်းသာစရာ ကောင်းတဲ့ အပိုင်းက အသံစနစ် ဖြစ်ပါတယ်။ display နှစ်ခုပါတဲ့ Axon M နဲ့Axon 7 တို့မှာကတည်းက Dolby Atmos စတီရီယို စပီကာတွေ သုံးလာခဲ့တဲ့ အစဉ်အလာကို Axon 9 Pro မှာ ထပ်သုံးထားပါတယ်။

ကင်မရာပိုင်းမှာ OIS ရုပ်ငြိမ်စနစ်နဲ့Dual Pixel PDAF စနစ်တို့ပါဝင်တဲ့ 12MP ကင်မရာနဲ့၁၃၀ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်မယ့် အရန် 20MP ကင်မရာနှစ်လုံးကို ကျောဘက်မှာ ထောင်လိုက် သုံးထားတာ ဖြစ်ပါတယ်။ ရှေ့ဘက်မှာ 20MP ကင်မရာတွေ သုံးထားပြီး မျက်နှာပြင်ဖတ်စနစ်အပြင် ရွေ့လျားနေတဲ့ အရာဝတ္ထုတွေကို ဖမ်းယူဖို့Sports Mode လိုမျိုး AI feature တွေ ထည့်သွင်းပေးထားပါတယ်။

Photo: wccftech

 

ZTE Axon 9 Pro ဟာ USB Type C ကနေ အားသွင်းနိုင်တဲ့ 4000 mAh ဘက်ထရီ ပါရှိပြီး Android 8.1 Oreo စနစ် သုံးထားပါတယ်။ လာမယ့် စက်တင်ဘာလမှာ ဥရောပဈေးကွက်ထဲ ဖြန့်ချိသွားမှာ ဖြစ်ပြီး ဈေးနှုန်း ၆၄၉ ပေါင် (မြန်မာငွေ ၁၁ သိန်းခွဲကျော်) ဈေး သတ်မှတ်ထားပါတယ်။

Share

Loading Next Article...
က္က