AD
AD
AD

နှစ်ဆန်းပိုင်းမှာ ကျင်းပနေကျ ကမ္ဘာ့အကြီးဆုံးနည်းပညာ ပြပွဲကြီးတစ်ခု ဖြစ်တဲ့ CES 2018 ပွဲကို လာမယ့် ဇန်နဝါရီလ ၇ ရက် ၊ တနင်္ဂနွေနေ့ မှာ စတင်တော့မှာပါ။ ဇန်နဝါရီလ ၁၂ ရက်နေ့ အထိ တစ်ပတ်နီးနီး ကျင်းပသွားမယ့် ဒီပွဲဟာ ၂၀၁၈ ခုနှစ်အတွက် တစ်နှစ်တာ နည်းပညာဟောစာတမ်းဆိုလည်း မမှားပါဘူး။ ကမ္ဘာ့နည်းပညာအသိုင်းအဝိုင်းက နာမည်ကြီး ပုဂ္ဂိုလ်များ ၊ အိုင်တီကုမ္ပဏီကြီးများ စုံစုံညီညီ တွေ့ ဆုံရင်း အဆန်းသစ်ဆုံးနည်းပညာများ ၊ ထုတ်ကုန်များကို ကြေငြာသွားမယ့် CES ပွဲမှာ ကြေငြာသွားမှာဖြစ်လို့ ဒီနှစ် CES 2018 ပွဲမှာ ဘယ်နည်းပညာအကြောင်းက အဟော့ဆုံး ဖြစ်မလဲဆိုတာ စုစည်း တင်ဆက်လိုက်ပါတယ်။

 

(၁) 5G တော်လှန်ရေး

play

 

၂၀၁၈ ဟာ နောက်ဆုံးပေါ် ကွန်ရက်နည်းပညာသစ် 5G ဝင်ခွင့်တံခါးပေါက်တစ်ခုလို့ ဆိုနိုင်ပါတယ်။ တောင်ကိုရီးယားမှ PyeongChang အိုလံပစ်ပွဲတော်မှာ 5G မြန်နှုန်းမြင့်ကွန်ရက်နည်းပညာကို စတင်သွားမှာ ဖြစ်လို့ 5G ကို အများပြည်သူပထမဆုံး သုံးသွားမှာလည်း ၂၀၁၈ ပဲ ဖြစ်ပါတယ်။ မောင်းသူမဲ့ကား ၊ စမတ်မြို့ တော်များ ၊ အဝေးထိန်း ကျန်းမာရေးစောင့်ရှောက်မှု စနစ် စတဲ့ နည်းပညာအားလုံးအတွက် 5G ဟာ လောင်စာတစ်ခုအဖြစ် ထင်ပေါ်လာတော့မှာပါ။ Verizon ၊ AT&T စတဲ့ အမေရိကန် carrier တွေအပြင် တရုတ်မှ Baidu ၊ ချပ်စ်ကုမ္ပဏီ Qualcomm နဲ့ Intel တို့ ကလည်း ဒီကွန်ရက်စနစ်ကို ဒီနှစ်ကစပြီး အကောင်အထည်ဖော်သွားဖို့ ရှိပါတယ်။

 

(၂) မောင်းသူမဲ့ကားများ ခရီးသည်ဝန်ဆောင်မှု စတင်သွားတော့မလား

play

 

ဒီအချက်က 5G ထက်တောင် လက်တွေ့ ပိုကျတယ်လို့ ဆိုရမှာပါ။ Mercedes-Benz ၊ Toyota ၊ Ford ၊ Volvo ၊ Uber ၊ Apple ၊ Samsung ၊ Tesla ၊ Google ၊ Intel အစရှိတဲ့ ကမ္ဘာ့သယ်ယူပို့ ဆောင်ရေးနဲ့ အိုင်တီ ကုမ္ပဏီကြီး အားလုံးလိုလို မောင်းသူမဲ့ ကားများ ဒီနှစ်ထဲမှာ စမ်းသပ်ခွင့် ရသွားခဲ့ပါတယ်။ အထူးသဖြင့် Google ပိုင် မောင်းသူမဲ့ကားနည်းပညာကုမ္ပဏီတစ်ခု ဖြစ်တဲ့ Waymo ထုတ် မောင်းသူမဲ့ Chrysler Pacifica မီနီဗင်ကားမှာဆို ယာဉ်မောင်း လုံးဝမပါဘဲ အများပိုင်လမ်းပေါ် စမ်းသပ်ပြေးဆွဲနိုင်ခဲ့ပါတယ်။ ဒီနည်းနဲ့ နှစ်အနည်းငယ်အတွင်း မောင်းသူမဲ့ကားတွေကို  Uber နဲ့ Lyft တို့ လိုမျိုး ယာဉ်အငှားဝန်ဆောင်မှု လုပ်ငန်းအသွင် ဝန်ဆောင်မှုပေးသွားနိုင်ဖို့ ရှိနေပါတယ်။

 

(၃) ပြိုင်ဆိုင်မှု ပြင်းထန်လာဖို့ ရှိတဲ့ စမတ်အိမ်သုံး ထုတ်ကုန်ဈေးကွက်

play

 

Xiaomi က YeeLight နဲ့ AI စပီကာတစ်ခု စတင် မိတ်ဆက်ချိန် ၊ Samsung က ကိုယ်ပိုင် brand နဲ့ စမတ်စပီကာဈေးကွက်ထဲ ဝင်ဖို့ အားယူနေချိန် ၊ Apple က HomePod ဆိုပြီး စမတ်အိမ်သုံး စပီကာ ကြေငြာမယ့် အချိန် နောက်ဆုံး Alibaba လို အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီကြီးကပါ Tmall Genie နာမည်နဲ့ စပီကာတွေ ထုတ်လုပ်လာချိန်ကို ဖျပ်ခနဲ့ စဉ်းစားကြည့်ရင်တောင် ၂၀၁၈ ခုနှစ် စမတ်အိမ်သုံးထုတ်ကုန်ဈေးကွက်ရဲ့ အသွားအလာကို စမ်းဝါးနိုင်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဈေးကွက် ရှိပြီးသား Google Home နဲ့ Amazon Alexa တို့ ရဲ့ ပြိုင်ဆိုင်မှုက ပိုပြီး ပြင်းထန်လာဖို့ ရှိနေပါတယ်။

 

(၄) ဒစ်ဂျစ်တယ် ကျန်းမာရေးစနစ်ကို မြင်ရတော့မလား

play

 

စမတ်လက်ပတ်ထုတ်ကုန်တွေ ဈေးကွက်ယိုင်နေချိန်မှာ ကဏ္ဍသစ်ကို ကူးသွားမယ်ဆိုရင် ကိုယ်လက်ကြံ့ခိုင်ရေး ပိုင်းနဲ့ ဒစ်ဂျစ်တယ်ကျန်းမာရေးစနစ်လို့ ဆိုရမှာပါ။ နောက်ပိုင်းမှာ wearables တွေဟာ ကျန်းမာရေးအတွက် ကိုယ်စောင့်နတ်လို စောင့်ရှောက်နိုင်မှု ပိုများလေလေ ဈေးကွက်မှာ ပြန်ပြီး ဦးမော့လာလေလေ ဖြစ်မှာပါ။ ဒီအတွက်ကြောင့် CES 2018 မှာ ဒစ်ဂျစ်တယ် ကျန်းမာရေးစနစ် ပွင့်လင်းထွန်းကားလာမလားဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

 

(၅) 8K TV တွေရဲ့ ခေတ်ကို ဆွဲဖွင့်တော့မယ့် ၂၀၁၈

play

 

LG ကနေ မျက်နှာပြင် ၈၈ လက်မ 8K display မိတ်ဆက်သွားမယ်ဆိုတဲ့ သတင်းဟာ CES 2018 အတွက် တကယ့်အပြောင်းအလဲပါ ။ TV ဖန်သားပြင်တွေကို အဆင့်မြှင်တင်မှုတွေ လုပ်ဆောင်ရာမှာ ဦးဆောင်နေတဲ့ Samsung နဲ့ LG တို့ ရဲ့ display နည်းပညာပြိုင်ဆိုင်ချက်တွေကိုလည်း CES 2018 မှာ ရှုစားရမှာပါ။

 

(၆) AR ခေတ် တကယ်ဖြစ်တော့မလား

play

 

တကယ်တော့ ၂၀၁၇ မှာ သိပ်ပြီး မပေါက်ခဲ့တဲ့ နည်းပညာပြောပါဆိုရင် ကွန်ပျူတာပုံရိပ်ဖော်နည်းပညာ AR ကို ပြောရမှာပါ။  နှစ်ကုန်ပိုင်းမှာတော့ AR ကို Apple ကနေ မိတ်ဆက်လိုက်ပြီး ပြန်လည် စိတ်ဝင်စားစရာတွေ ရှိလာခဲ့ပါတယ် ။ ၂၀၁၈ ကတော့ ဒီအငွေ့ ကို မီးတောက်ဖြစ်အောင် ပြန်ပြီး လောင်စာဖြည့်လိုက်ရမှာပါ။ ဒီနှစ်ကတော့ AR နဲ့ AI နည်းပညာတို့ ရဲ့ ခေတ်ကို ညွှန်းသွားပါလိမ့်မယ်။

 

(၇) ကြိုးမဲ့နားကြပ်များ

play

 

Apple Airpods တွေ 'ပေါက်' သွားပြီးနောက်တစ်နှစ်မှာ Google Pixel Buds ဆိုပြီး ကြိုးမဲ့ နားကြပ်တွေ ထွက်လာခဲ့ပါတယ်။ အတော်လေးလည်း စိတ်ဝင်စားဖို့ ကောင်းခဲ့ပါတယ်။ အာရုံခံဆင်ဆာများအပြင် စကားပြန်တစ်ဦးလို ဘာသာပြန်ပေးနိုင်တဲ့ စနစ်တွေကြောင့် လူတိုင်းမျက်စိကျခဲ့တဲ့ earbuds တွေဟာ CES 2018 မှာ တကျော့ပြန် အားကောင်းလာပါလိမ့်မယ် ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD