မြန်မာငွေ ၅ သိန်းကျော် ဈေးနဲ့စတင်ရောင်းချသွားမှာပါ

mid-range ဖုန်းဆိုပေမယ့် တန်ဖိုးကြီးဖုန်းတစ်လုံးအနေနဲ့ထွက်လာတာကတော့ Nokia 7.1 ပဲ ဖြစ်ပါတယ်။



gsmarena_001.jpg

Photo: GSMArena

 

ဒီဖုန်းရဲ့ အထူးခြားဆုံး specs တစ်ခုက HDR ရုပ်ထွက်မြင့် ပုံရိပ်တွေကို ဖော်ပြနိုင်တဲ့ PureDisplay screen နည်းပညာပါပဲ။ တန်ဖိုးကြီး TV တွေမှာ အသုံးများတဲ့ HDR 10 လို နောက်ဆုံးပေါ် အဆင့်မြင့် ရုပ်ထွက်စနစ် ပံ့ပိုးပေးနိုင်သလို SDR ကနေ HDR ကိုပါ တိုက်ရိုက်ပြောင်းလဲပေးနိုင်တဲ့ နည်းပညာလည်း ဖြစ်ပါတယ်။

Nokia 7.1 မှာ HDR chip ပါတာ ဖြစ်လို့ကြည်လင်ပြတ်သားတဲ့ HDR ရုပ်ထွက်ရဖို့တစ်စက္ကန့်ကို pixel ပေါင်း သန်း ၅၀၀ နဲ့ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ခေတ်ပေါ် 19:9 aspect ratio နဲ့လာပြီး FullHD+ ရုပ်ထွက်ပါတဲ့ ၅.၈၄ လက်မ display ဟာ ဒီနေ့ခေတ်မှာ ပုံမှန် စမတ်ဖုန်းဆိုဒ်လို့ဆိုရမှာပါ။ Nokia 7.1 ဟာ တောက်ပ သားနားတဲ့ glass body နဲ့လာပြီး အလူမီနီယံဘောင်ကွပ်ထားပါတယ်။

ဒီဇိုင်းပိုင်းမှာ Nokia 7.1 ဟာ အထူးစီမံထားပေမယ့် ဒီဖုန်းဟာ mid-range ဖုန်းဆိုတာ သတိရစေဖို့Qualcomm ရဲ့ အလတ်စား Snapdragon 636 SoC ကို RAM 3GB/4GB တွေနဲ့ထွက်လာပါတယ်။  storage အနေနဲ့32GB နဲ့64GB ပဲ ပါတာကတော့ သိပ်အားရစရာ မရှိပါဘူး။ ကင်မရာကတော့ mid-range ဖုန်းတစ်လုံးအတွက် ကျေနပ်စရာ ဖြစ်တဲ့ Zeiss ရဲ့ dual rear cameras စနစ်ကို သုံးသွားပါတယ်။

 

အရင်နှစ်က Nokia 8 မှာ ပါခဲ့တဲ့ ရှေ့/ နောက် ကင်မရာအကုန်လုံး တစ်ပြိုင်နက်တည်းသုံးပြီး ဓါတ်ပုံနဲ့ဗွီဒီယိုတွေ ရိုက်ကူးနိုင်မယ့် Bothie mode ပါလာပါတယ်။ ကင်မရာ specs အနေနဲ့ကျောဘက်မှာ 12MP+5MP ကင်မရာနှစ်လုံးတွဲ သုံးထားပြီး အရှေ့မှာ AI Face Unlock ပါတဲ့ 8MP ဆယ်လ်ဖီကင်မရာ ပါရှိပါတယ်။

ကျောဘက် ထောင်လိုက် dual cameras ရဲ့ အောက်မှာတော့ fingerprint scanner တပ်ဆင်ထားပါတယ်။ Nokia 7.1 ရဲ့ နောက်ထပ် အားသာချက်တစ်ခုက ဘက်ထရီဖြစ်ပါတယ်။

USB Type C ကနေ အားသွင်းနိုင်မယ့် 3060 mAh ဘက်ထရီဟာ fast charging ပါဝင်တာကြောင့် နာရီဝက်အတွင်း အား ၅၀% ထိ ဝင်နိုင်မှာပါ။ ဆော့ဖ်ဝဲလ်အနေနဲ့Android 8.1 Oreo နဲ့လာပြီး နိုဝင်ဘာလမှာ Android 9.0 Pie တင်ပေးသွားမှာပါ။ security patch တွေကိုလည်း ၃ နှစ်အထိ တင်ပေးမှာ ဖြစ်တယ်လို့ကြေငြာထားပါတယ်။

Photo: Android Authority

 

Nokia 7.1 ဟာ အရောင် ၂ မျိုးပဲ လာပါတယ်။  Midnight Blue နဲ့Steel ကာလာ ၂ ရောင်နဲ့ထွက်တဲ့ ဒီဖုန်းကို ၃၄၉ ဒေါ်လာ (မြန်မာငွေ ၅ သိန်း ၃ သောင်းခန့်) ဈေးနဲ့ရောင်းချသွားမယ်လို့ဆိုပါတယ်။ ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က