AD
AD
AD

ဘက်ထရီဖုန်းဆိုပြီး ဈေးကွက်ဝင်လာတဲ့ ဖုန်းတွေထဲမှာ Doogee BL12000 လောက် ဘက်ထရီပါဝါကြီးတဲ့ ဖုန်း ရှိမှာ မဟုတ်ပါဘူး။ BL12000 ဆိုတဲ့နာမည်ကတော့ ဒီဖုန်းမှာ သုံးထားတဲ့ 12000 mAH ဘက်ထရီကို ပြောတာဖြစ်လို့ ရိုးရိုးဈေးကွက်ဝင် စမတ်ဖုန်းဘက်ထရီတစ်ချို့ ထက် ငါးဆနီးနီးကြီးတဲ့ ဧရာမဘက်ထရီကြီးကို ဒီဖုန်းမှာ မြင်ရမှာပါ။

play

 

ဒီနေ့ ခေတ်မှာ နည်းပညာသစ် ၊ အိုင်ဒီယာသစ်မပါတဲ့ ဖုန်းတွေဆို ဈေးကွက်က လက်မခံတော့တာ သိသာလာနေပါပြီ။

၂၀၁၇ မှာ trending ဖြစ်သွားတဲ့ ဘေးဘောင်ပါး ၊ 18:9 aspect ratio ဖုန်းဒီဇိုင်းတွေ ခေတ်စားချိန်မှာ ဖုန်းတစိုင်းလိုလိုက ဒီရေစီးကြောင်းနဲ့ အံကျလိုက်ပါခဲ့ပေမယ့် ဘက်ထရီပါဝါကတော့ တစ်ခုနဲ့ တစ်ခု သိပ်ကွာတာမျိုး မရှိခဲ့ပါဘူး။

တရုတ်စမတ်ဖုန်းကုမ္ပဏီ Doogee ကတော့ ဒီ အချက်တွေ အကုန်လုံးကို သိမ်းကျုံးပြီး တန်ဖိုးနည်း ဖုန်းတစ်လုံးမှာ သုံးသွားခဲ့ပါတယ်။ ဒီဖုန်းကို BL 12000 လို့ ပေးထားတာ ဖြစ်ပြီး မြင်ဖူးသမျှ စမတ်ဖုန်း ဘက်ထရီတွေထဲမှာတော့ အကြီးဆုံးလို့ ဆိုနိုင်ပါတယ်။

မျက်နှာပြင် ၆ လက်မ Full HD display သုံးထားတဲ့ ဒီဖုန်းဟာ ကိုယ်ထည်အချိုးအစားအနေနဲ့ လည်း 18:9 aspect ratio ပါရှိပြီး ဘေးဘောင်ပါးပါးပဲ သုံးထားတာဖြစ်လို့ ထူးခြားတယ်လို့ ဆိုနိုင်ပါတယ်။ Doogee BL12000 မှာ နောက်ထပ် အံ့သြဖို့ ကောင်းတာတစ်ခုက ဒီဖုန်းဟာ ရှေ့ ရော နောက်ပါ dual cameras တွေ သုံးထားတာပါ။

ဒီတော့ ဒီဖုန်းမှာ စုစုပေါင်း ကင်မရာ ၄ လုံးတောင် ပါနေပါတယ်။ ကျောဘက်မှာ 16MP + 13MP ကင်မရာနှစ်လုံးတွဲသုံးထားလို့ bokeh effects ဆွဲမလား အကြိုက်ဆွဲနိုင်မှာပါ။ ရှေ့ မှာလည်း 16MP ပင်မကင်မရာကိုမှ အဖွဲ့ လိုက် ဆယ်လ်ဖီဆွဲနိုင်ဖို့ 8MP မြင်ကွင်းကျယ် ကင်မရာလည်း ပါရှိပါတယ်။

ဘက်ထရီပါဝါ 12000 mAh အပြင် စိတ်ဝင်စားစရာကောင်းတာတစ်ခုက super-fast အားသွင်းစနစ်ထည့်ထားတာပါ။ ဘက်ထရီစနစ်ကြီးလွန်းတာကြောင့် fast charging ပါတာတောင် အားအပြည့်ဝင်ဖို့ ၎ နာရီကြာတယ်လို့ ဆိုပါတယ်။

 

mid-range တန်း ဖုန်းတစ်လုံး ဖြစ်တဲ့ BL12000 မှာ သုံးထားတဲ့ processor ကတော့ သိပ်မညံ့တဲ့ MediaTek MT6750T chipset ဖြစ်ပြီး RAM 4GB/storage 32GB ပါရှိပါတယ်။ SD card ထပ်စိုက်မယ်ဆိုရင်တော့ 256GB အထိ ထပ်တိုးနိုင်မှာပါ။

မယုံနိုင်စရာကောင်းတာတစ်ခုက ဒီဖုန်းဟာ ကျောဘက်မှာ fingerprint သုံးထားတဲ့အပြင် Face ID လိုမျိုး မျက်နှာပြင်ဖတ်စနစ်ပါ ပါရှိနေတာပါပဲ။ တကယ် ချီးကျူးလောက်တဲ့ features ဆိုပေမယ့် သုံးကြည့်မှ ပိုပြီး သိရမှာပါ။ နောက်တစ်ခုက ဆော့ဖ်ဝဲလ်အနေနဲ့ လည်း Android 7 Nougat  ဆိုတော့ မဆိုးဘူးလို့ ပြောနိုင်ပါတယ်။

play

 

ဖုန်းဒီဇိုင်းလှပေမယ့် ဘက်ထရီပါဝါအကြီးစား သုံးထားတဲ့ ဖုန်းဖြစ်လို့ ထူတာကတော့ တော်ရုံ ဖုန်းအထူရဲ့ နှစ်ဆနီးပါး ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီဇိုင်းအမြင်မှာတော့ ခန့် ညားတာတော့ အမှန်ပါ။ ဈေးကွက်မှာတော့ ဒီဖုန်းကို အနက်နဲ့ အပြာ နှစ်စေရာင်တည်းနဲ့ ရောင်းချသွားမှာ ဖြစ်ပြီး ဈေးနှုန်း ဒေါ်လာ ၁၈၉ (မြန်မာငွေ ၂ သိန်း ၄ သောင်းခွဲဝန်းကျင်) လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD