4000 mAh အကြီးစားဘက်ထရီနဲ့လာတာပါ

Xiaomi ရဲ့ ဘက်ဂျက်စီးရီးအဖြစ် လူသိများလှတဲ့ Redmi ကတော့ တော်တန်ရုံ mid-range ဖုန်းတွေထက် အပြတ်သာတဲ့ ဖုန်းသစ်တစ်မျိုးကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ Xiaomi Mi 8 စတိုင် notch ပါလာတဲ့ Redmi 6 Pro ဟာ မြန်မာငွေ ၃ သိန်းအောက်တန် ဖုန်းကိုင်ချင်သူများအတွက် ရင်ခုန်ရမယ့် ဖုန်းသစ်လည်း ဖြစ်ပါတယ်။



 

Xiaomi ရဲ့ ဘက်ဂျက်စီးရီးထဲမှာ notch display ကို ပထမဆုံး သုံးလာတဲ့ Redmi 6 Pro ဟာ 19:9 ကိုယ်ထည်ဒီဇိုင်းပါလာပြီး မျက်နှာပြင် ၅.၈၄ လက်မ Full HD+ (2280 x 1080) screen ကို သုံးသွားတာပါ။ ဒီမော်ဒယ်မှာတော့ အောက်ခြေ chin နဲ့display အပေါ်ခြမ်းဟာ ဘောင်တွေ သိသိသာသာ မြင်နေရပြီး ရှေ့နောက် ဒီဇိုင်းအားလုံးကတော့ Xiaomi Mi 8 နဲ့ခွဲမရအောင် တူနေမှာ ဖြစ်ပါတယ်။ Xiaomi Mi 8 နဲ့ပိုပြီး တူနေတာတစ်ခုက ကျောဘက် ကင်မရာဒီဇိုင်းပါ။ ထောင်လိုက် ညာဘေးကပ် dual cameras စနစ်နှစ်ခုအကြားမှာ LED flash တစ်ခုက ခြားထားပြီး fingerprint scanner ကိုလည်း ကျောဘက်အလယ်မှာပဲ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

 

ထူးခြားတဲ့ features တွေအနေနဲ့ဒီဖုန်းဟာ AI နည်းပညာကို ဖုန်းလော့ခ်စနစ်နဲ့ကင်မရာတွေမှာပဲ သုံးထားပြီး အကြီးစားဘက်ထရီနဲ့လာတာပါ။ notch မှာ ပါလာတဲ့ ရှေ့5MP ကင်မရာဟာ AI Face Unlock စနစ်ကို သုံးနိုင်သလို AI Portrait mode များလည်း သုံးနိုင်မယ်လို့ဆိုပါတယ်။ ကျောဘက် 12MP+ 5MP ကင်မရာစနစ်ဟာ Redmi Note 5 Pro နဲ့ဆင်ပြီး AI နည်းပညာအကူနဲ့အဆင့်မြင့်ကင်မရာ ရိုက်ချက်တွေ ဖန်တီးပေးနိုင်မှာပါ။ Redmi 6 Pro ဟာ 4000 mAh ဘက်ထရီအကြီးစား သုံးထားတဲ့ ဖုန်းဖြစ်ပြီး virtual assistant စနစ်လည်း ပံ့ပိုးပေးထားပါတယ်။ mid-range ဖုန်းဖြစ်တဲ့အတိုင်း ဒီဖုန်းဟာ Snapdragon 625 SoC ကို သုံးထားပြီး RAM/storage ကိုတော့ Xiaomi ရဲ့ဟန်အတိုင်း ဗားရှင်း ၃ မျိုး ပါရှိမှာပါ။

စပြီး မိတ်ဆက်ချိန်မှာ MIUI 8 အုပ်ထားတဲ့ Android 8.1 Oreo နဲ့လာပေမယ့် မကြာခင်မှာ MIUI 10 update ပေးသွားမယ်လို့ကုမ္ပဏီက ကြေငြာထားပါတယ်။ အရောင်အနေနဲ့အနက် ၊ အနီ ၊ ချယ်ရီရောင် ၊ အပြာ နဲ့ရွှေ ကာလာ ၅ မျိုးနဲ့ဝယ်နိုင်မယ့် Redmi 6 Pro ရဲ့ ထူးခြားမှုကတော့ specs မြင့်လာပေမယ့် ဘက်ဂျက်ဈေးကို ဆက်ထိန်းထားတာပါ။

 

အနိမ့်ဆုံးမော်ဒယ် RAM 3GB/32GB storage ကို ၉၉၉ ယွမ် (မြန်မာငွေ ၂ သိန်းကျော်) ၊ RAM 4GB/32GB storage မော်ဒယ်ကို ၁၁၉၉ ယွမ် (မြန်မာငွေ ၂ သိန်းခွဲကျော်) နဲ့RAM 4GB/64GB storage ကိုတော့ ၁၂၉၉ ယွမ် (မြန်မာငွေ ၂ သိန်း ၈ သောင်းခန့်) ဈေးတွေနဲ့ရောင်းချသွားမှာ ဖြစ်လို့ဒီဈေးကိုက Redmi 6 Pro ကို လူကြိုက်များစေဖို့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က