mid-range ဖုန်းတစ်လုံးအနေနဲ့ဈေးမြောက်နေပါတယ်

မျက်နှာပြင်ကြီးကြီးနဲ့ရုပ်ထွက်ကောင်းတဲ့ ၂၀၁၈ မော်ဒယ် Samsung ရဲ့ mid-range ဖုန်းတစ်လုံးဖြစ်ပြီး Galaxy A series တွေထဲမှာတော့ အတော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ ဖုန်းတစ်လုံးပါ။



photo: theandroidsoul

 

Galaxy A8 Star ကို ပြီးခဲ့တဲ့ ဇွန်လထဲကမှ ဖြန့်ချိခဲ့တာ ဖြစ်ပြီး ထူးခြားချက်က မျက်နှာပြင် ၆.၂ လက်မအရွယ် Galaxy S9 Plus ထက်ကို နည်းနည်းလေးပိုကြီးတဲ့ ၆.၃ လက်မ FullHD+ Super AMOLED display နဲ့လာတာပါ။ S9/S9 Plus တို့လို curved display မဟုတ်တာရယ် ၊ ကိုယ်ထည် ထောင့်စွန်း ဖွဲ့စည်းချက် နည်းနည်းလေး ကွာပြီး bezel နည်းနည်း ပိုထူတာကလွဲရင် flagship ဒီဇိုင်း Samsung ဖုန်းပါပဲ။

မျက်နှာပြင်အကြီးအစားဆိုပေမယ့် 2018 trend ဖြစ်တဲ့ သေးသွယ် ရှည်လျားတဲ့ ကိုယ်ထည်ကြောင့် စတိုင်ကျနပြီး လက်ထဲမှာ အနေတော် ကိုင်လို့ကောင်းနေပါတယ်။ မှန်နဲ့သတ္ထုကိုယ်ထည်စပ် ဒီဇိုင်း အပြင် ရိုးရှင်းတဲ့ အနက်နဲ့အဖြူ ကာလာ ၂ ရောင်တည်း ထွက်ထားတာကလည်း မျက်စိထဲ ရှင်းနေပါတယ်။ ကျောဘက်မှာ ညာဘေးကပ် ထောင်လိုက် dual cameras နဲ့fingerprint scanner ပါရှိပြီး ဘယ်ဘက်ဘောင်မှာ အသံအတိုးအလျှော့ခလုတ်နဲ့Bixby button ပါလာပါတယ်။

 

 

ဖုန်းကိုယ်ထည် ညာဘက်မှာ ပါဝါခလုတ်နဲ့SIM trayသုံးထားပါတယ်။ SIM ကတော့ nano+MicroSD card ပါ hybrid dual SIM အမျိုးအစား ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းမှာ လူငယ်အကြိုက် ပေ့ါပါး ရိုးရှင်းတဲ့ ဒီဖုန်းဟာ A series တွေရဲ့ မူအတိုင်း mid-range specs နဲ့လာတာပါ။ Snapdragon 660 processor လို octa-core chipset နဲ့RAM 4GB/64GB storage အတွဲက ငြင်းစရာမရှိပါဘူး။ နောက်ပိုင်း အလတ်တန်းစား အန်းဒရိုက်ဖုန်းတွေမှာ နာမည်ကြီးတဲ့ Snapdragon 710 SoC သုံးနိုင်မယ်ဆိုရင်တော ပိုပြီး စိတ်ဝင်စားဖို့ကောင်းမှာပါ။

Noti bar မှာ Dolby Atmos လို့ပြထားပေမယ့် အသံစနစ်အနေနဲ့နားကြပ်တပ်မှ Dolby Atmos ကို ခံစားနိုင်တဲ့ အသံစနစ်နဲ့လာတာပါ။ Galaxy A8 Star ရဲ့ အဓိက စိတ်ဝင်စားစရာအပိုင်းက ကင်မရာပါ။A8 star ဟာ ကျောဘက် dual cameras ပါလာတဲ့ ပထမဆုံး Galaxy A series ဖြစ်ပါတယ်။ ကျောဘက်မှာ dual cameras တွေ ဖြစ်တဲ့ 16MP +24MP ကင်မရာတွေနဲ့လာပြီး အမြန်ရိုက်ချက်တွေမှာ ရုပ်ထွက် အတော်လေး ငြိမ်တာတွေ့ရပါတယ်။ နေ့ည ရိုက်ချက်တွေမှာ ကင်မရာကို အပြစ်ပြောစရာ သိပ်မရှိပါဘူး။

focus ဖမ်းတဲ့ အပိုင်းမှာ အတော်လေး သွက်လက် တိကျပြီး Dual lens တွေကြောင့် high-res ပုံတွေ ထုတ်နိုင်မှာပါ။နောက်တစ်ခုက ကိုယ်လိုသလို depth of field ချိန်ဖို့အတွက်လည်း Live Focus လို feature ပါဝင်လာပါတယ်။ photo editing နဲ့lightning effects အစုံ ထည့်သွင်းထားပြီး  အရှေ့မှာ 24MP ကင်မရာကနေ smart beauty နဲ့pro lighting တင်ပြီး ဆယ်လ်ဖီဆွဲလို့ရပါတယ်။ AR stickers ၊ ကိုယ်ပိုင် တံဆိပ်ခေါင်းစတိုင် ဖန်တီးမှုနဲ့ကိုယ်စိတ်ကြိုက် ဆယ်ဖီ အထူးပြုချက်တွေ လုပ်လို့ရတာကတော့ ဆယ်ဖီဝါသနာရှင်များ အကြိုက်ဖြစ်မှာပါ။

photo: mxphone

 

တကယ်လို့Samsung ရဲ့ virtual assistant ဖြစ်တဲ့ Bixby ကို သုံးချင်တယ်ဆိုရင် ဒီဖုန်းက လက်တည့်စမ်းဖို့အကောင်းဆုံး Samsung mid-range ဖုန်း ဖြစ်ပါတယ်။ Bixby Vision ကနေ ပစ္စည်းတွေ အွန်လိုင်းမှာ Search လုပ်တာ ၊ စာသားတွေ ဘာသာပြန်တာ လုပ်နိုင်သလို Bixby Voice ကနေတစ်ဆင့် UI တွေကို အသံနဲ့ထိန်းချုပ်လို့ရပါတယ်။

လူမှုကွန်ရက်အနေနဲ့Samsung ရဲ့ နာမည်ကျော် Messenger apps နှစ်ခုကို မတူတဲ့ အကောင့် ၂ ခုကနေ တစ်ခါတည်း ဝင်လို့ရတဲ့ Dual Messenger ၊ အရေးကြီး အချက်အလက် နဲ ့ဓါတ်ပုံတွေကို လုံလုံခြုံခြုံ သိမ်းနိုင်မယ့် Secure Folder ၊ တစ်ကိုယ်ရေကျန်းမာရေးကို နေ့စဉ် စောင့်ကြည့်နိုင်မယ့် Samsung Health apps စတဲ့ features တွေကလည်း စိတ်ဝင်စားစရာပါ။

photo: Samsung

 

3700 mAh ဘက်ထရီ ၊ ရိုးရိုး fingerprint scanner အပြင် မျက်နှာနဲ့ဖုန်းကို လော့ခ်ဖွင့်နိုင်တဲ့ စနစ်များနဲ့လာတဲ့ Galaxy A8 star ဟာ နာမည်ကြီး Galaxy S9 series နဲ့စာရင် ဈေးနည်းတယ်ဆိုပေမယ့် ၇၈၉၀၀၀ ကျပ်ကတော့ အတော်လေး များတယ်လို့ပြောရမှာပါ။ နောက်တစ်ခုက Galaxy S series လို IP68 rating ရေစို ဖုန်တင်ဒဏ်မခံတာကိုလည်း သတိပြုရမှာ


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က