ကိုယ်လက်ကြံ့ခိုင်ရေးအတွက် လေ့ကျင့်ခန်းလုပ်ရင်းနဲ့ သီချင်းများ နားထောင်နိုင်မယ့် စမတ်လက်ပတ်နာရီတစ်လုံးတစ်လုံးကို အမေရိကန်နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Garmin မှ မိတ်ဆက်ပြသသွားပါတယ်။

play

 

တည်နေရာပြစနစ် GPS နည်းပညာနဲ့ နာမည်ကြီးတဲ့ Garmin ဟာ Forerunner 645 Music နာမည်နဲ့ သီချင်းရာပေါင်းများစွာကို offline နားထောင်နိုင်တဲ့ ကုမ္ပဏီရဲ့ ပထမဆုံး စမတ်နာရီကို CES2018 ပွဲမှာ ကြေငြာသွားတာပါ။ သီချင်းအပုဒ်ရေပေါင်း ၃၀၀ အထိ ထည့်နားထောင်နိုင်လို့ နာမည်ကြီးခဲ့တဲ့ Fitbit ရဲ့ ပထမဆုံး စမတ်နာရီ Ionic ထက်တောင် သီချင်းတွေ ပိုဆန့် တာကြောင့် Garmin Forerunner 645 Music ဟာ အားကစားသမားများ အကြိုက်စမတ်နာရီလို့ ဆိုနိုင်ပါတယ်။ အခုလိုမျိုး သီချင်းအပုဒ်ရေ ၅၀၀ အထိ ထည့်နိုင်တာကလည်း Forerunner 645 Music မှာပါတဲ့ storage ပမာဏ 3.5GB ကြောင့် ဖြစ်ပြီး သီချင်းနားထောင်မယ်ဆိုရင်လည်း Bluetooth နဲ့ ချိတ်နိုင်တဲ့ earbuds နားကြပ်တွေနဲ့ လည်း နားထောင်နိုင်မှာပါ။ player အနေနဲ့ iHeartRadio ၊ iTunes နဲ့ တစ်ခြား playlists တွေနဲ့ တွဲသုံးနိုင်မှာ ဖြစ်ပါတယ်။

 

သီချင်းနားထောင်ရ ဝါသနာပါသူများအတွက် အထူးထုတ်ထားတဲ့ Music စမတ်နာရီ ဖြစ်တဲ့အတိုင်း သီချင်းတွေကို ကွန်ပျူတာကဖြစ်စေ ကြိုက်ရာ Music Streaming တစ်ခုခုကဖြစ်စေ သီချင်းတွေကို နာရီထဲ ထည့်ထားနိုင်မှာပါ။ ဒီနာရီဟာ Forerunner စီးရီးတွေထဲမှာ ပထမဆုံး စတီးbezel နဲ့ ထွက်လာတဲ့ နာရီဖြစ်ပြီး Garmin Pay ငွေချေစနစ်လည်း ပါတာကြောင့် ခရီးဆောင်ပိုက်ဆံအိတ်တစ်လုံးလို သုံးနိုင်မှာ ဖြစ်ပါတယ်။ Garmin Pay စနစ်ဟာ NFC အကောင့်မဲ့ငွေချေစနစ် ပါရှိပြီး အမေရိကန်ဘဏ်တော်တော်များများနဲ့ ချိတ်ဆက်ထားတာကြောင့်လည်း Garmin Pay ဟာ အမေရိကန်မှာတော့ အတော်လေး အသုံးတည့်မှာ ဖြစ်ပါတယ်။

play

 

Garmin Forerunner 645 Music မှာ သုံးထားတဲ့ ဘက်ထရီဟာ ရိုးရိုး smartwatch mode မှာဆို တစ်ပတ်အထိ အားခံပြီး GPS mode နဲ့ သီချင်းနားထောင်မယ်ဆိုရင်တော့ ၅ နာရီအထိပဲ ခံမယ်လို့ ဆိုပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၄၅၀ (မြန်မာငွေ ၆ သိန်းကျော်ခန့် ) ဈေးနဲ့ ရောင်းချသွားမှာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video