AD
AD
AD

စမတ်လက်ပတ်ဈေးကွက်မှာ Xiaomi ပြီးရင် ပေးရတဲ့ ဈေးနဲ့ အတန်ဆုံး fitness tracker brand တစ်ခုကတော့ Gamin ထုတ် Vivofit စီးရီးတွေပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ အရင် Vivofit 3 ထက် ဈေးသက်သာပြီး ပိုမိုဆန်းသစ်တဲ့ တန်ဖိုးသင့် Vivofit 4 ကို မိတ်ဆက်လိုက်ပါတယ်။

play

 

Garmin Vivofit 4 မှာ စိတ်ဝင်စားစရာတစ်ခုက ကိုယ့်ရဲ့ activity ၊ noti သတင်းအချက်အလက်ပြစနစ်နဲ့ ရာသီဥတုဆိုင်ရာ အသိပေးချက်စတာတွေကို အမြဲတမ်းပြသပေးနေမယ့် Always-On Color display ပဲ ဖြစ်ပါတယ်။ ဒီ display ကြောင့် ကိုယ့်ရဲ့ တစ်နေ့ တာ လှုပ်ရှားမှုဘယ်လောက် ရှိသလဲဆိုတာကို သိဖို့ ဖုန်း screen ကို ဖွင့်စရာ မလိုတော့ပါဘူး။ Vivofit 4 ဟာ တစ်ခြား တန်ဖိုးကြီး fitness tracker band တွေနဲ့ ကွာတာက တန်ဖိုးနည်းပေမယ့် ဘက်ထရီချင်း ယှဉ်မရအောင် ကောင်းမွန်တာပါ။

 

ဈေးကွက်ဝင် fitness tracker အများစုမှာ တစ်ခါအားသွင်းတာနဲ့ ရက်အနည်းငယ်လောက်ပဲ အားခံပေမယ့် Vivofit 4 ကတော့ တစ်ခါအားသွင်းတာနဲ့ တစ်နှစ်ကျော်အထိတောင် အားခံတာက ထူးခြားနေပါတယ်။ ဒီတော့ Vivofit 4 မှာ ပါပြီးသား ဘက်ထရီနဲ့ တင် တစ်နှစ်လောက် ပြန်ကြည့်စရာ မလိုပါဘူး။ နောက်ထပ် စိတ်ဝင်စားစရာတစ်ခုက Vivofit 4 ဟာ Garmin ကုမ္ပဏီရဲ့ Move IQ လှုပ်ရှားမှုသိနိုင်တဲ့ နည်းပညာကြောင့် ကိုယ်လက်လေ့ကျင့်ခန်းလုပ်သသမျှကို အလိုအလျောက် tracking လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။

Garmin Vivofit 4 ရဲ့ fitness tracking နည်းပညာအရ လှမ်းသမျှ ခြေလှမ်းတွေကို ခြေရာခံ track လုပ်နိုင်သလို သွားသမျှ အကွာအဝေးနဲ့ ကယ်လိုရီလောင်ကျွမ်းမှု တိုင်းတာနိုင်မှာပါ။ ဒါတင်မဟုတ်ဘဲ fitness tracker တစ်ခုရဲ့ function ဖြစ်တဲ့ ဘယ်နှစ်နာရီအထိ အိပ်ခဲ့တယ် ၊ တစ်နေ့ တာ လေ့ကျင့်ခန်း ဘယ်လောက်လုပ်ခဲ့တယ် ဆိုတာကိုပါ ပြသသွားမှာ ဖြစ်ပါတယ်။ တန်ဖိုးသင့် စမတ်လက်ပတ်ဖြစ်ပေမယ့် ရေစိုခံတာကြောင့် ရေကူးရင်း ၊ ရေချိုးရင်း ပတ်နိုင်ပေမယ့် တစ်ခုရှိတာက နှလုံးခုန်တိုင်းစနစ် ပါမလာပါဘူး။

play

 

ဒီလက်ပတ်ကိုတော့ ဈေးကွက်မှာ ဒေါ်လာ ၈၀ (မြန်မာငွေ ၁ သိန်း ) ဝန်းကျင်ဈေးပဲ ရှိတာကြောင့် ဒေါ်လာ ၁၀၀ ဈေးနဲ့ ရောင်းခဲ့တဲ့ Vivofit 3 ထက် ဒေါ်လာ ၂၀ သက်သာတာကြောင့် ဈေးနှုန်းနဲ့ ပစ္စည်းအရ တန်တယ်လို့ လည်း ပြောရမှာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD