ဘာတွေ ကွာပြီး ဘယ်မှာ တူသလဲ

အန်းဒရိုက်ဖုန်းတစ်လုံးနဲ့iOS စနစ်သုံး ဖုန်းတစ်လုံး နှိုင်းယှဉ်ရာမှာ ဘယ်ဖုန်းက ပိုကောင်းသလဲ ဆိုတာထက် ဘာတွေ ဘယ်လိုခြားနားနေသလဲဆိုတာကို ကြည့်ကြည့်တာပါ။

Google Pixel 3 ရော iPhone XR ပါ ဆိုင်ရာ ကုမ္ပဏီတွေရဲ့ နောက်ဆုံးထွက် စမတ်ဖုန်းတွေ ဖြစ်ပြီး သူတို့မှာ တူတာတွေ ရှိသလို အကြီးအကျယ် ခြားနားနေတဲ့ အပိုင်းတွေလည်း ရှိနေပါတယ်။ ဒီအချက်တွေကို ယှဉ်ပြီး ကြည့်လိုက်ရင် စိတ်ဝင်စားဖို့ကောင်းတာလေးတွေ မြင်ရမှာပါ။

 

(၁) ဈေးနှုန်း

Screen-Shot-2018-09-12-at-2.39.29-PM.png

Photo: techcrunch

 

ဒီအပိုင်းမှာ iPhone XR က Pixel 3 ထက် ဈေးပိုသက်သာပါတယ်။ Pixel 3 တစ်လုံးရဲ့ အနိမ့်ဆုံး ဈေးက ၇၉၉ ဒေါ်လာနဲ့စပြီး iPhone XR က ၇၄၉ ဒေါ်လာဈေးနဲ့ရောင်းချနေတာပါ။

ဈေးကွက်မှာတော့ နောက်မှ ထွက်တဲ့ Pixel 3 က အောက်တိုဘာ ၁၈ ရက်နေ့မှာကတည်က ကြိုရောက်ပြီး iPhone XR က အောက်တိုဘာ ၂၆ ရက်နေ့မှ ဖြန့်သွားမှာ ဖြစ်ပါတယ်။

 

(၂) ကာလာ

5b9bf7fdb354cdb9228b5157-1136-738.jpg

Photo: Business Insider

 

iPhone XR မှာ အရောင် ၆ မျိုးပါရှိပါတယ်။ အနက် ၊ အဖြူ ၊ အဝါ ၊ သန္တာ ၊ အပြာနဲ့အနီပါ။ Pixel 3 ကတော့ ခပ်ဆန်းဆန်း နာမည်ပေးထားတဲ့ Just Black ၊ Clearly White နဲ့Not Pink ဆိုတဲ့ ကာလာ ၃ မျိုးပဲ ပါရှိမှာပါ။

 

(၃) storage

11.PNG

Photo: tomsguide

 

ဒီအချက်မှာ iPhone XR က သာပါတယ်။ သူ့မှာ 64GB , 128GB နဲ့256GB သုံးမျိုးပါရှိပြီး Pixel 3 ကတော့ 64GB နဲ့128GB နှစ်မျိုးပဲ သုံးထားတာပါ။

 

(၄) အရွယ်အစား

Capture_1280x726.jpg

Photo: macworld

 

Pixel 3 က အလျား ၅.၅ လက်မ အနံ ၂.၇ လက်မနဲ့ဝ.၃ လက်မ ထူပြီး iPhone XR မှာတော့ အလျား ၅.၉၄ လက်မ ၊ အနံ ၂.၉၈ လက်မ နဲ့ ဝ.၃၃ လက်မထူပါတယ်။ မျက်နှာပြင်ဆိုဒ်မှာတော့ iPhone XR ဟာ ၆.၁ လက်မ နဲ့ Pixel 3 က ၅.၅ လက်မစီ ရှိကြပါတယ်။

display မှာ Pixel 3 ရဲ့ အားသာချက်က P-OLED display သုံးထားလို ဖုန်း ပိတ်ထားချိန်မှာတောင် နာရီနဲ့နေ့ရက် ၊ ဘက်ထရီ level တွေ ကြည့်လို့ရနိုင်တဲ့ Always on လုပ်ဆောင်ချက်ရမှာပါ။

 

(၅) biometric

5bbf6ed966fb3f5644435a42-1136-852.jpg

Photo: businessinsider

 

ဒီနှစ်မှာ iPhone တွေ လက်ဗွေစနစ်မရတော့ပါဘူး။ iPhone XR က Face ID နဲ့လာပြီး Pixel 3 ကတော့ ပုံမှန်အတိုင်း ကျောဘက်မှာ fingerprint scanner ပါလာပါတယ်။ Face ID က ပိုပြီး သွက်လက် လုံခြုံလာတယ်ဆိုပေမယ့် fingerprint လောက်တော့ စိတ်ချလို့မရသေးပါဘူး။

Pixel 3 ရဲ့ ထူးခြားမှုတစ်ခုက ရှေ့မှာ 8MP dual selfie ကင်မရာတွေ သုံးလာပြီး iPhone XR ကတော့ 7MP ကင်မရာတစ်လုံးပဲ ပါဝင်လာတာပါ။

 

(၆) တူတာလေးတွေ

screen_shot_2018-10-15_at_12.56.20_pm.jpg

Photo: knowyourmobile

 

Pixel 3 နဲ့iPhone XR နှစ်မျိုးစလုံးဟာ ရေစိုခံဖုန်းတွေအဖြစ် ထွက်လာတာပါ။ နှစ်ခုစလုံးဟာ IP67 rating ရထားပြီး wireless charging ပါလာသလို နားကြပ်ပေါက် ဖြုတ်တာချင်းလည်း တူနေပါတယ်။ နောက်တစ်ခုက ကုမ္ပဏီရဲ့ နောက်ဆုံးထွက် OS စနစ်ကို သုံးလာတာကလည်း တူပါတယ်။

ပြောရရင် ကျောဘက် single lens ဖြစ်တဲ့  12MP ကင်မရာ သုံးတာချင်းလည်း တူပေမယ့် Pixel 3 ကတော့ ကင်မရာ mode သစ်တွေဖြစ်တဲ့ အနီးကပ်ဆွဲရိုက်မှုတွေမှာ ပုံထွက်ပိုကောင်းစေမယ့် Super Res Zoom ၊ လျှပ်တပြက်ပုံတွေ အလိုအလျောက် ရိုက်ပေးမယ့် PhotoBooth mode ၊ ညပိုင်းတွေမှာ ရုပ်ထွက်ကောင်းကောင်း ရိုက်နိုင်မယ့် Night Sight စတဲ့ mode သစ်တွေ ပါလာပါတယ်။

ဘယ်ဖုန်းက ပိုကောင်းတယ်ဆိုတာ ပြောရခက်ပေမယ့် ယှဉ်ကြည့်တဲ့ review တွေရဲ့ အသံကို နားထောင်ဖို့ဒီဖုန်းတွေ ဈေးကွက်ထဲ ရောက်တဲ့ အချိန်ကို ထပ်စောင့်ရမှာပါ။

Share

Loading Next Article...
က္က