မျက်နှာပြင်အကြီးစား ဖုန်းတွေပါ။

notch ဒီဇိုင်းသစ်ကို ပြောင်းသုံးလာတဲ့ Honor 8X Max နဲ့8X ဖုန်းသစ် နှစ်မျိုးတို့ကို Huawei မှ တရားဝင်ကြေငြာလိုက်ပါတယ်။



honor-8x-8x-max.jpg 

ဖုန်းနှစ်လုံးစလုံးဟာ မျက်နှာပြင်အကြီးစား သုံးထားပြီး Honor 8X Max မှာ waterdrop စတိုင် notch နဲ့chin အသေးစားတစ်ခုပါရှိပါတယ်။ Honor 8X ဟာ ရိုးရိုး notch အသေးစားမျက်နှာပြင် ၆.၅ လက်မရှိပြီး အကြီးစားမော်ဒယ် Honor 8X Max ကတော့ Honor ဖုန်းတွေထဲမှာ ပထမဆုံး မျက်နှာပြင် ၇.၁၂ လက်မ waterdrop screen ပါရှိလာပါတယ်။ Honor စီးရီးတွေထဲမှာ ဒီဖုန်းတွေလောက် မျက်နှာပြင်ဆိုဒ်ကြီးတဲ့ ဖုန်းရယ်လို့မရှိသေးပါဘူး။

display ဒီဇိုင်း မတူပေမယ့် အကြီးစားမော်ဒယ် Honor 8X Max ဟာ ရုပ်ထွက်ပိုင်းမှာ Honor 8X ထက် နည်းနည်းနိမ့်ပါတယ်။ Honor 8X ဟာ Samsung ရဲ့ နာမည်ကြီး Galaxy series များအတိုင်း 2340 x 1080pixel ရုပ်ထွက်အမြင့်နဲ့လာပြီး Max မော်ဒယ်မှာတော့ 2244 x 1080 pixel display ကို သုံးသွားပါတယ်။

notch ကလွဲရင် ဒီဇိုင်းပိုင်းမှာ ဖုန်းနှစ်မျိုးစလုံးဟာ အတော်လေး ဆင်ပြီး သုံးထားတဲ့ processor မှာတော့ ကွဲပြားနေပါတယ်။ Honor 8X ဟာ Huawei ရဲ့ ကိုယ်ပိုင် Kirin 710 SoC သစ်ကို သုံးထားပြီး Max မော်ဒယ်မှာတော့ Qualcomm ရဲ့ Snapdragon 636 SoC နဲ့လာပါတယ်။ Honor 8X Max ဟာ အောက်တိုဘာလထဲမှာလည်း Snapdragon 660 SoC သုံး မော်ဒယ်သစ် ထွက်ဦးမှာပါ။

 

Honor 8X ဟာ RAM 4GB နဲ့6GB မော်ဒယ်နှစ်မျိုး ထွက်ထားပြီး ကင်မရာပိုင်းမှာတော့ Max မော်ဒယ်ထက် သာပါတယ်။ ကျောဘက် 20MP နဲ့2MP လိုမျိုး resolution အမြင့် ထောင်လိုက် ကင်မရာနှစ်လုံးတွဲ စနစ် ပါရှိပြီး အရှေ့မှာ 16MP ကင်မရာ ပါရှိပါတယ်။ Honor 8X Max မော်ဒယ်ကတော့ 16MP+2MP ကျောဘက် ကင်မရာနဲ့8MP ဆယ်လ်ဖီကင်မရာ တို့သုံးထားပါတယ်။

ဘက်ထရီပိုင်းမှာ မျက်နှာပြင်အကြီးစား Honor 8X Max ဟာ အမြန်အားသွင်းစနစ်ပါတဲ့ 5000 mAh ဘက်ထရီ ပါရှိပြီး 8X ရိုးရိုးမှာတော့ 3750 mAh ဘက်ထရီပါရှိပါတယ်။ Honor ဖုန်းတွေရဲ့ အားသာချက်က ဈေးနှုန်းပါ။

တရုတ်ဈေးကွက်မှာ စတင်မိတ်ဆက်လိုက်တဲ့ Honor 8X ဟာ RAM 4GB/64GB storage ကို ၁၃၉၉ ယွမ် (မြန်မာငွေ ၃ သိန်းကျော်) ၊ RAM 6GB/64GB storage ကို ၁၅၉၉ ယွမ် (မြန်မာငွေ ၃ သိန်းခွဲကျော်) နဲ့RAM 6GB/128GB အမြင့်မော်ဒယ်ကို ၁၈၉၉ ယွမ် (မြန်မာငွေ ၄ သိန်း ၃ သောင်းကျော်) ဈေးတွေနဲ့ရောင်းချသွားမှာပါ။

Photo: Revu

 

Honor 8X Max မော်ဒယ်ကတော့ RAM 4GB/64GB storage နဲ့RAM 4GB/128GB ဗားရှင်းနှစ်မျိုးတည်းပဲ ထွက်ထားပါတယ်။ အနိမ့်မော်ဒယ်အတွက် ၁၄၉၉ ယွမ် (မြန်မာငွေ ၃ သိန်း ၄ သောင်းခန့်) နဲ့အမြင့်ဗားရှင်းအတွက် ၁၇၉၉ ယွမ် (မြန်မာငွေ ၄သိန်းကျော်) ဈေးသတ်မှတ်ထားပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က