Running Edition ကတော့ မြန်မာငွေ ၂ သောင်းကျော်ဈေးနဲ့ဝယ်နိုင်မှာပါ

Honor 8X စမတ်ဖုန်းသစ်တွေနဲ့အတူ တန်ဖိုးနည်း စမတ်လက်ပတ်သစ် Honor Band 4 လည်း ထွက်လာပြီ ဖြစ်ပါတယ်။



Honor-Band-4-2.jpg

Photo: Gizchina

 

AMOLED display သုံးထားတဲ့ Honor Band 4 ဟာ screen အရွယ်အစား ဝ.၉၅ လက်မရှိပြီး အပေါ်မှာ 2.5D မှန်အခုံး အုပ်ထားတာပါ။ ဒီစမတ်လက်ပတ်ရဲ့ ထူးခြားချက်က color screen နဲ့ပထမဆုံး ထွက်လာတာပါပဲ။ နောက်တစ်ချက်ကလည်း Home button ပါတဲ့ ဒီဇိုင်းသစ် သုံးထားတာ ဖြစ်ပါတယ်။

ကိုယ်လက်ကြံ့ခိုင်ရေးသုံး စမတ်လက်ပတ်ဖြစ်တဲ့အတိုင်း Honor Band 4 ဟာ တစ်နေ့ဘယ်လောက်အထိ လမ်းလျှောက်ဖြစ်တယ် ၊ နှလုံးခုန်နှုန်း ဘယ်လောက် ရှိတယ်ဆိုတာတွေနဲ့တစ်နေ့တာ အိပ်စက်မှု အနေအထားတွေကို ထောက်လှမ်းပေးနေမှာပါ။ ရေစိုခြင်းနဲ့ဖုန်တင်ခြင်းဒဏ်ကို 5 ATM အထိ ခံနိုင်လို့ရေအနက် မီတာ ၅၀ အထိ ရေစိမ်ခံနိုင်ပါတယ်။

အိပ်စက်မှုကို တိုင်းတာရာမှာတော့ Huawei TruSleep 2.0 စနစ်သုံးထားလို့ပိုမိုတိကျတဲ့ အိပ်စက်မှုနာရီတွေကို ပြသပေးနိုင်မှာပါ။ နောက်ထပ် feature တစ်ခုက တစ်နေ့တစ်နေ့ဘယ်လောက် ပြေးဖြစ်တယ် ၊ လေ့ကျင့်ခန်းတွေ လုပ်ဖြစ်တယ်ဆိုတာကို တိုက်ရိုက်ပြသပေးမယ့် TruScreen 2.0 စနစ် ပါဝင်တာပါပဲ။ Honor Band 4 ဟာ 100 mAh ဘက်ထရီကို သုံးထားပြီး ပုံမှန်အသုံးပြုမှုအတွက် ၁၄ ရက်အထိ အားခံမယ်လို့ဆိုပါတယ်။

Honor Band 4 ဟာ Bluetooth 4.2 ချိတ်ဆက်မှု ပါရှိပြီး Huawei Health app သုံးတဲ့ ဘယ်ဖုန်းနဲ့မဆို ချိတ်ဆက်နိုင်မှာပါ။ ထူးခြားတာက NFC (Near Field Communication) ပံ့ပိုးမှု ပါဝင်တာကြောင့် payment စနစ်တွေအတွက်ပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Honor ဟာ Band 4 နဲ့အတူ Running Edition သစ်ကိုလည်း မိတ်ဆက်ထားပါတယ်။

POLED display နဲ့လာပေမယ့် ဒီဗားရှင်းကတော့ screem မှာ အဖြူအမည်း ကာလာတစ်ရောင်တည်းနဲ့ထွက်ထားတာပါ။ ဘက်ထရီအနေနဲ့77mAh ကို လျှော့ထားပေမယ့် fitness အချက်အလက်တွေမှာတော့ ခြေလှမ်းအကွာအဝေး ၊ လမ်းလျှောက်တဲ့ ပုံစံနဲ့ပြေးတဲ့အခါ ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှု အချက်အလက်တွေ ပိုပြီး စုံပါတယ်။

Photo: GSMArena

 

Honor Band 4 ဟာ အနက် ၊ အပြာ နဲ့ပန်း ကာလာ ၃ မျိုးနဲ့လာပြီး ၁၉၉ ယွမ် ( မြန်မာငွေ ၄ သောင်းခွဲ) ဈေးနဲ့ရောင်းချနေပြီး အနက် ၊ အပြာ ၊အနီ ၊ အဝါ ၊ အစိမ်း ၊ ပန်ေးရောင် ကာလာတွေနဲ့လာတဲ့ Running Edition ကိုတော့ ၉၉ ယွမ် (မြန်မာငွေ ၂ သောင်း ၂ ထောင်ကျော်) ဈေးနဲ့ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က