40W super fast charging စနစ် ပါဝင်လာပါတယ်။

ဖုန်းတစ်လုံးဟာ တစ်ခြားဖုန်းကို wireless နည်းနဲ့လှမ်းပြီး ဘက်ထရီအားတွေ  share ပေးနိုင်တယ်ဆိုတာကတော့ ယုံချင်စရာ မရှိလောက်အောင် ဆန်းပြားလွန်းနေပါတယ်။



huawe_mate_20_pro_1.jpg

Photo: 9to5 Google

 

ကမ္ဘာပေါ်မှာ Apple ၊ Samsung တို့နဲ့အပြိုင် အင်အားအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီနေရာကို တက်လှမ်းလာခဲ့တဲ့ Huawei ဟာ ပြောင်းပြန် ကြိုးမဲ့အားသွင်းစနစ်ဆိုတဲ့ နည်းပညာသစ်ကို Huawei Mate 20 Pro မော်ဒယ်သစ်မှာ စတင်မိတ်ဆက်လိုက်ပါတယ်။ ဒီနည်းပညာဟာ အနားမှာ ရှိတဲ့ သူလို အမျိုးတူ ဖုန်းတွေကို wirelesss နည်းနဲ့အားသွင်းပေးနိုင်မှာပါ။

ပြောရရင် reverse wireless charging နည်းပညာဟာ စမတ်ဖုန်းတစ်လုံးကို charging pad အားသွင်းကိရိယာလို အသွင်ပြောင်းြပြီး ကိုယ့်ဖုန်းထဲက ဘက်ထရီအားတွေ လွဲှပြောင်းပေးလိုက်တာ ဖြစ်ပါတယ်။ ဒီနည်းနဲ့ကိုယ့်သူငယ်ချင်းတွေရဲ့ ဖုန်းတွေဆီကို ဘက်ထရီ ပြန် share ပေးနိုင်မှာဖြစ်ပါတယ်။

Huawei ဟာ Mate 20 series တွေမှာ နည်းပညာပိုင်းတွေအပြင် ဒီဇိုင်းမှာပါ အဆန်းသစ်ဆုံးဖြစ်အောင် ကြိုးပမ်းလာတာပါ။ လန်ဒန်မှာ ကျင်းပသွားခဲ့တဲ့ Huawei ရဲ့ စမတ်ဖုန်းသစ် မိတ်ဆက်ပွဲမှာ Huawei Mate 20 ၊ Mate 20 Pro ၊ Mate 20 X နဲ့Porsche Design Mate 20 RS မော်ဒယ်သစ်တွေကို ကြေငြာခဲ့တာ ဖြစ်ပါတယ်။

 

Mate 20 pro ဟာ ဘက်ထရီနည်းပညာပိုင်းမှာ အထူးခြားဆုံးစနစ်နဲ့ပွဲထုတ်လာခဲ့တဲ့ ဖုန်းတစ်လုံးပါ။ ရိုးရိုး 15W wireless charging စနစ် ၊ တစ်ခြားဖုန်းဆီ ဘက်ထရီပေးတဲ့ နည်းပညာများအပြင် 40W ထွက်တဲ့ supercharge ဘက်ထရီအားသွင်းတဲ့ နည်းပညာကိုပါ သုံးထားလို့ဖုန်းတစ်လုံးကို မိနစ် ၃၀ အတွင်း အားလုံးဝမရှိတဲ့ အခြေအနေကနေ ၇၀% အထိ သွင်းနိုင်မှာ ဖြစ်ပါတယ်။

သုံးထားတဲ့ ဘက်ထရီကတော့ 4200 mAh ဘက်ထရီဖြစ်ပြီး ၆.၃၉ လက်မ OLED screen သုံး Mate 20 Pro ရဲ့ လုပ်ဆောင်ချက်တွေကို အကောင်းဆုံး ပါဝါပေးနိုင်မှာပါ။Mate 20 Pro မှာ သုံးတဲ့ OLED ဟာ Samsung ရဲ့ flagship ဖုန်းတွေစတိုင် ဘေးဘောင်ကွေး curved ဒီဇိုင်းဖြစ်ပြီး 3120 x 1440 pixel အထိ ထွက်တဲ့ အလန်းစား display နည်းပညာသုံးထားတာ ဖြစ်ပါတယ်။

အဆင့်မြင့်ဆုံး IP68 rating ရေစိုဖုန်တင်ဒဏ်ခံနိုင်မှု ပါလာတဲ့ Huawei Mate 20 Pro ဟာ မှန်ပြင်အောက်မှာ လက်ဗွေမြှပ်ထားတဲ့ in-display  fingerprint ကို ဖုန်းလုံခြုံရေးနည်းပညာအဖြစ် အသုံးပြုထားပါတယ်။ ဒီဖုန်းဟာ ကုမ္ပဏီရဲ့ အကောင်းဆုံးနဲ့အဆန်းသစ်ဆုံး AI processor ဖြစ်တဲ့ Kirin 980 processor နဲ့လာတာ ဖြစ်လို့အရင်ကထက် performance ပိုင်းမှာ ၂၂၆% ပိုမိုကောင်းမွန်မယ်လို့ဆိုပါတယ်။

ကင်မရာပိုင်းမှာတော့ ဒီတစ်ခေါက် Mate 20 series တွေဟာ ကင်မရာသုံးလုံးတွဲစနစ်ကို သုံးတာချင်းတူပေမယ့် Pro မော်ဒယ်မှာတော့ ပိုပြီး အဆင့်မြင့်တဲ့ 40MP wide angle ကင်မရာ ၊ 20MP super wide angle ကင်မရာနဲ့3x zoom ဆွဲနိုင်တဲ့ 8MP tele ကင်မရာ သုံးလုံးတွဲကို သုံးလာတာပါ။ ရှေ့ဘက် 24MP ကင်မရာကလည်း 3D Face Unlock ၊ 3D Live Emoji နဲ့3D အရာဝတ္ထုစကင်ဖတ်နည်းပညာတွေ ပါရှိပါတယ်။

Photo: htxt

 

Huawei Mate 20 မိတ်ဆက်ပွဲမတိုင်ခင်လေးမှာ Google ဟာ Pixel 3 နဲ့အတူ Android 9 Pie ကို တရားဝင် ကြေငြာခဲ့တာကလည်း Huawei အတွက် နောက်ဆုံးထွက် ဆော့ဖ်ဝဲလ်ကို အရင်ဆုံး သုံးခွင့်ရသွားတာပါ။ ဈေးနှုန်းအနေနဲ့Mate 20 Pro ကို ၁၂၁၇ ဒေါ်လာခန့်(မြန်မာငွေ ၁၉ သိန်းခွဲနီးပါး) ဈေးနဲ့ရောင်းချသွားမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က