gaming ဖုန်းအနေနဲ့ထွက်လာတာပါ

အရွယ်အစားတစ်ခုတည်းအရ ပြောရင် ဒီဖုန်းဟာ တက်ဘလက်တစ်လုံးနီးပါးအထိ ကြီးမား ကျယ်ပြန့်တဲ့ Ultra Large display ကို သုံးသွားတာပါ။ တကယ်တမ်းတော့ မိုဘိုင်းဂိမ်မာတွေကို ဦးတည်ပြီး ထုတ်လာတာကတော့ ပိုပြီး သိသာပါတယ်။

huawei-mate-20-x-stage-mrmobile.jpg

Photo: Android Central

 

Huawei Mate 20 ၊ Mate 20 Pro တို့နဲ့အတူ Huawei ဟာ luxury မော်ဒယ်ဖြစ်တဲ့ Porsche Design Mate 20 RS နဲ့gaming smartphone ဖုန်းတဲ့ Huawei Mate 20 X တို့ကို ကြေငြာခဲ့တာပါ။ တက်ဘလက်အရွယ်အစားနဲ့ အဆင့်အတန်းမြင့်မားတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်မယ်ဆိုတဲ့ Mate 20 X သတင်းတွေက မှန်ခဲ့တာကို တွေ့ရပါတယ်။

Huawei Mate 20 X ဟာ Huawei Mate series ဖုန်းတွေထဲမှာ အမြင့်ဆုံး အရွယ်အစားဖြစ်တဲ့ ၇.၂ လက်မ OLED display နဲ့လာတာပါ။ တကယ်တော့ ဒီလို မျက်နှာပြင်ကို ချဲ့လိုက်တာကလည်း ဂိမ်းအရသာကို ကောင်းကောင်းခံစားနိုင်စေဖို့ဆိုတာ ထင်ရှားနေပါတယ်။

Gaming performance ကို အသားပေးတဲ့ ဖုန်းဖြစ်လို့ဖုန်းအအေးပေးစနစ်ဖြစ်တဲ့ ရေငွေ့အအေးပေးဒီဇိုင်းကိုမှ ကာဗွန်အလွှာနဲ့အအေးခံနည်းပညာ ပေါင်းစပ်ထည့်သွင်းငထားတယ်လို့ဆိုပါတယ်။ ဒီနည်းပညာသစ်ကြောင့် Kirin 980 SoC နဲ့မောင်းသမျှ ဝန်အားလုံးကို အေးဆေး ချောမွေ့အောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ ဖုန်းမှာ အကြီးစား ဂိမ်း ထည့်ဆော့တဲ့ ဂိမ်မာတွေကတော့ ဒီနည်းပညာကြောင့် နာရီပေါင်းများစွာ ဖုန်း heat မတက်ဘဲ အသာလေး ဆော့နိုင်မှာပါ။

 

RAM ပိုင်းမှာ ဂိမ်းအမြင့်တွေ ထည့်နိုင်စေဖို့6GB/128GB storage နဲ့ထုတ်ထားသလို ဂိမ်းက ပြန်ကြားရမယ့် အသံတွေကို စိတ်လှုပ်ရှားစရာဖြစ်စေဖို့speaker နှစ်လုံး တပ်ဆင်ထားတယ်လို့ဆိုပါတယ်။ ဒီဇိုင်းပိုင်းမှာ တစ်ခြား Mate 20 series နဲ့မတူတဲ့ အသေးစား notch နဲ့လာပြီး ဂိမ်းဖုန်းဖြစ်လို့Mate 20 pro ထက်တောင် ပိုပြီး အားကောင်းတဲ့ performance ကို ခံစားရမှာ ဖြစ်ပါတယ်။

ကျောဘက်မှာ triple lens သုံးတာကတော့ အားလုံး နှစ်သက်မယ့် အပိုင်းပါ။ ဒီနှစ် Huawei Mate 20 series ရဲ့ ကင်မရာဖွဲ့စည်းပုံဖြစ်တဲ့ စတုရန်းကွက်ထဲမှာ 40MP + 20MP+ 8MP ကင်မရာသုံးလုံးအတွဲနဲ့လာပါတယ်။

Leica ရဲ့ dual LED dual tone flash စနစ်ကြောင့် ရုပ်ထွက်ပိုင်းမှာ အလန်းဆုံး ပုံရိပ်တွေ ဖန်တီးနိုင်မှာ ဖြစပါတယ်။ ရှေ့မှာ 24MP ဆယ်လ်ဖီကင်မရာသုံးထားပါတယ်။ ကင်မရာပိုင်းမှာ Huawei ဟာ နေရာကောင်းကောင်း ရပြီးသားဖြစ်လို့Mate 20 X ကို ကင်မရာသိပ်ကောင်းတဲ့ ဂိမ်းဖုန်းအဖြစ် မြင်ရမှာပါ။

Huawei Mate 20 X ဟာ ကျောဘက်မှာ fingerprint scanner သုံးထားပြီး ဘက်ထရီကိုတော့ 22.5W fast charging ပါဝင်တဲ့ 5000 mAh ဘက်ထရီအကြီးစား နဲ့ထွက်လာတာပါ။ gaming ဖုန်းဖြစ်တာကြောင့် Huawei Mate 20 X နဲ့အတူ ကုမ္ပဏီဟာ gamepad တစ်ခု ၊ ဒစ်ဂျစ်တယ် pad တစ်ခုနဲ့အခြား gaming accessory တွေပါ မိတ်ဆက်ခဲ့ပါတယ်။

Photo: Tom's Guide

 

ဒီဖုန်းကို၈၉၉ ပေါင် (မြန်မာငွေ ၁၆ သိန်းခွဲကျော်) ဈေးနဲ့  အောက်တိုဘာ ၂၆ ရက်နေ့မှာ ဖြန့်ချိသွားမယ်လို့ကြေငြာထားပါတယ်။

Share

Loading Next Article...
က္က