AD
AD
AD

၂၀၁၇ ခုနှစ် ဒုတိယနှစ်ဝက်ကာလမှာ Full View Display နည်းပညာအသစ်နဲ့ထွက်ပေါ်လာ တဲ့ စမတ်ဖုန်းတွေထဲကမှ ဈေးနှုန်းအလယ်အလတ်တန်းစမတ်ဖုန်းတွေထဲမှာလက်ရှိ လူကြိုက်အများဆုံးဖြစ်နေတာကတော့ Huawei nova 2i ပါ။ Full View Display ၊ 18:9 မျက်နှာပြင်အချိုးအစားနဲ့ အလယ်အလတ်တန်းစမတ်ဖုန်းတွေအများကြီးထွက်လာတဲ့ထဲမှာမှ ဘာလို့ nova 2i ကိုပိုပြီးလူကြိုက်များနေရသလဲဆိုတာကိုလေ့လာကြည့်ကြရအောင်ပါ။

play

 

ဒီဇိုင်း နဲ့ မျက်နှာပြင်

nova 2i ကိုမြင်လိုက်တာနဲ့ နှစ်သက်သွားစေတဲ့ပထမဆုံးအချက်ကတော့ သူ့ရဲ့ကျစ်လစ်လှပတဲ့ ဒီဇိုင်းပါပဲ။ မြင်ရုံနဲ့ ပါးလွှာပြီး အဆင့်အတန်းမြင့်တဲ့ဖုန်းတစ်လုံးမှန်းတန်းသိသာနေတဲ့အပြင် ကိုင်ရတာလည်းလက်ထဲမှာ သက်သောင့် သက်သာရှိပါတယ်။ အရောင်အနေနဲ့လည်း ထူးခြားလှပလှတဲ့ အရုဏ်ဦးကောင်းကင်ပြာရောင်လို့တင်စားရမယ့် Aurora Blue နဲ့ပါရရှိနိုင်တာကိုတွေ့ရပါတယ်။ မျက်နှာပြင်က လက်ရှိစမတ်ဖုန်းသုံးစွဲသူတွေအားလုံး တောင့်တနေတဲ့ Full View Display နဲ့ပဲဖြစ်ပါတယ်။ ကျယ်ပြန့်တဲ့မျက်နှာပြင်အချိုးအစားကြောင့် ဖုန်းအရွယ်အစားအရမ်းမကြီးဘဲနဲ့ မျက်နှာပြင် အရွယ်အစားက ၅.၉ လက်မအထိရှိပြီး ရုပ်ထွက်အရည်အသွေးကလည်း Full HD+ ဖြစ်တာကြောင့် တွေ့မြင်ခံစားရမှု အပိုင်းမှာ လုံးဝကိုဆန်းသစ်ပြီး ကွဲပြားနေမှာပဲ ဖြစ်ပါတယ်။

play

 

ကင်မရာ

nova 2i မှာကကမ္ဘာ့ပထမဆုံးအဖြစ် ကင်မရာ ၄ လုံးအထိပါဝင်လာခဲ့ပါတယ်။ ဟုတ်ပါတယ်။ အရှေ့ကင်မရာ ၂ လုံးနဲ့ အနောက်ဘက် ကင်မရာ ၂ လုံးပါ။ ရှေ့ဘက် Selfie ကင်မရာက 13MP နဲ့ 2 MP ကင်မရာ ၂ ခုဖြစ်ပြီး အနောက်ဘက်ကတော့ 16MP နဲ့ 2MP တို့ပဲဖြစ်ပါတယ်။ ဒီကင်မရာ ၄ လုံးဟာ အရေအတွက်အရပိုများရုံသက်သက်ထည့် ထားတာမဟုတ်ဘဲ တကယ့်ကို အနုပညာမြောက်ပုံရိပ်တွေကို စိတ်ကူးထဲကအတိုင်းဖမ်းယူနိုင်စေဖို့ ကူညီပေးနိုင်အောင် ထည့်သွင်းတာပဲ ဖြစ်ပါတယ်။ စမတ်ဖုန်းတစ်လုံးနဲ့တင် ပရိုအဆင့်ဓါတ်ပုံတွေရိုက်ကူးနိုင်အောင် ဒီကင်မရာတွေရဲ့ စွမ်းဆောင်ရည်တွေက ကူညီပေးနိုင်မှာပါ။

play

 

စွမ်းဆောင်ရည်နဲ့ ဘက်ထရီ

nova 2i က 2.36GHz Octa-Core HiSilicon Kirin 659 ပရိုဆက်ဆာနဲ့ဖြစ်ပြီး Android Version 7.0 ကို Huawei ရဲ့ကိုယ်ပိုင် EMIUI 5.1 နဲ့ပေါင်းစပ်ထားပါတယ်။ RAM က 4GB ပါ။  ဒီကိန်းဂဏန်း၊ အချက်အလက်တွေက ဘာကိုဆိုလိုသလဲဆိုတာ ဦးနှောက်ခြောက်ခံမနေပါနဲ့။ နောက်ဆုံးထွက် HD ဂိမ်းတွေ၊ အရည်အသွေးမြင့်ဗွီဒီယိုတွေကို အထစ်အငေါ့မရှိ စိတ်တိုင်းကျ ဆော့ကစားနိုင်၊ ကြည့်နိုင်မယ်၊ ဖုန်းသုံးတာများလို့စက်လေးလာတဲ့ဒုက္ခတွေမရှိတဲ့ စွမ်းဆောင်ရည်မျိုးကို ပိုင်ဆိုင်ထားကြောင်း စိတ်ချထားနိုင်ပါတယ်။ ဓါတ်ပုံတွေ၊ဗွီဒီယိုတွေ၊ သီချင်းတွေနဲ့ တခြားဒေတာတွေသိမ်းဆည်းဖို့ 64 GB Memory ပါဝင်ပြီး Memory ကဒ်လည်းထပ်စိုက်လို့ရတာကြောင့် ဓါတ်ပုံအသစ်ရိုက်ချင်တိုင်း ပုံအဟောင်းတွေပြန်ပြန်ဖျက်နေတဲ့ ဒုက္ခမျိုးလည်းမကြုံရနိုင်ပါဘူး။ ဘက်ထရီကလည်း 3340 mAh ဖြစ်တာကြောင့် တစ်နေကုန်စိတ်အေးလက်အေး သုံးနိုင်တဲ့အခြေအနေမျိုးမှာ ရှိပါတယ်။

play

 

ထူးခြားတဲ့ Selfie ကင်မရာ

nova 2i ရဲ့ကင်မရာစွမ်းဆောင်ရည်အကြောင်းအပေါ်မှာ ပြောခဲ့ပြီးပေမယ့် Selfie ကင်မရာရဲ့ထူးခြားချက်တွေအကြောင်း လည်းနည်းနည်းထပ်ပြောချင်ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအချက်ကလည်း nova 2i ကိုလူကြိုက်များနေရတဲ့ အကြောင်းရင်းတစ်ခုဖြစ်နေလို့ပါပဲ။ nova 2i ရဲ့ရှေ့ကင်မရာဟာ ကင်မရာ ၂ လုံးနဲ့စွမ်းဆောင်ရည်မြင့်မားလှသလို မဂ္ဂဇင်းမျက်နှာဖုံးဓါတ်ပုံအလား ထင်မှတ်ချင်စရာ Portrait Selfie တွေရိုက်ကူးနိုင်စွမ်းရှိတဲ့ Bokeh Effect နဲ့ Portrait Mood ၊ အမှောင်ထဲမှာတောင် Selfie ပုံတွေအကောင်းဆုံးရိုက်ယူနိုင်စေမယ့် Selfie Toning flash ၊ Effect ပိနေတာမျိုးမဟုတ်ဘဲ သဘာဝကျကျလှပတဲ့ပုံတွေဖြစ်စေမယ့် Beauty 4.0 ၊ ပျော်စရာကောင်းတဲ့ပုံလေးတွေဖြစ်စေမယ့် sticker ၊ costume နဲ့ fun make-up တို့လို လုပ်ဆောင်ချက်တွေလည်းပါဝင်လို့နေပါတယ်။

ဒီအချက်တွေကိုကြည့်လိုက်မယ်ဆိုရင် HUAWEI nova 2i ဟာ ဈေးနှုန်းအလယ်အလတ်တန်း စမတ်ဖုန်းတွေထဲမှာ လက်ရှိအကောင်းဆုံးနဲ့လူကြိုက် အများဆုံး စမတ်ဖုန်းဆိုတာကို သံသယရှိနေစရာလိုတော့မယ် မထင်ပါဘူး။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD