pre-order စပြီး မှာနိုင်ပြီလို့ဆိုပါတယ်။

ဒီဇိုင်းပိုင်းမှာ P20 Lite နဲ့ဆင်ပြီး မျက်နှာပြင် ပိုကြီးသလို performance ပိုကောင်းတဲ့ Huawei ဖုန်းတစ်လုံး မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။



photo: GSMArena

 

ဇူလိုင် ၁၈ ရက်နေ့ရောက်မှ တရားဝင်မိတ်ဆက်ဖို့ပြင်ထားတဲ့ Nova 3 ကို pre-order စပြီး လက်ခံနေတာပါ။ ဒီဇိုင်းပိုင်းမှာ notch ပါလာတဲ့ Full Screen ဒီဇိုင်းသုံးထားပြီး မျက်နှာပြင် ၆.၃ လက်မ FullHD+ resolution သုံးထားတာပါ။ ကိုယ်ထည်ဒီဇိုင်းမှာ 19:9 ကိုယ်ထည်အချိုးနဲ့လာပြီး P20 Lite အတိုင်း ကျောဘက် ထောင်လိုက်ကင်မရာနဲ့fingerprint reader ပါရှိပါတယ်။

Nova 3 ဟာ Honor 10 နဲ့P20 series လို flagship ဖုန်းတွေမှာ သုံးသွားတဲ့ 2.36Ghz Kirin 970 processor ကို သုံးသွားပါတယ်။ ထူးခြားတာက ဂရပ်ဖစ်ပိုင်းမှာ ထူးခြားတာက Huawei ရဲ့ နောက်ဆုံးထွက် GPU Turbo နည်းပညာနဲ့ထွက်လာတာပါ။ ဒီနည်းပညာကြောင့် ဂိမ်းဆော့တဲ့ နေရာမှာ ပေါ့ပါး သွက်လက်ပြီး ဘက်ထရီအားသုံးစွဲမှုကိုလည်း ၃၀% အထိ လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

GPU Turbo နည်းပညာကြောင့် Nova 3 ဟာ Apple မှာလို Animoji တို့Samsung ရဲ့ AR Emoji တို့လိုမျိုး 3D Qmoji သုံးနိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်ခုကလည်း ဒီဖုန်းမှာ သုံးထားတဲ့ processor chipset နဲ့UI စနစ်တွေဟာ မျက်နှာပြင်ဖတ်စနစ်များ ၊ scene recognitionနည်းပညာများနဲ့app တွေကို အကောင်းဆုံး ဖြစ်အောင် ဆွဲထုတ်နိုင်တဲ့ နည်းပညာများ ပါဝင်လာပါတယ်။

 

memory အနေနဲ့စိတ်ဝင်စားဖို့ကောင်းတာက RAM 6GB ကိုမှ built-in storage 128GBအထိ ပါလာတာပါပဲ။ apps တွေ ဂိမ်းတွေ စိတ်ကြိုက် ထည့်သုံးလို့ရမှာ ဖြစ်တယ်။ Nova 3 ဟာ ဘက်ထရီစနစ်မှာလည်း Huawei ရဲ့ Super Charge fast charging နည်းပညာပံ့ပိုးပေးထားတဲ့ 3750 mAh ဘက်ထရီနဲ့ထွက်လာတာပါ။ အားသွင်းတဲ့ နေရာမှာတော့ ၂၅ မိနစ် အားသွင်းတာနဲ့ဘက်ထရီအား ၅၀% အထိ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။

ဒီဖုန်းမှာ စိတ်ဝင်စားဖို့ကောင်းတာက ရှေ့ရော နောက်ပါ dual cameras တွေနဲ့ထွက်လာတာပါ။ Honor 10 မှာလိုပဲ ကျောဘက်မှာ 16MP ကင်မရာနဲ့24MP အဖြူအမည်း ကင်မရာ ၂ ခု ပါပြီး ရှေ့ဘက် notch ရဲ့ တစ်ဘက်တစ်ချက်မှာတော့ 24MP primary ကင်မရာနဲ့2MP အရန် ကင်မရာနှစ်လုံး ပါဝင်လာပါတယ်။ ကင်မရာ ၄ လုံးပါ ဒီဖုန်းဟာ ကင်မရာ features အစုံနဲ့စိတ်ဝင်စားဖို့ကောင်းမှာပါ။

photo: GSMArena

 

VMall ဝက်ဘ်ဆိုက်မှာ အော်ဒါတင်ထားတဲ့ ဒီဖုန်းရဲ့ ဈေးနှုန်းတော့ မသိရသေးပါဘူး ။ အရောင်အနေနဲ့Huawei P20 Pro စတိုင် Nebula Purple ၊ အနက် ၊ မိုးပြာ နဲ့ရွှေကာလ ၄ မျိုးနဲ့ဝယ်ယူနိုင်မယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က